ချင်းပြည်နယ်တွင် အငှားစား ကျောင်းဆရာ ပေါများ

ချင်းပြည်နယ်တွင် အငှားစား ကျောင်းဆရာ ပေါများ
by -
ခိုနူမ်ထုန် သတင်းဌာန

ချင်းပြည်နယ်တွင် အစိုးရကျောင်းဆရာများသည် ၄င်းတို့ကိုယ်တိုင် ကျောင်းမသွားတော့ဘဲတခြား ပုဂ္ဂိုလ်တဦးဦးကို လခ စားဖြင့်ငှါးရမ်းကာ သူတို့ ကိုယ်စား အသုံးပြုမှုပေါများနေသည်ဟုသိရသည်။

student-300x225“ ယခု လက်ရှိ ဖလမ်းမြို့နယ်အတွင်းမှာကျောင်း ဆရာ ၃၀ ခန့်ဟာသူတို့ကိုယ်တိုင်ကျောင်းမ သွားတော့ဘဲ တခြားလူကို လခစားနှင့်ငှါးရမ်း နေကြတယ် ” ဟု ပညာရေး ၀န်ထမ်းတဦးက ပြောသည်။

အဆိုပါကျောင်းဆရာများသည်အခစားကျောင်း ဆရာများကိုသူတို့လစာအားလုံးပေးပြီးကိုယ်ပိုင် အရောင်း အဝယ်များလုပ်နေကြရသည်ဟုသိရ သည်။

“ ကျောင်းဆရာတော်တော်များများဟာ တဖက်အိန္ဒိယနိုင်ငံ မီဇိုရမ်ပြည် နယ်ကို သွားပြီးအရောင်းအဝယ် လုပ်ကြတယ်”ဟု ဟားခါးမြို့နယ် အုပ်ချုပ်ရေးရုံး ၀န်ထမ်းတဦးက ပြောသည်။

လက်ရှိ ကျောင်းဆရာတဦးလစာသည် ကျပ်ငွေ ငါးသောင်းဖြစ်သဖြင့် မိသားစုစားဝတ်နေရေးလုံးဝမဖူလုံ နိုင်သောကြောင့် ယခုကဲ့သို့ကျောင်းဆရာငှားစားနေကြခြင်းဖြစ်ကြောင်း သိရသည်။

ယင်းကိစ္စနှင့် ပါတ်သက်ပြီး ဖလမ်းမြို့နယ်မှ ပြည်သူ တဦးက “ အထက်ကလည်းဘာမှ အရေးမယူဘူး၊ ပြီးတော့ အငှား ကျောင်းဆရာတွေက ဆယ်တန်းတောင်မအောင်ကြတော့သားသမီးတွေရှေ့ရေးက မလွယ်ဘူး” ဟု ပြောသည်။

လက်ရှိချင်းပြည်နယ် ဟားခါးမြို့တွင် ဆန်တအိတ်ကျပ်ငွေ နှစ်သောင်း ခွဲသုံးသောင်း ပတ်ဝန်းကျင်ရှိပြီး အသား တပိသာ ကျပ်ငွေ ငါးထောင်ရှိသည်ဟုသိရသည်။

အလားတူ စစ်ကိုင်းတိုင်း ကလေး၊ တမူးမြို့နယ်ရှိ အစိုးရ ၀န်ထမ်းများသည်လစာမဲ့ခွင့်ယူပြီး ကိုယ်ပိုင် စီးပွားရေး လုပ်ကြ ကြောင်း ပြောကြသည်။

” အရပ်သား သားသမီးတွေက ဆိုင်ကယ်တွေ ဘာတွေစီးနေကြတော့ ကျတော်တို့အငယ်တန်းဝန် ထမ်းသား သမီးတွေ ကတော့ ကျောင်းတောင်မနေနိုင်ကြဘူး၊ ကိုယ်ပိုင်ဝင်ငွေ မရှာလို့မရဘူး”ဟု အစိုးရဝန်ထမ်း တဦးက ပြောသည်။

Most read this week