မောင်တောမြို့၊ ကျီးကန်ပြင်ကျေးရွာရှိ နယ်စပ်ဒေသ လူဝင်မှုစစ်ဆေးရေး ကွက်ကဲမှု ( နစက)ဌာနချုပ် မှ အရာရှိများသည် သန်းစိန် အစိုးရ၏ သမ္မတလွတ် ငြိမ်း ချမ်းသာခွင့် ကို အကွက်ကောင်းယူပြီး၊ ရိုဟင်ဂျာ လူမျိုးများ ထံ ငွေညှစ်စားရန် ကြိုးစားနေ ကြောင်း မောင်တောမြို့မှ နိုင်ငံရေးသမား တဦး၏ ပြောပြချက်အရ သိရသည်။
ခမောက်ဆိပ် ကျေးရွာ၌ မတ်လတွင် ဖြစ်ပျက်ခဲ့သော မတရားအဖွဲ့အစည်း (တလေပင်) နှင့် ဆက်သွယ်မှုရှိ သည့် ဟုပြောဆိုပြီး ဖမ်းဆီးနေသောကြောင်း ၎င်းကျေးရွာမှ တိမ်းရှောင်နေသော ရိုဟင်ဂျာများကို နစက အဖွဲ့မှ ပြန်လည် လာရောက်နေထိုင် ခေါ်ယူခဲ့ကြောင်း သိရသည်။
နယ်စပ်ဒေသ လူဝင်မှုစစ်ဆေးရေး ကွက်ကဲမှု ( နစက)ဌာနချုပ် မှ ကွက်ကဲရေးမှူး ဗိုလ်မှူးကြီး အောင်ကြီး၏ ညွန်ကြားချက်အရ ၎င်း၏ သတင်းပေး မောင်နှမ ရွာသား ဇူဘိုရ် မှ တဆင့် စည်းရုံးပေးရန်၊ ဇူဘိုရ်ကလည်း ခမောင်ဆိပ်ရွာသား ၁၆ ယောက်ကို စည်းရုံးခဲ့ကြောင်း၊ စက်တင်ဘော ၆ ရက်နေ့တွင် မောင်တော တရားရုံး မှ ပုဒ်မ ၁၇ (၁) နှင့် ၁၇ (၂) ဖြင့် ထောင်ဒဏ် ပေးခံရသူ တဦး၏ မိသားစု တဦး၏ ပြောပြချက် အရသိရ သည်။
ဇူဘိုရ်သည် ခမောက်တိပ်ရွာသား ၁၆ ယောက်ထံမှ ဆဦးလျှင် ငွေ ကျပ် ၅ သိန်း မှ ၂ သန်းအထိ ကောက်ခံ ခဲ့ကြောင်း၊ ၎င်းကျေးရွာ မှ နစက အဖွဲ့ဝင်များသည် ငွေ သန်းပေါင်းများစွာ ညှစ်စားခဲ့ကြောင်း ကျေးရွာ လူကြီး တဦး၏ ပြာပြချပ်အရ သိရသည်။
မတ်လတွင် ခမောက်ဆိပ်နယ်မြေတွင် တာဝန်ကျနေသော နစကများသည် ညအချိန် ရွာတွင်းသို့ဝင်ပြီး ရိုဟင်ဂျာ ရွာသားများကို သွားစစ်ဆေးစဉ် ရွာသားများကို မတွေရှိပါက အိမ်ထောင်စု စာရင်းတွင် ထွက်ပြေးဟု မှတ်ချက် ရေးထား သောကြောင်း နစက ဖမ်းဆီးမိကို ကြောက်လှန်ပြီး တိမ်းရှောင် နေသူများသည် ရွာသို့ တရားဝင်မပြန်နိုင်၍ တခြားနေရာများ ရှောင်တိမ်းနေရ ကြောင်း သိရသည်။
ဦးသန်းစိန် အစိုးရ၏ သမ္မတ လွတ်ငြိမ်း ချမ်းသာခွင့် ကျေညာပြီးနောက် နစကများသည် ၎င်းတို့၏သတင်း ပေး မှ တဆင့် တိမ်းရှောင်နေသော ခမောက်ဆိပ်ရွားသားများအား စည်းရုံးခိုင်းပြီးပြန်လည်ရွာသို့ လာရန် လုပ်ကိုင် ကြောင်း၊ ၎င်းအတွက် နစကမျာ အား ငွေပေးရမည်ဟု သတင်းပေး ဇူဘိုရ်က ပြောဆိုခဲ့ကြောင်း သိရသည်။
ယ္ခုနှစ် ဖေဖေါ်ဝါရီလတွင် ဘင်္ဂါလာဒေ့ရှ်နိုင်ငံမှ လူနှစ်ဦးသည် ခမောက်ဆိပ်ရွာ တွင် ၂၀၁၀ ခုနှစ် နို၀င်ဘောလ ရ ရက်နေ့တွင် ရွေးကောက်ပွဲတွင် ဖြစ်သည့် ပြဿနာကြောင်း ဂိုဏ်ခွဲနေကြသော ကြံဖွတ် ပါတီ နှင့်အမျိုးသား ဖွံ့ဖြိုးတိုးတက်ရေး ဒီမိုကရက်တစ်ပါတီ တို့ကို နာလည်းရရှိပြီး စည်းရုံး ခဲ့သည် ဆွေးနွေးပွဲ ကို အခွင့်ကောင်း ယူပြီး နစက သတင်းပေးတဦး၏ တိုင်းကြားချက် ပေါ်မူတည်ပြီး နစကများသည် ရိုဟင်ဂျာများကို ဖမ်းဆီး ခြင်း၊ နှိပ်စက်ခြင်း၊ ငွေညှစ်စားခြင်း နှင့် မတရားအသင်းများ နှင့် ဆက်သွယ်မှုရှိသည့်ဟု အတင်း ထွက်ဆို ခိုင်းခြင်း များပြုလုပ်သည့်အတွက် များစွာသော ခမောက်ဆိပ်ရွားသားများ ရွာ မှ တိမ်းရှောင်ခဲ့ကြောင်း ကုလားတန် သတင်း ဌာန၏ နစက ကွက်ကဲရေးမှူး၏ တလေပင်နှင့် ဆက်သွယ်မှု မှာ ဖန်တီးမှုသာသတင်း ဖေါ်ပြသည်။
တလေပင်နှင့် ဆက်သွယ်မှု ကို သက်သေ အထောက်အထား မပြနိုင်သော်လည်း နစကများသည်ရိုဟင်ဂျာ များ ကို ဖမ်းဆီးခြင်း၊ နှိပ်စက်ခြင်း၊ ငွေညှစ်စားခြင်း နှင့် မတရားအသင်းများ၊ ဆက်သွယ်မှု ရှိသည့်ဟု အတင်း ထွက်ဆို ခိုင်းခြင်း နှင့် ရခိုင်ပြည် မှ ထွက်ခွါးသွားအောင် သွယ်ဝိုက်သော နည်းဖြင့် လုပ်ဆောင် နေကြောင်း သိရသည်။