ရခိုင်ပြည်နယ် အနောက်ဖက် မောင်တောမြို့နယ် မြောက်ပိုင်း နယ်စပ် နက်မြစ်ကမ်းခြေ နစက နယ် မြေ ၄ ပိုင် ကြိမ်ချောင်းကျေးရွာအုပ်စု ဖက်ဝတ် ချောင်းအောက်ကျေးရွာနေ၊ ကာမာလ်ဟူဆောင်း သည် အာဏာပိုင်များ နှင့် ပေါင်းပြီး ဒေသခံများ
ရခိုင်ပြည်နယ် အနောက်ဖက် မောင်တောမြို့နယ် မြောက်ပိုင်း နယ်စပ် နက်မြစ်ကမ်းခြေ နစက နယ်မြေ ၄ ပိုင် ကြိမ်ချောင်းကျေးရွာအုပ်စု ဖက်ဝတ်ချောင်းအောက်ကျေးရွာနေ၊ ကာမာလ်ဟူဆောင်း သည် အာဏာပိုင်များ နှင့် ပေါင်းပြီး ဒေသခံများပြည်သူများထံမှ အကြောင်းမျိုးစုံပြကာ နေ့စဉ် ငွေတောင်း၊ နှိက်စက်နေသည့် အတွက် ဒေသခံ ပြည်သူများ စုပေါင်းပြီး၊ အောက်တိုဘောလ ၂ ရက်နေ့ ည ၁၀ နာရီခန့်တွင် ဓါး ၊ဒုတ် ဖြင့် ၎င်း အိမ်သို့ သွားပြိး ခုတ်သတ်ခဲ့သဖြင့် ဓါးဒါဏ်ရာ သုံးချက်ဖြင့် ကြိမ်ချောင်းဆေးရုံတွင် တက်ရောက် ဆေးကုသခံနေသည်ဟု ဒေသခံ တဦး၏ ပြောပြချက်အရသိရသည်။
ကာမာလ်ဟူဆောင်း ဟာ ဒေသခံ ရဲ ၊ နစက ၊အရာရှိတွေနဲ့ပေါင်းပြီး၊ ဒေသခံပြည်သူ့ထံမှ ငွေတောင်းတယ်၊ တောင်းလို့မပေးရင် တဖက်နိုင်သို့သွားကြောင်း၊ တရားမဝင် ဖုန်းရှိကြောင်း၊ တဖက်နိုင်ငံနဲ့ ဆက်သွယ်မှုရှိ် တယ်ဆိုပြီး၊ စခန်းမှာမဟုတ်မမှန် သွားတိုက်တဲ့။
ဒေသခံပြည်သူ့တွေကို အာဏာပိုင်တွေက နေ့စဉ် ခေါ်ယူစစ်ဆေးပြီး ဒါဏ်ငွေ ရိုက်နေကြသည့် ဒေသခံ ပြည်သူတွေ ဒေါ်သထွက်လာပြီး ယခုလို့ စုပေါင်း တိုက်ခိုက် တာဖြစ်တယ််လို့ ဒေသခံအမည်မဖေါ်လို့သူ တဦးမှ ပြောပြခဲသည်။
အဆိုပါကိစ္စနဲ့ပါတ်သက်၍ ဒေသခံ အာဏာပိုင်တွေက ကာမာလ်ဟူဆောင်းအိမ်ကို ဓါးမြတိုက်တယ် ဆိုပြီး အကြောင်းပြပြီး ဒေသခံများကို ခေါ်ယူ စစ်ဆေးမေးမြန်လျက်ရှိနေကြောင်း၊ ထိုအပြင် ၎င်းဒေသရှိ နယ်စပ် ဂိတ်များကိုလည်း ပိတ်ထားသည်ဟု သိရသည်။