အိန္ဒိယ Small Project ထောက်ပ့ံငွေကို ယူအက်စ်ဒီပီ ပါတီစည်းရုံးရေး အတွက် အသုံးချမည််

အိန္ဒိယ Small Project ထောက်ပ့ံငွေကို ယူအက်စ်ဒီပီ ပါတီစည်းရုံးရေး အတွက် အသုံးချမည််
by -
ခိုနူမ်ထုန် သတင်းဌာန

အိန္ဒိယ အစိုးရ၏ချင်းပြည်နယ်လူမှူရေးထောက်ပ့ံ ငွေအပေါ် ယူအက်စ်ဒီပီပါတီက ပါတီဝင်အင်အား စုဆောင်းရေးအတွက် အသုံးချပြီး စီမံခန့်ခွဲရန် ချင်းပြည်နယ် ထန်တလန်မြို့နယ် ယူအက်စ်ဒီပီပါတီ သင်းလုံးကျွတ်အစည်းအဝေးက ဆုံးဖြတ် လိုက် သည်ဟု သိရသည်။

အစည်းအဝေးကို ယခုလ သြဂုတ် ၁၉- ၂၀ တွင် ကျင်းပခဲ့ကြပြီး အင်အား ၁၀၀ ကျော်တက်ရောက် ကြောင်း၊ အစည်း အ ဝေးသို့ ချင်းပြည်နယ် ယူအက်စ်ဒီပီပါတီ အတွင်းရေးမှူး ဗိုလ်ကြီး အောင်မင်း ကိုယ်တိုင် တက်ရောက်ကြောင်း သိရသည်။

” အဓိက ဆွေးနွေးတာက အိန္ဒိယအစိုးရက လူမှူရေးအကူအညီခွဲဝေရေးကိစ္စပါ၊ အဲဒီမှာ ယူအက်စ်ဒီပီ ပါတီက ထောက်ပ့ံ ငွေခွဲဝေရေး စီမံရန် နှင့် ပါတီဝင်စုဆောင်းရေးအတွက် အသုံးချရန် ဆုံးဖြတ်တယ် ” ဟု အစည်းအဝေး တက် ရောက်သူ တဦးက ပြောသည်။

ဆက်လက်ပြီး နယ်မှ အစည်းအဝေးတက်ရန် ရောက်ရှိလာသည့် ပါတီဝင်များအား ပါတီလူကြီးတွေက မေးခွန်းမေးခြင်း၊ နိုင်ငံရေးကိစ္စဆွေးနွေးခြင်း မပြုရန် ကြိတင်တားမြစ်ထားသည်ဟု ဆိုသည်။

ထိုသို့ခွဲဝေရာတွင် အသေးစားဖွံ့ဖြိုးရေးလုပ်ငန်းများဖြစ်သည့် မွေးမြူရေး၊ အမြဲတမ်းစိုက်ကွက်၊ ဥယာဉ်ခြံ စိုက်ပျိုးရေး စီမံကိန်းများအတွက် သက်ဆိုင်ရာသို့ အချက်အလက်ပြည့်စုံစွာဖြင့် လျှောက်ထား ရမှာဖြစ်သည်ဟု သိရသည်။

” မြို့နယ်အတွက် ငွေဘယ်လောက်ချပေးသလဲ၊ အိန္ဒိယ အစိုးရထံမှ ငွေရရှိပြီးဆိုတာ လူကြီးတွေက မပြောဘူး” ဟု ကော်မီတီဝင် တဦးက ပြောသည်။

အိန္ဒိယအစိုးရက ချင်းပြည်နယ်အတွက် ပညာရေး၊ ကျန်းမာရေး၊ လူမှူဖွံ့ဖြိုးရေးအတွက် ဒေါ်လာ ၂ သန်းစီ စုစုပေါင်း ဒေါ်လာ  ၆ သန်းကူညီခဲ့သည့် အပြင် မကြာသေးခင်က လမ်းပန်းဆက်သွယ်ရေး အတွက် ဒေါ်လာ နှစ်သန်းထပ်မံဖြည့် ဆည်းပေးလိုက်သည်။

ထို့အပြင် ထန်တလန်မြို့နယ် ကျေးရွာ ရပ်ကွက် အုပ်ချုပ်ရေးမှူးရွေးချယ်ခန့်ထားရေးနှင့် ပါတ်သက်ပြီး ယူအက်စ်ဒီပီ ပါတီမှ ရွေးချယ် သည့် ကိုယ်စားလှယ်များကိုသာ အုပ်ချုပ်ရေးမှူးအဖြစ်ခန့်အပ်သွားမည်ဖြစ် သည်ဟု ပါတီလူကြီးများက ပြောဆိုကြောင်း သိရသည်။

ထန်တလန်မြို့နယ် ယူအက်စ်ဒီပီပါတီကို ဗဟိုအလုပ်အမှုဆောင်ကော်မီတီဝင် ၁၅ ဦး၊ အကြံပေးပုဂ္ဂိုလ် ငါးဦး၊ ရုံးဝန်ထမ်း ၆ ဦးဖြင့် ဖွဲ့စည်း ထားသည်။

၂၀၁၀ ရွေးကောက်ပွဲတွင် ထန်တလန်မြို့နယ်မဲဆန္ဒနယ်မှ ချင်းအမျိုးသားပါတီက လွတ်တော်နေရာ သုံးရပ်စလုံး အနိုင် ရရှိသွားသည်။

Most read this week