ချင်းအဖွဲ့အစည်းအတွင်း မီဒီယာဆိုင်ရာ ဆွေးနွေးပွဲကျင်းပ

ချင်းအဖွဲ့အစည်းအတွင်း မီဒီယာဆိုင်ရာ ဆွေးနွေးပွဲကျင်းပ
by -
ခိုနူမ်ထုန် သတင်းဌာန

မြန်မာပြည်ဒီမိုကရေစီရေးလှုပ်ရှားနေသော အိန္ဒိယ – မြန်မာ နယ်စပ်အခြေစိုက် ချင်းအဖွဲ့ အစည်းများက ဇူလိုင်လ ဒုတိယ ပတ်အတွင်း မီဒီယာ  ဆိုင်ရာ ဆွေးနွေးပွဲတခု ပြုလုပ် ကြောင်း သိရသည်။

ဆွေးနွေးပွဲတွင် လက်ရှိ မြန်မာ့နိုင်ငံရေးသုံးသပ်ချက်၊ မြန်မာစစ်အစိုးရအပေါ် တရုတ် – အိန္ဒိယဆက်ဆံရေး၊ လက်ရှိ ချင်း နိုင်ငံရေးနှင့် ချင်းပြည် သူလူထု အနေအထား၊ မီဇိုရမ်ပြည်နယ်အတွင်း ချင်းပြည်သူများ၏ အနေအထား၊ ချင်းပြည်နယ် အ တွင်း လူ့အခွင့်အရေးဆိုင်ရာ၊ ချင်းပြည်နယ် အတွင်း မီဒီယာလွတ်လပ်မှူ စသည့် စာတမ်းများအပေါ်  အဓိက ဆွေးနွေး ကြကြောင်း သိရသည်။
seminar-photo4
” ကျနော့်အမြင်ပေါ့နော်၊ ယခုလိုမျိုး ဆွေးနွေးပွဲက ငါတို့ ချင်းတွေအတွက် တကယ့်တကယ်အကျိုးဖြစ်တယ်၊ ဒီစာတမ်း တွေကို ကျယ်ကျယ် ပြန့်ပြန့်  ဖြန့်ဝေစေချင်တယ် ” ဟု ချင်းအမျိုးသားတပ်ဦးမှ ပူး ဆော်လမွန်က ပြောသည်။

ဆွေးနွေးပွဲစာတမ်းများနှင့် ပါတ်သက်ပြီး -

စစ်အစိုးရအဆက်ဆက်သည် ပြည်သူများ မျက်စိပိတ်နားပိတ်အောင် မီဒီယာ လွတ်လပ်ခွင့်၊ ပြောဆိုရေး သားခွင့်ကို ပိတ်ပင်ထားကြောင်း၊ ချင်းပြည်နယ်သည် အဆင်းရဲဆုံးပြည်နယ်အဖြစ် လက်ရှိ စစ်အစိုးရက သတ်မှတ်ခဲ့ကြောင်း ၄င်းအ ပေါ် ချင်း သတင်းမီဒီယာ အဖွဲ့တွေက အသေးစိပ် လေ့လာပြီး ချင်းပြည်သူနှင့် နိုင်ငံတကာကို အသိပေးဖို့ တာဝန်ရှိနေ ကြောင်း ပါရှိသည်။

မြန်မာ့နိုင်ငံရေးသုံးသပ်ချက်စာတမ်းတွင် လက်ရှိ မြန်မာစစ်အစိုးရသစ်သည် ရွေးကောက်ပွဲအပြီး ရက်ပေါင်း ၁၀၀ အတွင်း အမျိုးသား ဒီမိုကရေစီအဖွဲ့အား ဖိအားပေးခြင်း၊ အပစ်ရပ်လက်နက်ကိုင်များအပေါ်ထိုးစစ်ဆင် နေခြင်း၊ လက်ရှိ ကြ့ံဖွံ့ အစိုး ရသည် စစ်ဖက်ဆိုင်ရာ ခေါင်းဆောင် များ၏ စေလိုရာစေ ဖြစ်နေကြောင်းပါရှိ သည်။

တရုတ် နှင့် အိန္ဒိယ အနေဖြင့် မြန်မာနိုင်ငံကို ဆက်ဆံရာတွင် ၄င်းတို့၏ စီးပွားရေးအမြတ်အစွန်း ရရှိရေး နှင့် နယ်စပ် လုံခြုံရေး အတွက်သာ ဖြစ် ကြောင်း မြန်မာပြည်ဒီမိုကရေစီအရေးအတွက် အဓိက မဟုတ်ကြောင်း စာတမ်းတွင် ပါရှိသည်။

လက်ရှိ ချင်းပြည်သူအနေအထားနှင့် ပါတ်သက်ပြီး ပြည်တွင်း ချင်းနိုင်ငံရေး၊ ချင်းပြည်သူများပြည်ပနိုင်ငံများ သို့ ထွက် ခွါမှူနှုန်း၊ ချင်းအမျိုး သားနိုင်ငံရေးတည်ဆောက်မှူ၊ ချင်းလူမျိုးများအတွက်အနာဂါတ်အမျိုးသား နိုင်ငံရေး အန္တရာယ် များအ ပေါ် အကျယ်တဝင့်သုံးသပ်ထားသည်။

ထို့အပြင် ချင်းပြည်နယ်တွင်း လူ့အခွင့်အရေးချိုးဖောက်မှူတွေရှိနေကြောင်း၊ စစ်အစိုးရ အဆက်ဆက်ကြောင့် ချင်းပြည် သူများ သည် စားဝတ် နေရေးအတွက် တဖက် မီဇိုရမ်ပြည်နယ်သို့ပြောင်းရွေ့လာပြီး ရွေ့ပြောင်း အလုပ်သမား ဘဝ အဖြစ် ရုန်းကန်နေရကြောင်း စာတမ်းများတွင် ဖော်ပြထားသည်။

International Media Support ( IMS), Denmark ထောက်ပ့ံမှူဖြင့် ဆွေးနွေးပွဲကို ပြုလုပ်ခြင်းဖြစ်ကြောင်း ဆွေးနွေးပွဲသို့ ချင်းသတင်းအဖွဲ့များ၊ ပြည်တွင်း၊ ပြည်ပ ချင်း နိုင်ငံရေး၊ လူထု အခြေပြု အသင်းအဖွဲ့၊ အမျိုးသမီးအဖွဲ့ (၈)ဖွဲ့နှင့် တသီးပုဂ္ဂလမှ ကိုယ်စား လှယ် ၃၀ ဦးတက်ရောက်ကြ ကြောင်း သိရသည်။