ကျောင်းသုံးထိုင်ခုံ မလုံမလောက်ဖြစ်၊ ကျောင်းသားများ အလှည့်ကျ ကျောင်းတက်နေရ

ကျောင်းသုံးထိုင်ခုံ မလုံမလောက်ဖြစ်၊ ကျောင်းသားများ အလှည့်ကျ ကျောင်းတက်နေရ
မြန်မာနိင်ငံ ချင်းပြည်နယ် မြောက်ပိုင်း ဖလမ်းမြို ့နယ် ခွဲဖြစ်သည့် ရိခွါဒါရ်း မြို.နယ် တီယို ကျေးရွာ အစိုးရမူလွန်ကျောင်း၌ ကျောင်းသုံးထိုင်ခုံများမလုံလောက်သည့် အတွက် ကျေင်းသူကျောင်းသားများ အလှည့်ကျဖြင့် ကျောင်းတက်နေကြရ...

မြန်မာနိင်ငံ ချင်းပြည်နယ် မြောက်ပိုင်း ဖလမ်းမြို ့နယ် ခွဲဖြစ်သည့် ရိခွါဒါရ်း မြို.နယ် တီယို ကျေးရွာ အစိုးရမူလွန်ကျောင်း၌ ကျောင်းသုံးထိုင်ခုံများမလုံလောက်သည့် အတွက် ကျေင်းသူကျောင်းသားများ အလှည့်ကျဖြင့် ကျောင်းတက်နေကြရသည် ဟု သိရသည်။  

“ကျောင်းဆောင်ကို ကျတော်တို ့ရွာသားများက ကိုယ်ထူကိုယ်ထ ဆောက်လုပ် ကြတယ်၊ အခုကျောင်းသား၊ သူ ၁၂ဝဝ ရှိတယ်၊ အဲဒီကျောင်းမှာ ကျောင်းသားတွေ မဆံ့တာကြောင့် မနက်ပိုင်းနဲ့ ညနေပိုင်း တက်ဖို့ခွဲလိုက်တယ်’’ ဟုတီယိုကျေးရွာ မှကျောင်းဆရာတဦးကပြောသည်။

အဆိုပါကျောင်းဆရာကဆက်လက်ပြောဆိုရာတွင် ကျောင်းချိန်ကို နံနက်ပိုင်း ရနာရီမှ ၁၁နာရီ နှင့်   ညနေ ၁နာရီမှ ၅နာရီ အဖြစ်ခွဲထားပြီး  တနေ့ ၄ နာရီမျှသာ ကျောင်းတက်ချိန်ရရှိကြသောကြောင့် ဘာသာရပ် အကုန်သင်ပေးနိုင်ခြင်း မရှိ ကြောင်း သိရသည်။

ယင်းကိစ္စနှင့်ပတ်သက်၍ ဒေသခံတဦးက ၂ဝ၁ဝခုနှစ် ဧပြီလက လေပြင်းတိုက် ခိုက်မှု ကြောင့် ကျောင်းဆောင်ပျက် စီးသည့်ကိစ္စကို မြို့နယ်နှင့် ပြည်နယ်တာဝန်ရှိသူ များထံ အကြိမ်ကြိမ်လျှောက်ထားပြီး ဖြစ်သော်လည်း အကောင်အထည်မဖေါ်ပေးနိုင်ကြောင်း ၊ အစိုးရအလယ်တန်းကျောင်းအဖြစ်အစိုးရကအသိအမှတ်ပြုထားပြီး ဖြစ်သော်လည်း အစိုးရဘက်မှ တစုံတရာလုပ်ဆောင်ပေးခြင်းမရှိကြောင်း သိရသည်။

ယင်းအလယ်တန်းကျောင်း ပျက်ဆီးခဲ့သည့်အခြေအနေကို ပြန်လည်ဆောက်လုပ် မှုပြုလုပ်နိုင်ရန် ချင်းပြည်နယ် ဗျူဟာမှူး လည်းဖြစ် ချင်းပြည်နယ် ပြည်နယ် ဥက္ကဌ ဖြစ်သူ ဗိုလ်မှူးချူပ်ဟုန်းငိုင်က သွားရောက် လေ့လာကာ အစိုုးရက အတတ်နိုင်ဆုံး ကူညီဆောက်လုပ်ရန် ပြည်သူများထံ ကတိပေးခဲ့သည်။ သို့သော် ယခုအထိ ပြန်လည် ဆောက်လုပ်ပေးနိုင်ခြင်း မရှိသေး ကြောင်း သိရသည်။

ထို့နောက် ဖလမ်းမြို့မှ တမိုင်ခန့်ကွာဝေးသော Khuathar ရွာခေါ် Congte ရွာတွင် အစိုးရမူလတန်း ကျောင်း ကျောင်းသား၊ သူများသည် ယနေ့အထိကျောင်းဆရာ၊ ဆရာမများ ပုံမှန်ကျောင်းမတက်နိုင် သောကြောင့် ဖလမ်းမြို့သို့ အကုန်ပြောင်း တက်နေကြကြောင်း Congte ရွာသားတဦးထံကပြောသည်။

အိမ်ခြေ (၄ဝ)ခန့်ရှိသည့် Congte ရွာမူလတန်းကျောင်းတွင် ကျောင်းသား၊ သူ (၃ဝ)ကျော်ရှိပြီး ကျောင်းဆရာ၊ ဆရာမများ ပုံမှန်ကျောင်းမတက်ကြသောကြောင့် မိဘပြည်သူများ စိတ်ပျက်ကာ ၄င်းတို့၏ သား၊ သမီးများကို ဖလမ်းမြို့သို့ ကျောင်း ပြောင်းတက်ခိုင်းကြောင်း သိရသည်။

“အခုကျောင်းဆရာမ တဦးတော့အစိုးရက ခန့်ပေးတယ်၊ ဒါပေမဲ့ကျောင်းသား၊ သူများ ဖလမ်းမြို့ကို ပြောင်းတက်ကုန်ပြီ ဆိုတော့ သူမလည်းကျောင်းမတက်ပဲနဲ့ ဇွန်လ အတွက် လခတော့ထုတ် တာပေါ့၊ ကျောင်းတက်တဲ့ကလေးတွေမှ မရှိတာ၊ မတတ်နိုင် တော့ဘူးလေ၊ အဲဒီကျောင်းဆရာမ ဘယ်အချိန်အထိ ရွာမှာဘယ်အချိန်အထိ နေမလဲ တော့ မသိဘူး” ဟု ဒေသခံတဦးက ခိုနူမ်းထုန် သတင်းဌာနကို ပြောပြခဲ့သည်။

ယခင်နှစ်များကလည်း အဆိုပါကျေးရွာတွင် တာဝန်ကျခဲ့သည့် ကျောင်းဆရာ၊ ဆရာမ များသည် ကျောင်းပုံမှန် တက် ရောက်ခြင်းမရှိခဲ့ကြောင်း ဒေသခံများ၏ပြောပြချက် အရသိရသည်။

Congte ရွာတွင် တာဝန်ကျခဲ့သော ကျောင်းဆရာ၊ ဆရာမများသည် နှစ်တိုင်းလိုလို ဖလမ်းမြို့ပေါ်၌ သာနေထိုင်ကြကာ နေ့ချင်းပြန်ကျောင်းတက်ခဲ့ကြကြောင်း၊ ယင်းကိစ္စ ကို သက်ဆိုင်ရာမြို့နယ်တာဝန် ရှိသူများထံအကြိမ်ကြိ်မ်တင်ပြခဲ့ပြီးဖြစ် သော်လည်း အရေးယူဆောင်ရွက်ပေးခြင်းမရှိကြောင်း ကျေးရွာ တာဝန်ရှိသူတဦးက ခိုနူမ်းထုန် သတင်းဌာနကို ပြောပြခဲ့ သည်။

ယင်းကျေးရွာကို စစ်အစိုးရက ၁၉၈၆ ခုနှစ်၌ အစိုးရ မှုလတန်းကျောင်းကို တရားဝင် ဖွင့်လှစ် ဆောက်လုပ်ပေးခြင်းဖြစ်ရာ နှစ်စဉ်ကျောင်းသားသူ ဦးရေ ၃ဝ မှ ၄ဝ အကြားတက်ရောက်ခဲ့ကြသည်။

ချင်းပြည်နယ် နယ်စွန်နယ်ဖျားကျေးရွာများတွင် တာဝန်ကျနေသည့် ကျောင်းဆရာ များသည် ကျောင်းပုံမှန်တက်ရောက် ခြင်းမရှိသည့်အတွက် ကျေးရွာလူထုများက ကိုယ်ထူကိုယ်ထဖြင့်ငှားရမ်းထားသည့် ကျောင်းဆရာ၊ ဆရာမများကို အစားထိုးခန့် ထားကြရသည်ဟု သိရသည်။

Most read this week