မောင်တောမြို့နယ် မြောက်ပိုင်း လောင်တုံ ကျေးရွာ အုပ်စု ဟာတီကျေးရွာအနီးရှိ တောတောင်တွင် ကျက်စားနေသော ဆင်ဖြူ တကောင် ကိုမြန်မာအစိုး ရမှ ယမနေ့ညနေ ၄ နာရီ ၄၀ မီနစ်တွင် ဖမ်းဆီးရရှိ ကြောင်း သစ်တောအရာရှိ တဦး၏ ပြောပြချက်အရ သိရသည်။
မောင်တော ခရိုင်အုပ်ချုပ်ရေးမှူး၊ မြို့နယ် အုပ်ချုပ်ရေးမှူး၊ နစက ညွန့်ကြားရေးမှူး နှင့် ကျန်ဌာနဆိုင်ရာ ရုံး အုပ်ချုပ်ရေးမှူးများတို့သည် ယနေ့နံနက်ပိုင်း ဆင်ဖြူတော်ထားရှိရာ လောင်တုံကျေးရွာသို့ သွားရောက် ကြည့်ရှူ လေ့လာခဲ့ကြောင်း မောင်တော ခရိုင် အုပ်ချုပ်ရေးမျူးရုံး မှ အရာရှိတဦး၏ ပြောပြချက်အရ သိရသည်။
ဆင်ဖြူတော်မှာ အထီးဖြစ်ပြီး၊ အရောင်မှာ ရွှေဖြူရောင် နှင့် အသက်မှာ ၄ နှစ်ခန့် ရှိကြောင်း ပြောပြသည်။
ဆင်ဖြူတော်၏ အစွယ် ကို အနည်းငယ် မြင်နေရကြောင်း သိရသည်။
၎င်းဆင်ဖြူတော် ကို လွန့်ခဲ့သော ၁၁ ရက်နေ့တွင် လောင်တုံ ကျေးရွာပြည်သူလူထု မှ မြင်တွေ့ခဲ့ကြောင်း သိရသည်။
မောင်တော ခရိုင် အုပ်ချုပ်ရေးမှူးရုံး မှ အောက်တိုဘော လ ၁၂ ရက်နေ့ တွင် နေပြည်တော်သို့ ဆင်ဖြူတော် နှင့် ပတ်သက်ပြီး ဗီဒီယို တခုကို ပေးပို့ခဲ့ကြောင်း၊ အထက် ညွန့်ကြားချက်များ ကို စောင့်ဆိုင်းနေစဉ် ဆင် ဖမ်းဆီးရာတွင် ကျွမ်းကျင်သော အဖွဲ့ နှစ်ခုသည် စစ်တွေ မှ ၁၃ ရက်နေ့တွင် အဖွဲ့ဝင် ၉ ဦးပါ၀င်သော အဖွဲ့တခု၊ ၁၄ ရက်နေ့တွင် ၂ ဦး တို့ ရောက်ရှိလာပြီး ဆင်ဖြူတော် ကို ၁၅ ရက်နေ့ ညနေ့တွင် ဖမ်းဆီးခဲ့ ကြောင်း သိရသည်။
၎င်းဆင်ဖြူတော် ကို ယ္ခုအချိန်တွင် လောင်တုံကျေးရွာ တွင် ထိန်းသိမ်း ထားကြောင်း သိရသည်။