ကျပ်သိန်း ၂၀၀ တန် တွီးငို ချောင်းတံတား ရေလွှမ်းပျက်စီး

ကျပ်သိန်း ၂၀၀ တန် တွီးငို ချောင်းတံတား ရေလွှမ်းပျက်စီး
by -
ခိုနူမ်ထုန် သတင်းဌာန

မိုးဆက်တိုက်ရွာသွန်းပြီး ချောင်းရေကြီးမှူကြောင့် စစ်ကိုင်းတိုင်း၊ ကလေးမြို့နယ် အတွင်း ပျဉ်တော ဦးနှင့် မင်းလှကျေးရွာအကြားရှိ တွီငိုချောင်း တံ တား ကြီး သြဂုတ်လ ၈ ရက်နေ့ ညနေ ၆ နာရီ ခန့်ကကျိုးပြတ်သွား သည်ဟု သိရသည်။

“ရေစီးအားသန်လွန်တော့ တံတားအလယ်တိုင်တွေ ကျိုးသွားတယ်၊ချောင်းရေတကျောမှာရှိတဲ့ လယ်မြေတွေ လဲ အားလုံးလိုလို ပျက်စီးသွားတယ်”ပျဉ်းတောဦးရွာသူ တက္ကသိုလ်ကျောင်းသူ တဦးက ပြော သည်။
tui
အဆိုပါ တံတားကို ၂၀၁၀ ခုနှစ် စက်တင်ဘာလအတွင်းဆောက်လုပ်ပြီးစီးခဲ့ကြောင်း၊ တံတားအတွက် ကုန်ကျစရိတ် သိန်းတရာကို အစိုးရကကျခံပြီး ကျန်သိန်းတရာကို ဒေသခံများက ထည့်ဝင်ကြောင်း သိရသည်။

“ကျွဲ၊ နွား တိရိစ္ဆာန် တော်တော်များများလည်းသေတယ်၊ လယ်ယာမြေအတော်များများလည်း ရေလွမ်းသွား တယ်ဗျာ” ဟု တောင်သူတဦးက ပြောသည်။

ဒေသခံပြည်သူများ လောလောဆယ် သွားလာနိုင်ရေးအတွက် ကြိုးတံတားခင်းရန်စီစဉ်နေကြကြောင်း၊ ကုန်ကျ စရိတ်အတွက် ကျေးရွာပြည်သူများထံမှ တစ်အိမ်လျင်ကျပ်ငွေ ၁၀၀ (သို့) ဆန် ၁ ဗူးစီ ကို ကျေးရွာအာဏာပိုင် လူကြီးများမှလိုက်လံကောက်နေပြီဖြစ်ကြောင်း သိရသည်။

” အစိုးရကိုလည်း အကူအညီတောင်းဖို့ စီစဉ်နေတယ် ဒီတံတားမျိုးပြန်ဖြစ်လာဖို့က မလွယ်တော့ဘူး” ဟု ကျေးရွာ လူကြိးတဦးက၏ပြောသည်။

အဆိုပါတံတားသည် ကလေးမြို့နယ် ဒေသအတွင်း လက်ပံချောင်း၊ ပျဉ်းတောဦး၊မင်းလှ၊ အောင်ရွာ စသည့် ကျေးရွာဒေသခံများက အဓိက အသုံးပြုကြသည်။

ယခုနှစ် မိုးကြောင့် ချင်းပြည်နယ် တီးတိန်မြို့နယ်တွင်လည်း ပျက်စီးဆုံးရှူံးမှူ အင်မတန်များနေပြီဖြစ်ကြောင်း သိရသည်။