အိန္ဒိယ-မြန်မာနယ်စပ်တွင် ချင်းအမျိူးသားတဦး ဘိန်းဖြူ ၃၂ ဂရမ်နှင့်အတူဖမ်းမိ

အိန္ဒိယ-မြန်မာနယ်စပ်တွင် ချင်းအမျိူးသားတဦး ဘိန်းဖြူ ၃၂ ဂရမ်နှင့်အတူဖမ်းမိ
by -
ခိုနူမ်ထုန် သတင်းဌာန

အိန္ဒိယ-မြန်မာနယ်စပ် အမှတ်(၂) နယ်စပ်ကုန်သွယ် ရေးစခန်းအခြေစိုက်ရာ ဇိုခွါထာရ်းကျေးရွာတွင် မီဇိုရမ်မူးယစ်ဆေးဝါးတိုက်ဖျက်ရေးအဖွဲ့က ချင်း အမျိူးသားတဦးထံ ဘိန်းဖြူ ၃၂ ဂရမ်ဖမ်းမိခဲ့ ကြောင်း သတင်းရရှိသည်။

မီဇိုရမ်ပြည်နယ် ကျန်းဖိုင်းမြို့ မူးယစ်ဌါန နှင့်မီဇိုးလူငယ်မူးယစ်ဆေးဝါးတိုက်ဖျက်ရေးအဖွဲ့တို့ပူးပေါင်းပြီး ပြီးခဲ့သည့် တနင်္လာနေ့က ဘိန်းဖြူ ၃၂ ဂရမ် နှင့်အတူ ချင်းအမျိူးသား ဦး Liandet (65နှစ်) နယ်စပ်ချောင်း တွင်နေထိုင်သူကို ဖမ်းဆီးခဲ့ ကြောင်းမီဇိုရမ်နေ့စဉ် သည်ဇိုးဇမ်တိုမ်း သတင်းစာတွင်ဖော်ပြထားသည်။

ဦး Liandet သည် မီဇိုရမ်ပြည်နယ်သို့ ဘိန်းဖြူအဓိကတင်သွင်းသူတဦးဖြစ်ပြီး မီဇိုရမ်ပြည်နယ် မူးယစ်ဌါန နှင့် မီဇိုးလူငယ်မူးယစ်ဆေးဝါးတိုက်ဖျက်ရေးအဖွဲ့ တို့ကဖမ်းဆီးရန်လပေါင်းများစွာ ကြိုးစားခဲ့ရသည်ဟု သတင်းစားတွင်ဖော်ပြထားသည်။

၄င်းသည် အမှတ်(၂)နယ်စပ်ကုန်သွယ်ရေးစခန်းအခြေစိုက်ရာ မြန်မာဘက်ကမ်းတီယိုကျေးရွာတွင် နေထိုင်ပြီး မီဇိုရမ်သို့ ဘိန်းဖြူများကိုတင်သွင်းလေ့ရှိသည်ဟုဖော်ပြထားသည်။

ယခုဖမ်းဆီးရမိသော ဘိန်းဖြူ ၃၂ ဂရမ်သည် မီဇိုရမ်ကာလပေါက်စျေးတွင်ရူပီးငွေတစ်သိန်းခွဲကျော်ခန့် ရှိသည်။

ပြီးခဲ့သည့်မေလ ၃၁ ရက်နေ့ကလည်း ချင်းပြည်နယ်၊ တီးတိန်မြို ့နယ်၊ ဘုတ်ဖီးရ်ကျေးရွာသား Kamthanga နှင့် Jerome Punmanga ထံမှ ဘိန်းဖြူ (၁၁) ဂရမ်ကို မီဇိုရမ်မူးယစ်တိုက်ဖျက်ရေးအဖွဲ့က ကျန်ဖိုင်းခရိုင်၊ တလန်းဆမ်ကျေးရွာတွင် ဖမ်းမိခဲ့သည်။

Most read this week