မြန်မာပြည်ထုတ် ဘီအီး အရက်သောက်သူ မီဇိုရမ်ရောက် ချင်းလူမျိုးနှစ်ဦးသေဆုံး

မြန်မာပြည်ထုတ် ဘီအီး အရက်သောက်သူ မီဇိုရမ်ရောက် ချင်းလူမျိုးနှစ်ဦးသေဆုံး
by -
ခိုနူမ်ထုန် သတင်းဌာန

အိန္ဒိယနိုင်ငံ မီဇိုရမ်ပြည်နယ်တွင် လွှဆွဲလုပ်ငန်းကို လုပ်ကိုင်နေသော ချင်းလူမျိုးနှစ်ဦး မြန်မာလုပ် ဘီအီး အရက် သောက်သုံးမှူကြောင့် သြဂုတ်လ ၈ ရက်နေ့က သေဆုံးသွားကြောင်း သိရသည်။

အဆိုပါလွှဆွဲသမား ၃ ဦးတို့သည့် သြဂုတ်လ ၈ ရက်နေ့က မီဇိုရမ်ပြည်နယ်၊ကျန်ဖိုင်းခရိုင် Zokhuamawi ကျေးရွာ တွင် အရက်အတူတူသောက်သုံးခဲ့ကြရာမှ ၄င်းတို့အထဲမှ Pau Khaw Lang ဆိုသူသည် ထိုရွာတွင် သေဆုံးပြီး နောက်တဦးမှာ ချင်းပြည်နယ်ဘက်ခြမ်း Rih khawdar ရွာသို့ သွားရောက်ပြီးမှသေဆုံးသွားခဲ့ ကြောင်း သိရသည်။

” အသက်ရှင်တဲ့တဦးက အခု ဗိုက်နာနေတယ် ” ဟု မျက်မြင်တဦးက ပြောသည်။

သေဆုံးသူ နှစ်ဦးမှာ မြန်မာနိုင်ငံ စစ်ကိုင်းတိုင်း ကလေးမြို့နယ်တွင် နေထိုင်သူ တီးတိန်ချင်းလူမျိုး များဖြစ်ကြ ကြောင်း ၄င်းတို့၏ ရုပ်အလောင်းကို မြန်မာနိုင်ငံဘက်သို့ပို့ဆောင်သွားကြောင်း သိရသည်။

ဘီအီးတပုလင်းကိုမြန်မာပြည်တွင် ကျပ်ငွေ ၁၅၀၀ ခန့်ပေးရပြီး မီဇိုရမ်ပြည်နယ်တွင် ပလပ်စတိတ်အိပ် ၆ ထုပ် ဖြင့် ပြန်လည်ထုတ်ကာ တထုပ် ရူပီးကျပ်ငွေ ၂၀၀ နဲ့ ပြန်ရောင်းကြကြောင်း သိရသည်။

” ဒီဘီအီးရည်က သောက်သုံးဖို့မဟုတ်ဘူး၊ ကျတော်တို့လက်သမားတွေကတော့ စားပွဲ၊ ကုလားထိုင် ပေါလစ် သုတ်တဲ့ ဟာဖြစ်တယ်” ဟု လက်သမားတဦးက ပြောသည်။

မီဇိုရမ်ပြည်နယ်အတွင်းတွင် BE အရက်သောက်ပြီး သေဆုံးသူ အမြောက်အများရှိနေပြီ ဖြစ်ကြောင်း မီဇိုရမ် ရဲ များက ပြောကြသည်။

Most read this week