မြန်မာနိုင်ငံသားတဦးထံ ရူပီးငွေ ၃၆ သိန်းတန်ဖိုးရှိ ဘိန်းဖြူဖမ်းမိ

မြန်မာနိုင်ငံသားတဦးထံ ရူပီးငွေ ၃၆ သိန်းတန်ဖိုးရှိ ဘိန်းဖြူဖမ်းမိ
by -
ခိုနူမ်းထုန် သတင်းဌာန

အိန္ဒိယနိုင်ငံ အရှေ့မြောက်ဘက် မီဇိုရမ်ပြည်နယ်၊ အိုင်ဇောလ်မြို့တွင် မြန်မာနိုင်ငံသား တဦးထံ ရှုပီးငွေ ၃၆ သိန်း တန်ဖိုးရှိ ဘိန်းဖြူ ၄၄ ဟောင် (gram 818) ကို မီဇိုရမ်အာဏာပိုင်များက ယမနေ့က ဖမ်းဆီးရမိကြောင်း သိရ ...

အိန္ဒိယနိုင်ငံ အရှေ့မြောက်ဘက် မီဇိုရမ်ပြည်နယ်၊ အိုင်ဇောလ်မြို့တွင် မြန်မာနိုင်ငံသား တဦးထံ ရှုပီးငွေ ၃၆ သိန်း တန်ဖိုးရှိ ဘိန်းဖြူ ၄၄ ဟောင် (gram 818) ကို မီဇိုရမ်အာဏာပိုင်များက ယမနေ့က ဖမ်းဆီးရမိကြောင်း သိရသည်။

Mizoram police Aizawl District Special branch အဖွဲ့က အဆိုပါဘိန်းဖြူကို အိန္ဒိယ-မြန်မာနယ်စပ် အမှတ်(၂) ကုန်သွယ်ရေး စခန်းမှ အိုင်ဇောလ််မြို့သို့ သယ်ဆောင်လာကြသည်ကို သတင်းရရှိသည့် အတွက်ကြောင့် အိုင်ဇောလ်မြို့ Thuampui ရပ်ကွက်ရှိ ကားကြီးကွင်းတွင် အသင့်စောင့်နေကြပြီး မတ်လ ၉ ရက်နေ့ မွန်းလွဲပိုင်း ၁ နာရီတွင် ပိုင်ရှင်နဲ့ အတူ ဖမ်းဆီးနိုင်ခဲ့ခြင်း ဖြစ်သည်ဟု မီဇိုရမ်နေ့စဉ်ထုတ် The Aizawl Post သတင်းစာတွင် ဖော်ပြထားသည်။

ဘိန်းဖြူပိုင်ရှင်မှာ ချင်းပြည်နယ် ဖလမ်းမြိုနယ် Saihmun ရွာသား အဖ ဦ Luankham ၏သား Lallianmawi (35) ဖြစ်ပြီး ၄င်းကို တရားမဝင် မူးယစ်ဆေးဝါး ရောင်းဝယ် ဖောက်ကားမှုဖြင့် Bawngkawn ရဲစခန်းတွင် အမှုဖွင့်ထားလိုက်သည်ဟု သိရသည်။

ယခုဖမ်းဆီးရမိသည့်ဘိန်းဖြူသည် မီဇိုရမ်ပြည်နယ်တွင် တစ်ကြိမ်တည်းနဲ့ အများဆုံး ဖမ်းဆီးနိုင်ခဲ့သည့် အကြိမ်ဖြစ်သည်ဟု သိရသည်။

မီဇိုရမ်ပြည်နယ်တွင် ဘိန်းဖြူဖမ်းဆီးရမိသည့်အခါတိုင်း အဖမ်းခံရသည့် ဘိန်းဖြူပိုင်ရှင်အများစုသည် မြန်မာနိုင်ငံသားများ ဖြစ်လေ့ရှိသည်။ ပြီးခဲ့သည့်ဖေဖော်ဝါရီလ ၃ ရက် နှင့် ၁၅ ရက်နေ့ကလည်း မြန်မာနိုင်ငံသားများထံမှ ဘိန်းဖြူ စုစုပေါင်း ရူပီ ငွေ ၁ဝ သိန်းကျော်ဘိုးခန့် မီဇိုရမ်ရဲများကဖမ်းဆီးနိုင်ခဲ့သည်။

ယခုကဲ့သို့ ဘိန်းဖြူများဖမ်းဆီးတိုင်း မြန်မာနိုင်ငံသားများဖြစ်နေသည့်အတွက်ကြောင့် မီဇိုရမ်ပြည်နယ်တွင် လာရောက်နေ ထိုင်ကြသည့် မြန်မာနိုင်ငံသားများသည် ဒေသခံမီဇိုးလူများ၏ အထင်အမြင်သေးမှုကို ခံကြရသည်ဟု အိုင်ဇောလ်မြို့တွင် နေထိုင်သူမြန်မာနိုင်ငံမှ လူငယ်တဦးကပြောသည်။

”ဒီလို မူးယစ်ဆေးဝါး ရောင်းဝယ်တဲ့ သူတွေ ဖမ်းဆီးတိုင်း မြန်မာနိုင်ငံ ဘယ်မြို့နယ် ဘယ်ကျေးရွာက ဖြစ်တယ်ဆိုပြီး ဒေသ ထုတ်သတင်းစာမှာ ပါလာလေ့ ရှိပါတယ်၊ သူတို့ကြောင့် မီဇိုရမ်မှာနေထိုင်ကြတဲ့ မြန်မာနိုင်ငံသားအများစုဟာ မီဇိုးလူထုတွေ ရဲ့ အထင်အမြင်သေးမှုခံကြရတယ်၊ စိတ်တော့မကောင်းဘူး၊ မီဇိုးလူထုတွေရဲ့စိတ်ထဲမှာ မြန်မာနိုင်ငံသားတွေဟာ ဒီလိုမ ကောင်းမှုဒုစရိုက် လုပ်တဲ့သူတွေသာဖြစ်တယ်ဆိုပြီး ထင်မြင်သွားမှာကို ကျနော်စိုးရိမ်မိတယ်”ဟုအဆိုပါလူငယ်က ပြောသည်။