တမူး နှင့် ကလေးမြို့တွင် သင်္ကြန်ကာလအတွင်း လူ ၁၅ ဦးသေဆုံး

တမူး နှင့် ကလေးမြို့တွင် သင်္ကြန်ကာလအတွင်း လူ ၁၅ ဦးသေဆုံး
by -
ခိုနူမ်းထုန် သတင်းဌာန

မြန်မာနိုင်ငံအနောက်ဖက် အိန္ဒိ -မြန်မာနယ်စပ် မြို့များဖြစ်ကြသည့် စစ်ကိုင်းတိုင်း ကလေး နှင့် တမူးမြို့တွင် ပြီးခဲ့သည့် သင်္ကြန်ကာလအတွင်းက ယာဉ်တိုက်မှုကြောင့် လူပေါင်း ၁၅ ဦးသေဆုံးခဲ့ ကြောင်းသိရသည်။

တမူးမြို့သင်္ကြန်ကာလက မော်တော်ဆိုင်ကယ် နှင့် ကားတိုက်ခိုက်မှုကြောင့် အမျိူးသမီး ၂ ဦး နှင့် အမျိူးသား ၅ ဦးသေဆုံး ခဲ့ကြောင်း၊ တဦးမှာ ဓားထိုးမှုကြောင့်သေဆုံးခြင်းဖြစ်သည်ဟု တမူးဒေသခံတဦးကပြောသည်။

Kalaymyo-water-festival
“ကား နှင့် ဆိုင်ကယ်တိုက်မှုကြောင့်အဓိကသေဆုံးကြတာပေါ့၊ တဦးကတော့ကုလားအမျိူးသားတဦးက ဓားနဲ့ထိုးလို့ သေသွား တယ်၊ အဲဒီကုလားက မဏိပူရ မိုးလေးဘက်ထွက်ပြေးသွားတယ် ဟုဒေသခံတဦးက ပြောသည်။

တမူးသင်္ကြန်ကာလအတွင်းသေဆုံးသွားကြသည့် ရ ဦးအနက် ၂ ဦးမှာ ထန်းတပင်ကျေးရွာမှ ချင်းအမျိူးသား များဖြစ်ကြ သည်ဟု သိရသည်။

ယခုကဲ့သို့သေဆုံးမှုနဲ့ပတ်သက်ပြီး တမူးဒေသခံတဦးက “အဓိကတော့အရက်အရမ်းများတယ်လေ..လူတိုင်းလိုလို အရက် မူးကြတယ်၊ ပြီးတော့ ယာဉ်ထိမ်းရဲ တွေကလည်း လူအင် အားနည်းနေတော့ သူတို ့အလုပ်ကို သူတို ့မနိုင်ကြဘူးလေ” ဟု ပြောသည်။

အလားတူ ချင်းတောင်ခြေရင်း ကလေးမြို့သင်္ကြန်ကာလအတွင်းမှာလည်း ဆိုင်ကယ်တိုက်မှု၊ကားတိုက်မှုများ ကြောင့် အမျိူးသမီး ၃ ဦး နှင့် အမျိူးသား ၅ ဦး စုစုပေါင်း ၈ဦးသေဆုံးခဲ့သည်ဟုကလေးဒေသခံတဦးကပြော သည်။

ထို့အပြင် ကလေးမြို့ပြည်သူ့ဆေးရုံးကြီးတွင်းလည်း သင်္ကြန်ကာလအတွင်းထိခိုက်ဒဏ်ရာရရှိသူအယောက် ၂၀ ကျော် ဆေးဝါးကုသမှုခံယူနေကြသည်ဟုလည်း ကလေးဒေသခံကပြောသည်။

Most read this week