မဲမပေးနိုင်သူများအတွက် ကိုယ်စားမဲများကို ရယကတွေက မဲထည့်ပေးရမယ်

မဲမပေးနိုင်သူများအတွက် ကိုယ်စားမဲများကို ရယကတွေက မဲထည့်ပေးရမယ်
by -
ခိုနူမ်းထုန်သတင်း

နိုဝင်ဘာလ ၇ ၇က်နေ့ရွေးကောက်ပွဲတွင် ကိုယ်တိုင်မဲမပေးနိုင်သူများ၏ မဲပြားများကို ရယကအဖွဲ့ဝင်တွေက ယူအက်စ်ဒီပီပါတီ အတွက် ရာထားကြ....

နိုဝင်ဘာလ ၇ ၇က်နေ့ရွေးကောက်ပွဲတွင် ကိုယ်တိုင်မဲမပေးနိုင်သူများ၏ မဲပြားများကို ရယကအဖွဲ့ဝင်တွေက ယူအက်စ်ဒီပီပါတီ အတွက် ရာထားကြသည်ဟု သိရသည်။

အောက်တိုဘာလကတည်းက စပြီး စစ်ကိုင်းတိုင်းကလေးမြို့နယ်အတွင်း အာဏာပိုင်တွေက မဲမပေးနိုင်သူများစာရင်းကို အိမ်တိုင်ရာ ရောက်ပြုစု နေခြင်းဖြစ်ကြောင်း၊ မိသားစု အိမ်ထောင်စု စာရင်းတွေကို လိုက်လံစုစည်းနေခြင်းဖြစ်ကြောင်း သိရသည်။

” မိသားစုအတွင်း မဲမပေးနိုင်သူတွေအစား ရယကတွေက မဲထည့်ပေးရမယ်လို့သိရတယ်၊ ရယကတွေက ကြံ့ဖွံ့ပါတီ ၀င်တွေလေ” ဟု ကလေးမြို့နယ် ဆည်ကြီး ရွာသားက ပြောသည်။

ရယကအဖွဲ့ဝင်တို့သည် အိမ်တိုင်ရာရောက်သွားပြီး ခရီးလွန်နေသူများ နှင့် မိသားစုအတွင်း မဲရုံမလာနိုင်မည့် စာရင်း ကိုသာ ပြုစုမေးမြန်းပြီး ရွေးကောက်ပွဲတွင် ၄င်းတို့ကိုယ်စား မဲထည့်ပေးရန် တစုံတရာမပြောကြောင်း သိရသည်။

“ အောက်တိုဘာလ ပထမပတ်တုန်းက ကျနော်တို့အိမ်ကို ရယကတွေလာကြပြီးတော့ မဲမပေးမည့်သူကို မေးပြီး အိမ်ထောင်စု စာရင်းကို ယူသွားကြတယ်၊ နောက်တပတ်မှ အိမ်ထောင်စုစာရင်းကို ပြန်လာပေးပြီး ကိုယ်တိုင်မဲမ ထည့်လဲ ရတယ်လို့သာ ပြောကြတယ်” ဟု အဆိုပါဆည်ကြီးရွာသား က ဆက်ပြောသည်။

အလားတူ တခြားကျေးရွာအသီးသီးတွင်လည်း မဲမပေးနိုင်သူစာရင်းကို ရယက တွေက ကောက်ယူပြုစုနေကြောင်း သိရ သည်။

အတည်မပြုနိုင်သေးသည့် သတင်းများအရ အာဏာပိုင်တို့သည် အောက်တိုဘာ ၂၀ ရက်နေ့က စပြီး နယ်စပ်ဒေသ အားလုံးကို ပိတ်ပင်လိုက်သည်သိရသော်လည်း ခရီးသည်များ သွားလာနေကြကြောင်း သိရသည်။

” ကျတော်တို့ မီဇိုရမ်ကို အောက်တိုဘာ ၂၉ ရက်မှာပဲရောက်လာကြတယ်၊ အဲဒီလို လမ်းပိတ်တာမျိုးတော့ မရှိဘူး” ဟု က လေးမြို့ဒေသခံတဦးက ပြောသည်။

ချင်းပြည်နယ်ဖလမ်းမြို့တွင်မူ ဒေသဆိုင်ရာ ရွေးကောက်ပွဲကော်မရှင်က အစိုးရ ၀န်ထမ်းမဟုတ်သူများအား ကြိုတင်မဲ၊ ကိုယ်စား မဲပေးခြင်းကို ခွင့်မပြုကြောင်း ထပ်မံသိရသည်။

 

 

 

 

 

Most read this week