ကချင် ဘုံသာသာစကား ဖော်ထုတ်ရန် ဆွေးနွေး

ကချင် ဘုံသာသာစကား ဖော်ထုတ်ရန် ဆွေးနွေး
by -
ကေအဲန်ဂျီ

နိုင်ငံတကာရှိ ကချင်အမျိုးသားများအားလုံုး အသုံးပြုနိုင်မည့် ဘုံစာပေနှင့် စကားကို ဖော်ထုတ်သွား ရေးအတွက် ကချင်အမျိုးသားများ စုဝေးကာ ဆုံးဖြတ်ချက်များ ချမှတ်ခဲ့ကြသည်။

ဒီဇင်ဘာ ၃၀၊ ၂၀၁၃ ကချင် ဘုံဘာသာစကား သတ်မှတ်ရန်ကိစ္စ ဆွေးနွေးနေကြာပုံ။

ထိုင်းနိုင်ငံ ချင်းမိုင်တွင် Pan Kachin Development Society (PKDS) က ဦးဆောင်ကျင်းပပြီး တရုတ်၊ အိန္ဒိယ၊ မြန်မာနှင့် ထိုင်းနိုင်ငံရှိ ကချင်အမျိုးသားများ စုဝေးတက်ရောက်ခဲ့ပြီး ဒီဇင်ဘာ ၃၀-၃၁ ရက်နေ့များတွင် ကျင်းပခဲ့သည့် ဆွေးနွေးပွဲအတွင်း တရုတ်နိုင်ငံ၊ အိန္တိယနိုင်ငံနှင့် မြန်မာနိုင်ငံရှိ ကချင်အမျိုးသားများ အားလုံး နားလည်နိုင်သည့် ဘုံစာပေကို အသုံးပြုလာရန်အချက် (၃) ချက် သဘောတူညီခဲ့ကြခြင်းဖြစ်သည်။

ဆုံးဖြတ်ချက်များတွင် အမေရိကန် နှစ်ခြင်းသာသနာပြုဆရာ Rev. Dr. Ola Hanson ပြုလုပ်ထားပေးသည့် အများသုံးနေသည့် ကချင်စာတွင် ပြန်ဖြည့်စွက်ပြီး နိုင်ငံအသီးသီးရှိ ကချင်အမျိုးသားအားလုံးသုံးနိုင်သည့် စာပေထုတ်ဝေရန်၊ စာပေနှင့်ယဉ်ကျေးမှုစာအုပ်ထုတ်ဝေရန် ပညာရှင်ကြီးများတွေ့ဆုံဆွေးနွေးနိုင်ရန်နှင့် စာအုပ်ထုတ်လုပ်မှုကို Pan Kachin Development Society (PKDS) တာဝန်ယူသွားရန် သဘောတူညီခဲ့ကြသည်။

အဆိုပါ ဆွေးနွေးပွဲသို့ တရုတ်နိုင်ငံ၊ အိန္ဒိယနိုင်ငံ၊ မြန်မာနိုင်ငံ ကချင်ပြည်နယ်မြစ်ကြီးနားမြို့ ကချင်စာပေနှင့် ယာဉ်ကျေးမှု အဖွဲ့များ၊ မြစ်ကြီးနားတက္ကသိုလ်၊ မန္တလေးတက္ကသိုလ်၊ ရန်ကုန်တက္ကသိုလ်တို့မှ ကချင်စာပေနှင့် ယဉ်ကျေးမှုအဖွဲ့ (JLH) ခေါင်းဆောင်များနှင့် ထိုင်းနိုင်ငံ ဒေသအသီးသီးရှိ ကချင်အမျိုးသားများ စုစုပေါင်း ၁၀၀ ကျော် တက်ရောက်ဆွေးနွေးခဲ့သည်။

ယခုဆွေးနွေးပွဲသည် ကချင်အမျိုးသားအစည်းအရုံး (KNO) ခေါင်းဆောင် ဒူဝါဘောမ်ဝမ်လရော် (Duwa Bawmwang Laraw) နှင့် Pan Kachin Development Society (PKDS) ဥက္ကဌ ဒူဝါ အင်ဆန်တူးအောင် (Duwa Nsang Tu Awng) ဦးဆောင်ဆွေးနွေးခဲ့ခြင်းဖြစ်ပြီး စာပေနှင့် ယဉ်ကျေးမှုစာအုပ်ထုတ်ဝေရန် စာပေ ပညာရှင်ကြီးများ တွေ့ဆုံဆွေးနွေးသည့် Technical Team ရုံးများဖွင့်လှစ်လာမည်ဖြစ်ကြောင်းသိရသည်။

ကချင် မျိုးနွယ်စုများမှာ မြန်မာနိုင်ငံ၊ တရုတ်နိုင်ငံနှင့် အိန္ဒိယ နိုင်ငံများတွင် ပြန့်နှံ့နေထိုင်ကြပြီး မြန်မာနိုင်ငံတွင် ၉ သိန်းကျော်၊ တရုတ်နိုင်ငံတွင် ၁ သိန်းခွဲနှင့် အိန္ဒိယ နိုင်ငံ အရူနာချာပရာဒက်ရှ်နှင့် နာဂလင်း ပြည်နယ်များ တွင် ၅ သောင်းခန့်နေထိုင်ကြောင်း ခန့်မှန်းထားသည်။

Most read this week