ချင်းပြည်နယ် ဗျူဟာမှူး လေဘေးဒုက္ခသည်များထံ သွားရောက်အားပေး

ချင်းပြည်နယ် ဗျူဟာမှူး လေဘေးဒုက္ခသည်များထံ သွားရောက်အားပေး
ချင်းပြည်နယ် အေးချမ်းသာယာရေးနှင့် ဖွံ့ဖြိုးရေးကောင်စီ ဥက္ကဌ ၊ ဗျူဟာမှူး ဗိုလ်မှူးချုပ် ဟုန်းငိုင် သည် ဧပြီလ ၂၁ ရက်နေ့က တိုက်ခတ်သွားသည့် လေပြင်းကြောင့် အိုးမဲ့အိမ်မဲ့ဖြစ်သွားသည့် ဖလမ်းမြို့ နယ်၊ ရိဒ်ခေါ်ဒါရ်မြို့ခွဲရှိ လေဘေးဒုက္ခ သည်များအား ယခုလ ၂၇ ရက်နေ့က သွားရောက် ကြည့်ရှုခဲ့သည်ဟု....

ချင်းပြည်နယ် အေးချမ်းသာယာရေးနှင့် ဖွံ့ဖြိုးရေးကောင်စီ ဥက္ကဌ ၊ ဗျူဟာမှူး ဗိုလ်မှူးချုပ် ဟုန်းငိုင် သည် ဧပြီလ ၂၁ ရက်နေ့က တိုက်ခတ်သွားသည့် လေပြင်းကြောင့် အိုးမဲ့အိမ်မဲ့ဖြစ်သွားသည့် ဖလမ်းမြို့ နယ်၊ ရိဒ်ခေါ်ဒါရ်မြို့ခွဲရှိ လေဘေးဒုက္ခ သည်များအား ယခုလ ၂၇ ရက်နေ့က သွားရောက် ကြည့်ရှုခဲ့သည်ဟု သိရသည်။

“ဗျူဟာမှူးကြီးက ပျက်စီးသွားတဲ့ အိမ်၊ အစိုးရအဆောက်အဦးတွေကို လိုက်ကြည့်တယ်၊ ဒုက္ခသည် တွေကို အားပေး စကား ပြောတယ်၊ ဘာမှ စိတ်မပူကြပါနဲ့၊ အထက်ကို ချက်ချင်း တင်ပြပေးမယ်လို့ မှာသွားတယ် ”ဟု ဒေသခံတဦးကပြော သည်။

ဗျူဟာမှူးသည် ပျက်စီးသွားသည့် အိမ်ခြေ ၂၅ နှင့် အစိုးရအလယ်တန်းကျောင်းကို ဓါတ်ပုံရိုက်ယူပြီး အသေးစိတ်စာရင်း ကို မှတ်တမ်းတင်သွားသည်ဟု သိရသည်။

“ရိဒ်ခေါ်ဒါရ်မြို့ခွဲတာဝန်ကျ လူကြီးတွေကိုဗျူဟာမှူးကြီးကဆုံးရှူံးသွားတဲ့တန်ဖိုးပမာဏတွေကို မှတ်တမ်း တင်ခိုင်း တယ်၊ အစိုးရ အဆောက်အဦးမပါဝင်ပဲ ဆုံးရှူံးငွေကြေး ပမာဏက ကျပ်ငွေ သိန်း ၁၈ဝ လောက် ရှိတယ် ” ဟု အမည် မဖော်လိုသူတာဝန် ရှိတဦးက ပြောသည်။

ထို.နောက် ဗျူဟာမှူးသည် နယ်မြေလုံခြုံရေးကိစ္စနှင့် အခြားကိစ္စရပ်များကို တာဝန်ရှိများ၊ ကြံ့ဖွံ့ခေါင်း ဆောင်များအား မှာကြားပြီးနောက်တနေ့တွင် တီးတိန်မြို့သို့ ဆက်လက် ထွက်ခွါသွား သည်ဟု သိရသည်။

ယခုတိုက်ခတ်သွားသည့် လေမုန်တိုင်းကြောင့် ချင်းပြည်နယ်၊ ဖလမ်းမြို.နယ် ကျေးရွာများတွင် အစိုးရ အဆောက်အဦး၊ စာသင်ကျောင်းနှင့် လူနေအိမ်အများအပြား ပျက်စီးသွားခဲ့သည်။