ရခိုင် လက်နက်ကိုင် တစုက ခရစ်ယာန် ဓမ္မဆရာ တဦးအား ပြန်ပေးဆွဲ

ရခိုင် လက်နက်ကိုင် တစုက ခရစ်ယာန် ဓမ္မဆရာ တဦးအား ပြန်ပေးဆွဲ
by -
ခိုနူမ်းထုန် သတင်းဌာန

မြန်မာနိုင်ငံ အနောက်ဖက် အိန္ဒိယ – မြန်မာ- ဘင်္ဂလားဒေ့ရှ်နယ်စပ်ဒေသတွင် လှုပ်ရှားနေသည့် ရခိုင်တိုင်းရင်းသား လက်နက်ကိုင် တစုက ခရစ်ယာန် ဓမ္မဆရာ ဦးအောင်လောအား ၂၀၁၁ ခုနှစ် ဖေဖေါ်ဝါရီလ ဒုတိယပတ်က ပြန်ပေးဆွဲ ...

မြန်မာနိုင်ငံ အနောက်ဖက် အိန္ဒိယ – မြန်မာ- ဘင်္ဂလားဒေ့ရှ်နယ်စပ်ဒေသတွင် လှုပ်ရှားနေသည့် ရခိုင်တိုင်းရင်းသား လက်နက်ကိုင် တစုက ခရစ်ယာန် ဓမ္မဆရာ ဦးအောင်လောအား ၂၀၁၁ ခုနှစ် ဖေဖေါ်ဝါရီလ ဒုတိယပတ်က ပြန်ပေးဆွဲပြီး ကျပ်ငွေ သိန်း ၄၀ ဖြင့် ပြန်ရွေးခိုင်းခဲ့သည်ဟု သိရသည်။

ပြန်ပေးဆွဲ ခံရသည့် ဦးအောင်လောသည် အင်္ဂလီကန်အသင်းမှ ချင်းပြည်နယ် ပလက်ဝမြို့နယ် ဒုချောင်းဝကျေးရွာတွင် ဓမ္မ အမှုထမ်းနေသူဖြစ်ပြီး ၄င်း၏နေအိမ်တွင် လာရောက် ဖမ်းဆီးခေါ်ဆောင်သွားခြင်း ဖြစ်သည်ဟု ဒေသခံတဦးက ဆိုသည်။

“ဗိုလ်ကြီးအဆင့်ရှိတဲ့ စိုင်းမင်းစိုး နဲ့ အဖွဲ့ ၆ ဦးက ဆရာဦးအောင်လောကို ကျပ်ငွေ သိန်း ၄၀ နှင့် ရွေးရမယ်ဆိုပြီး လာ ခေါ်သွားကြတယ်” ဟု ဒေသခံ တဦးက ပြောသည်။

အဆိုပါပြန်ပေးဆွဲမှုနဲ့ပတ်သက်ပြီး ဆရာဦးအောင်လောကို ကျပ်ငွေသိန်း ၄၀ ဖြင့် ပြန်လည် ရွေးထုတ်နိုင်ခြင်း ရှိမရှိကိုမူ စုံစမ်း၍ မရသေးပေ။

“ဦးအောင်လောကို ပြန်ရွေးနိုင်သလား၊ မရွေးနိုင်ဘူးလားဆိုတာ ခုထိကျနော်တို့မသိရသေးဘူး၊ ခုချိန်ထိ ရခိုင်လက်နက်ကိုင် အဖွဲ့တွေရဲ့ လက်ထဲမှာဘဲရှိသေးသလားဆိုတာ တိတိကျကျမသိနိုင်သေးဘူး”ဟု အိန္ဒိယ-မြန်မာနယ်စပ်ကို ရောက်ရှိလာသူ ဒေသခံတဦးက ပြောသည်။

ဤနယ်မြေတွင်အဓိကအားဖြင့်ရခိုင်ပြည်လွတ်မြောက်ရေးတပ်မတော်လှုပ်ရှားလျက်ရှိကြောင်းနှင့် ဒေသခံများထံငွေကြေး ကောက်ခံမှု များလည်းရှိနေသည် ဟုဒေသခံများကပြောသည်။

” တဖက်က နအဖ၊ တဖက်က အေအယ်လ်ပီ အကြားမှာပြည်သူတွေဟာအမြဲတမ်းကြောက်နေရတယ်၊ ဘာသာရေး ဆရာ တွေကို ယခုလိုလုပ်တာဝမ်းနည်းဆရာပေါ့” ဟု ကျောင်းဆရာတဦးက ဆိုသည်။

ချင်းပြည်နယ်တောင်ပိုင်း နှင့် ရခိုင်ပြည်နယ်မြောက်ပိုင်းဒေသများတွင်အမည်မသိလက်နက်ကိုင်အဖွဲ့များ ပြန်ပေးဆွဲမှု၊လု ယက်မှု၊ လူသတ်မှုများဖြစ်လေ့ဖြစ်ထရှိသည့်အပြင် ၀ါးသုဉ်းမှုကြောင့် အစာရေစာငတ်ပြတ်သည့်ပြသာနာနှင့် ကြုံတွေ့နေ ကြသည်။