ယနေ့နံနက်က် (၇)နာရီ (၁၅)မိနစ် အချိန်တွင် တိုင်းရင်းသား ပူးပေါင်း စစ်ကြောင်းအဖွဲ့ (၃)ဖွဲ့သည် အစိုးရ တာမိုးညဲ အ ခြေစိုက် ခလရ(၂၉၀) စစ်ကြောင်း နှင့် ရှမ်းပြည်နယ် မြောက်ပိုင်း ကွတ်ခိုင်မြို့နယ်၊ မန်ဖျက်အုပ်စု၊ မန်ဟောန်ကျေး ရွာအနီးတွင်မနက် (၈)နာရီ (၂၀) မိနစ် အထိ တိုက်ပွဲဖြစ်ပွား ခဲ့သည်ဟု တအာင်း လွတ်မြောက် ရေးတပ်မတော် TNLA ၏ ပြန်ကြားရေး အဖွဲ့မှ သတင်းထုတ်ပြန် ထားပါသည်။
ယင်းတိုက်ပွဲတွင် အစိုးရ တပ်ဖွဲ့ဖက်မှ တဦးကျဆုံးပြီး နှစ်ဦးဒါဏ်ရာ ရခဲ့သည်ဟု TNLA ဖက်မှဆိုသော်လည်း သီးခြား အတည်ပြု ချက်မရသေးပေ။
တိုင်းရင်းသား ပူးပေါင်းစစ်ကြောင်းတွင် တအာင်း အမျိုးသား လွတ်မြောက်ရေး တပ်မတော် TNLA ဖက်မှ တပ် ရင်း (၃၃၅) တပ်ဖွဲ့များ၊ ကချင်လွတ်လပ်ရေး တပ် မတော် (KIA) တပ်မဟာ (၄)ဖက်မှ တပ်ရင်း(၃၈) တပ်ဖွဲ့များနှင့်မြန်မာ ပြည် အမျိုးသား ဒီမိုကရေစီ မဟာမိတ် တပ်မတော် MNDAA(ကိုးကန့်တပ် မတော် ) တပ်ရင်း(၁၇) မှ တပ်ဖွဲ့များ ပူး ပေါင်း ပါခဲ့သည်ဟု ဆိုပါသည်။
အလားတူ ဇွန်လ (၁၀)ရက်နေ့ ကတည်းက တိုက်ပွဲဖြစ်လာခဲ့ပြီး ယမာန်နေ့ (၁၀)နာရီ (၂၀)မိနစ် တွင်လည်း TNLA တပ်ရင်း (၄၇၈) တပ်ဖွဲ့များနှင့် အစိုးရ တပ်မ (၇၇)လက်အောက်ခံ ခမရ (၈)တပ်ဖွဲ့တို့ မန်တုံမြို့နယ်၊ ကျန်ကား ကျေး ရွာနှင့် မန်ကောင် ကျေးရွာကြား တွင် မနက် (၁၀)နာရီ (၅၀)မိနစ်အထိ ဆက်လက် တိုက်ပွဲ ဖြစ်ပွားခဲ့ကြောင်း TNLA ပြန်ကြားရေးဌာနမှ ထုတ်ပြန် ထားခဲ့ပါသည်။
ထို့အတူ ဇွန်လ(၁၁)ရက်နေ့ မနက်(၆)နာရီတွင် KIA တပ်မဟာ (၄) တပ်ရင်း (၃၆)တပ်ဖွဲ့နှင့် အင်းအား (၇၀)ခန့် ရှိ သော အစိုးရ တပ်မ(၇၇) စစ်ကြောင်းတို့ မန်နောင်ကောင် ကျေးရွာအနီး ၌ဖြစ်သော တိုက်ပွဲတွင်လည်း တပ်မ (၇၇) ဖက်မှ (၂)ဦး ကျဆုံးကြောင်း၊ KIA ဌာနချုပ် သတင်းမှ ဆိုထားပါသည်။
ဇွန်လ(၁၁) တွင်မှာပင် အစိုးရ ခမရ (၄၁၅) စစ်ကြောင်းအား KIA တပ်ရင်း (၃၈) တပ်ဖွဲ့မှ ၄င်းတို့ စိုးမိုး သော နယ်မြေတွင် ပျောက်ကျား ပစ်ခတ်ရာ (၃) ဦးကျပြီး ဒါဏ်ရာ အများအပြား ရရှိခဲ့သည်ဟု KIA ဌာနချုပ် သတင်းမှ ဆိုထားသော်လည်း သီးခြားအတည်ပြု မရရှိသေးပါ။
အစိုးရ တပ်မ(၇၇) စစ်ကြောင်း များသည် ဒေသခံ အမှတ်(၁) စစ်ဆင်မှု ကွပ်ကဲမှု ဌာနချုပ်တပ်များ၊ လောက်ကိုင် ဒေသကွပ်ကဲရေး စစ်ဌာနချုပ်(ဒကစ) တပ် များ နှင့် အရှေ့မြောက်ပိုင်း တိုင်းတပ်များနှင့် အတူ ရှမ်းပြည် မြောက်တွင် (၄) လခန့် ဒုတိယအကြိမ် စစ်ဆင်နေခြင်း ဖြစ်ပါသည်။
ရှမ်းပြည် မြောက်ပိုင်းတွင်လည်း (TNLA) တပ်များ၊ ရှမ်းပြည်တိုးတက်ရေးပါတီ (SSPP) တပ်များ၊ ရှမ်းပြည်ပြန်လည်ထူထောင်ရေး (RCSS) တပ်များ၊ ကချင်လွတ်လပ်ရေး တပ်မတော်(KIA) တပ်များ၊ နှင့် မြန်မာ ပြည်အမျိုးသား ဒီမိုက ရေစီမဟာမိတ် တပ်မတော် MNDAA (ကိုးကန့် တပ်မတော်) တို့လှုပ် ရှား နေခြင်း ဖြစ်ပါသည်။
SSPP၊ RCSSအဖွဲ့တို့သည် အစိုးရနှင့် အပစ်အခတ်ရပ်စဲရေး လက်မှတ်ရေး ထားကြပြီး၊ TNLA နှင့် KIA တို့ သည် အစိုးရနှင့် အပစ်အခတ် ရပ်စဲေ ရး ဆွေးနွေးခဲ့ သော်လည်း MNDAA တပ်ဖွဲ့တို့နှင့် အတူ အပစ်ရပ် ထားခြင်း မဟုတ်ပေ။