တိုင်းရင်းသား အခွင့်အရေးဆိုင်ရာ အချက်များ ပါဝင်တဲ့ ချင်းအမျိုးသားပါတီ စာမူတချို့ ပယ်ချခံရ

တိုင်းရင်းသား အခွင့်အရေးဆိုင်ရာ အချက်များ ပါဝင်တဲ့ ချင်းအမျိုးသားပါတီ စာမူတချို့ ပယ်ချခံရ

နိုင်ငံပိုင် ရုပ်မြင်သံကြားနှင့် ရေဒီယိုမှ တဆင့် မဲဆွယ်စည်းရုံးဟောပြောရန် ရွေးကောက်ပွဲကော်မရှင်ထံ တင်ပြထားတဲ့ ချင်း အမျိုးသား  ပါတီရဲ့ စာမူကို ရွေးကောက်ပွဲကော်မရှင်က ခွင့်ပြုလိုက်ပြီမဲ့ တိုင်းရင်းသား အခွင့်အရေးဆိုင်ရာ အရေးကြီး အချက်အလက် တွေကို ပြည်ထောင်စုရွေးကောက်ပွဲ ကော်မရှင်က ပယ်ချ.....

နိုင်ငံပိုင် ရုပ်မြင်သံကြားနှင့် ရေဒီယိုမှ တဆင့် မဲဆွယ်စည်းရုံးဟောပြောရန် ရွေးကောက်ပွဲကော်မရှင်ထံ တင်ပြထားတဲ့ ချင်း အမျိုးသား  ပါတီရဲ့ စာမူကို ရွေးကောက်ပွဲကော်မရှင်က ခွင့်ပြုလိုက်ပြီမဲ့ တိုင်းရင်းသား အခွင့်အရေးဆိုင်ရာ အရေးကြီး အချက်အလက် တွေကို ပြည်ထောင်စုရွေးကောက်ပွဲ ကော်မရှင်က ပယ်ချလိုက်တယ်လို့ သိရသည်။

ရွေးကောက်ပွဲကော်မရှင်က ပယ်ချလိုက်တဲ့ အချက်များမှာ ချင်းပြည်နယ်တွင် လွတ်လပ်စွာ ဘုရားကျောင်း တည်ဆောက်ခွင့်၊ ယုံကြည် ကိုယ်းကွယ်ခွင့် ရရှိရေး၊ ချင်းပြည်နယ် အစိုးရမူ လတန်းကျောင်းတွင် ချင်းဘာသာစကားသင်ကြားခွင့် ရရှိရေး၊ အစိုးရ မဟုတ်သည့် အဖွဲ့ အစည်းများ ချင်းပြည်နယ်အတွင်း ပိုမိုများပြားလာအောင် လုပ်ဆောင်ရေး ဆိုသည့် အချက်များ ပါဝင်ကြောင်း ချင်း အမျိုးသား ပါတီဥက္ကဌ ဦးဇိုးဇမ်က ပြောသည်။

ဘာကြောင့် ခုလို ပယ်ချရတယ် ဆိုတာနဲ့ ပတ်သက်ပြီး ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်က အကြောင်းပြချက် တစုံတရာ ပေးတာ မရှိဘူးလို့  ဦးဇိုးဇမ်က ဆက်ပြောသည်။

အစိုးရပိုင် ရုပ်မြင်သံကြားမှတဆင့် ဟောပြောမည့် နိုင်ငံရေးပါတီများသည် ၎င်းတို့ ဟောပြောမည့် စာမူများကို ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင်ထံ အရင်ထင်ပြရပြီး ထို့နောက် ရွေးကောက်ပွဲကော်မရှင်က ခွင့်ပြုပြီးမှသာ ရုပ်မြင်သံကြား အစီစဉ်တွင် ဟောပြောခွင့် ရရှိမှာ ဖြစ်သည်။

ချင်းအမျိုးသားပါတီက လာမည့် အောက်တိုဘာလ ၃ ရက်နှင့် ၂၁ နေ့တွေမှာ နိုင်ငံပိုင် ရုပ်မြင်သံကြားမှတဆင့် မဲဆွယ်ဟောပြောခွင့် ရရှိမှာ ဖြစ်သည်။

ချင်းအမျိုးသားပါတီ မတိုင်ခင်က ဒီမိုကရက်တစ်ပါတီ (မြန်မာ)၊ ပြည်ထောင်စု မြန်မာနိုင်ငံ အမျိုးသားနိုင်ငံရေး အဖွဲ့ချုပ်နှင့် ၈၈ မျိုးဆက် ကျောင်းသားလူငယ်များ (ပြည်ထောင်စု မြန်မာနိုင်ငံ) တို့ ဟောပြောမည့် စာမူတွေကိုတော့ ရွေးကောက်ပွဲ ကော်မရှင်က ပယ်ချခဲ့ တယ်လို့ သိရသည်။

ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်က နိုင်ငံရေးပါတီများကို ရေဒီယိုနှင့် ရုပ်မြင်သံကြားတို့မှ ၁၅ မိနစ် စာမဲဆွယ်ဟောပြောခွင့် ပြထားခဲ့ပြီး ပြီးခဲ့သည့် ၂၀ ရက်နေ့က နိုင်ငံရေးပါတီများ အလှည့်ကျ ဟောပြောတင်ပြမှု အချိန်ဇယားကို ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင်က ထုတ်ပြန်ပေးလိုက်ပြီး ဖြစ်သည်။

 

 

 

Most read this week