ချင်းပြည်နယ် အေးချမ်းသာယာရေးနှင့် ဖွံ့ဖြိုးရေးကောင်စီ (ပယက) ဥက္ကဌ က ယခုနှစ် ရွှေ့ပြောင်းတောင်ယာ အတွက် မီးရှိူ့မည့် ချင်းပြည်တနယ် လုံးတောင်သူများကို မီးမရှို့မှီ အကျယ်အဝန်းပေ ၁၀၀ စီ ...
ချင်းပြည်နယ် အေးချမ်းသာယာရေးနှင့် ဖွံ့ဖြိုးရေးကောင်စီ (ပယက) ဥက္ကဌ က ယခုနှစ် ရွှေ့ပြောင်းတောင်ယာ အတွက် မီးရှိူ့မည့် ချင်းပြည်တနယ် လုံးတောင်သူများကို မီးမရှို့မှီ အကျယ်အဝန်းပေ ၁၀၀ စီ မီးတားလမ်းပြုလုပ်ကြရန် ဇန္နဝါရီလ အတွင်း သက်ဆိုင်ရာ ၉ မြို့နယ်မှ မယက ထံအမိန့်ပေးအကြောင်းကြားထားသည်ဟု သိရသည်။
တောင်ယာမီးကို ယခုနှစ်မတ်လ ၁၅ ရက်မတိုင်ခင် အပြီးရှို့ကြရန်နှင့် တောမီးကူး ပါက ပြင်း ထန်စွာ အရေး ယူသွားမည် ဟု ပယက၏ အမိန့်စာထဲတွင် ပါရှိသည်။
တွန်းဇံမြို့နယ်မှ ဒေသခံတောင်သူတဦးက ” မီးတားလမ်းက နှစ်စဉ် ကိုယ့်အသိနဲ့ ကိုယ် လုပ်ကြတာပါ၊ တောမီးလောင် တာ အဓိက ကတော့ လေတိုက်လို့ မီးစွယ်က တဖက်ကို ကူးသွားတာများပါတယ် ” ဟု ပြောသည်။
ချင်းပြည်နယ်ဒေသအာဏာပိုင်များသည် နှစ်စဉ် တောမီးလောင်မှုအတွက် ချင်း တောင် သူများကို ဒါဏ်ငွေရိုက်လေ့ရှိ သည်။
“အာဏာပိုင်တွေက တောမီးလောင်တဲ့အကြောင်းရင်းကို မလေ့လာဘူး၊ လေထဲကနေ တောမီးကူး သွားတာကို အရေးမ လုပ် ဘူး၊ ဒါဏ်ရိုက်ဘို့ပဲ သိကြတယ်” ဟ ုမတူပီမြို့ နယ် ဒေသခံတဦးက ပြောသည်။
ချင်းပြည်သူ ၉၀ ရာခိုင်နှုန်းကျော်သည် ရွှေ့ပြောင်းတောင်ယာစနစ်ဖြင့် အဓိက အသက် မွေးဝမ်းကျောင်းပြုသူများ ဖြစ်ကြ သည်။
” တောင်ယာမီးရှို့တာက ရာသီဥတုကို ကြည့်ရတယ်၊ မိုးရွာယင် ယာမီးကို ရှို့လို့မရဘူး၊ ရက်စွဲကို အတိအကျ သတ်မှတ် လို့မရဘူး ” ဟု ဒေသခံတွေက ပြောကြသည်။
ယခင်နှစ် က ယာမီးကြောင့် မတူပီမြို့နယ် ရဲန်ခဲန် ကျေးရွာတခုလုံးမီးလောင်ပြာကျ သွားသည် ကို သက်ဆိုင်ရာ အာဏာပိုင် တွေက တစုံတရာ မထောက်ပ့ံသည့် အပြင် ဒါဏ်ငွေဆောင်ခိုင်းခဲ့သည်။
စစ်အစိုးရလက်ထက် ချင်းပြည်နယ်တွင် ရွှေ ့ပြောင်းတောင်ယာစနစ်ကို လက်ဘက်၊ ကြက်ဆူ အစရှိသည့် စိုက်ပျိုးပင် များဖြင့် အစားထိုးစိုက်ပျိုးခြင်း ပြုလုပ်နေသော်လည်း ယခုထိတိုင် အောင်မြင်ခြင်းမရှိသေးသည့်အတွက် တောင်ယာစနစ်ကို ဆက်လက်လုပ်ကိုင်ကြခြင်းဖြစ်သည်။
သဘာဝပတ်ဝန်းကျင်ဖြုန်းတီးမှုကိုကာကွယ်ရေးအတွက်နှင့် ချင်းပြည်နယ်သည် လက်ဖက်ပြည်နယ်ဖြစ် လာရေး ဆောင် ပုဒ်ဖြင့် ၂၀၀၄ ခုနှစ်မှစတင်ပြီး အစိုးရကဆောင်ရွက်နေသောလည်း လက်တွေ့တွင် ရွှေ ့ပြောင်းတောင်ယာစနစ်ကိုသာ အသက်မွေးဝမ်းကျောင်း အဖြစ် အဓိကထားလုပ်ကိုင်နေကြ သေးသည်ကို တွေ ့ရသည်။