မြစ်ကြီးနား-နမ္မတီး ရထားလမ်း လုံ ခြုံရေး ပြည်သူများအားအလှည့်ကျ တာဝန်ပေး

မြစ်ကြီးနား-နမ္မတီး ရထားလမ်း လုံ ခြုံရေး ပြည်သူများအားအလှည့်ကျ တာဝန်ပေး
by -
ကချင်သတင်းဌာန

မြန်မာစစ်တပ်နှင့်KIAတပ်ကြားတိုက်ပွဲများကြောင့် ရထားလမ်းလုံခြံုရေး တာဝန်ယူရန်ကချင်ပြည်နယ် မြစ်ကြီးနားမြို့နေထိုင်သူများအားသက်ဆိုင်ရာ အာဏာ ပိုင်များကညွှန်ကြားထားသည်။

myitkyina-train-stationမြစ်ကြီးနားမြို့ပေါ်ရပ်ကွက်များမှ တစ်ရပ်ကွက်လျှင် ၁၀ ဦးကျ မြစ်ကြီးနားနမ္မတီးရထားလမ်းတစ်လျှောက် ရထားလမ်းလုံခြံုရေး ကင်းစောင့်တာဝန်များ အလှည့်ကျ ယူနေရသည်။

“ကျွန်တော်တို့ရပ်ကွက်ကတော့ ဒီ ကျွန်တော်တို့ရပ်ကွက်နဲ့ ဂျန်မို်င်ကောင်ဘက်မှာ တာဝန်ကျတယ်” ဟု မြို့ခံတစ်ဦးပြောသည်။

ရထားလမ်းသည် မြစ်ကြီးနားဘူတာရုံမှ မြို့ပေါ် မင်းရပ်၊ မြို့သစ်၊ ဧရာ၊ ရန်ကြီးအောင်၊ မြေမြင့်၊ ဒူကထောင်၊ ဂျန်မိုင်ကောင်၊ စံပြ ရပ်ကွက်များကို ဖြတ်သန်းပြီး နမ္မတီး၊ မိုးကောင်းဘက်သို့ ဦးတည် သွားသည်။

ရထားလမ်းလုံခြံုရေးအတွက် မိမိဆန္ဒအလျောက်သွားရောက်လိုသူမရှိသည့်အတွက် အခကြေးငွေဖြင့် လူငှါးရသည်။ လိုအပ်သည့်ငွေကြေးအတွက် ရပ်ကွက်အုပ်ချုပ်ရေးဌာနမှ ၎င်းရပ်ကွက်တွင်း အိမ်ထောင်စု အလိုက် ငွေကြေးကောက်ခံသည်။

Most read this week