တရားဝင် ဖြစ်မလာခင် အကြီးဆုံး ကချင်ပါတီ KSPP လူထုစည်းရုံးရေး ပြန််စ

တရားဝင် ဖြစ်မလာခင် အကြီးဆုံး ကချင်ပါတီ KSPP လူထုစည်းရုံးရေး ပြန််စ

ပါတီတည်ထောင်ခွင့် မရသေးသော်လည်း အကြီးဆုံး ကချင်ပါတီ ဖြစ်နိုင်ချေရှိသည့် KSPP သည် ကချင်ပြည်နယ်တွင် ရွေးကောက်ပွဲ လူထုစည်းရုံးရေး လုပ်ငန်းများ ပြန်စ.....

ပါတီတည်ထောင်ခွင့် မရသေးသော်လည်း အကြီးဆုံး ကချင်ပါတီ ဖြစ်နိုင်ချေရှိသည့် KSPP သည် ကချင်ပြည်နယ်တွင် ရွေးကောက်ပွဲ လူထုစည်းရုံးရေး လုပ်ငန်းများ ပြန်စနေပြီ ဖြစ်သည်။

ကချင်ပြည်နယ်တိုးတက်ရေးပါတီ (KSPP) သည်  မြစ်ကြီးနား၊ တနိုင်း၊ ဗန်းမော် စသည့် မြို့နယ်များတွင် ဇူလိုင် (၂၇) မနေ့မှစ၍ စည်းရုံးရေးများ ပြန်စနေကြောင်း ပါတီအလုပ်အမှုဆောင် တစ်ဦး ပြောသည်။

တရားဝင်ပါကီဖြစ်လာပြီးနောက် ပါတီအနေဖြင့် ကချင်ပြည်သူများကန့်ကွက်ထားသည့် ဧရာဝတီမြစ်ဆုံ ရေအားလျှပ်စစ်စီမံကိန်းကိစ္စပေါ်တွင်လည်း ပါတီမှ သဘောထားတုန့်ပြန်ချက်များ ထုတ်ဖော်သွားနိုင်ဖွယ် ရှိသည််ဟု စောစောပိုင်းက ထိုင်းနိုင်ငံအခြေစိုက် ကချင်သတင်းဌာနသို့ ပါတီခေါင်းဆောင် ဒေါက်တာတူးဂျာ ပြောခဲ့သည်။

ပြီးခဲ့သည့် ဧပြီ (၅) ရက်နေ့၊ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်သို့ ပါတီမှတ်ပုံတင်ချိန်မှစ၍ ပါတီ၏ ရွေးကောက်ပွဲအကြို လူထုစည်းရုံးရေးကို လုံးဝ ရပ်ဆိုင်းထားသည်မှာ ယခုချိန် (၃) လ ကျော်ပြီဖြစ်သည်။

ဇူလိုင် (၁၆) ရက်နေ့က ပါတီမှတ်ပုံတင် မချပေးခြင်းနှင့်ပတ်သက်ပြီး နေပြည်တော်သို့ တတိယအကြိမ် ထပ်မံ သွားရောက်တောင်းဆိုစဉ် ရွေးကောက်ပွဲကော်မရှင်ဥက္ကဌ  ဦးသိန်းစိုးမှ နှုတ်အားဖြင့် ယခုလို ခွင့်ပြုချက် ပေးခဲ့ကြောင်း သိရသည်။

ဥက္ကဌက “ပါတီမှတ်ပုံတင် မချပေးသေးတာပါ၊ ပါတီနဲ့ပတ်သတ်တဲ့ အမှုကိစ္စတွေ လုပ်လို့ ရပါ ပြီ ။” ဟုပြောခဲ့ကြောင်း ပါတီအရာရှိတစ်ဦး ပြောသည်။

အကြီးဆုံးကချင်ပါတီ ဖြစ်လာနိုင်ချေရှိတဲ့ KSPP ခေါင်းဆောင် ဒေါက်တာ တူးဂျာ။ ဓါတ်ပုံ - ကချင်သတင်းဌာန

လက်ရှိတွင် KSPP ပါတီအဖွဲ့ဝင် (၃၀၀၀) နီးပါးနှင့် ကချင်ပြည်နယ်အနှံ့ ပါတီရုံးခွဲပေါင်း (၅၀) ၀န်းကျင်ရှိကြောင်း သိရသည်။

မြန်မာစစ်အစိုးရ၏ ယခုနှစ်ကုန်ပိုင်း ကျင်းပမည့် ရွေးကောက်ပွဲဝင်ရန် လျှောက်ထားသည့် ကချင်ပါတီ (၄) ခုမှ ယခုချိန်အထိ (၁) ပါတီတည်းသာ ပါတီတည်ထောင်ခွင့် ရရှိသည်။

ယင်းပါတီမှာ စစ်အစိုးရ၏ ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ (USDP) သစ္စာခံ ဒူဝါ ခက်ထိန်နန် ဦးဆောင်သော “စည်းလုံးညီညွှတ်ရေးနှင့် ဒီမိုကရေစီပါတီ ကချင်ပြည်နယ် (စဒက သို့မဟုတ် UDPKS)” ဖြစ်သည်။

Most read this week