မြန်မာစစ်သား ၅ ဦးကို KIA တပ်မဟာ ၄ လွှတ်ပေး

မြန်မာစစ်သား ၅ ဦးကို KIA တပ်မဟာ ၄ လွှတ်ပေး
by -
ကချင်သတင်းဌာန

ရှမ်းပြည်မြောက်ပိုင်း လွယ်ကန် (Loikang) အခြေစိုက် KIA တပ်မဟာ ၄ က ၎င်းတို့နယ်မြေထဲ ၀င်ရောက် လာသည့် အတွက် ဖမ်းဆီးထားသည့် မြန်မာစစ်သား ၅ ဦးကို ဇွန် ၃ ရက်၊ တနင်္ဂနွေ မနက်ပိုင်းက လွှတ်ပေးခဲ့သည်ဟု တပ်မဟာ ၄ အရာရှိများပြောသည်။

ဒု-ဗိုလ်မှူးကြီးစိုးရွှေ ဦးစီးသည့် တာမိုးနဲနယ်မြေခံ ခလရ ၂၉၀ မှ စစ်သားများဖြစ်ကာ ဇွန် ၂ ရက် စနေနေ့ ညနေပိုင်းတွင် ၎င်းတို့အား လွယ်ကန်-ဘန်ဖိတ်(Bang Hpik) ကြားတွင် ဖမ်းဆီးသည်ဟု သိရသည်။

kia_battalion_8
တစ်ရက်တည်းတွင်ပင် မွန်းလွဲ ၁ နာရီကျော်တွင် မြန်မာစစ်သား ၁၀ ယောက်ခန့်ပါ ဖောဝီးလ်ကားတစ်စီးအား တပ်မဟာ ၄ လက်အောက် တပ်ရင်း ၉ မှ နောင်ရွှေ(NawngShwi)-နာမ်ဂွတ်(Nam Gut) လမ်း နောင်ရွှေကွေ့ တွင် ဗုံးဖောက်ခွဲကာ ပစ်ခတ်တို်က်ခိုက်ခဲ့သည်။

ယင်းသို့ဖြစ်ပွားခြင်းကြောင့် KIA တပ်မဟာ ၄ ပတ်ပတ်လည်၌ မြန်မာစစ်တပ်များ တိုးချဲ့ချထားသည်ဟု သိရသည်။

Most read this week