ရွေးကောက်ပွဲ ကော်မရှင် ဥက္ကဌမှ မွန်ပြည်နယ် နိုင်ငံရေး ပါတီများ၏ ဆန္ဒကောက်ယူ

ရွေးကောက်ပွဲ ကော်မရှင် ဥက္ကဌမှ မွန်ပြည်နယ် နိုင်ငံရေး ပါတီများ၏ ဆန္ဒကောက်ယူ
by -
ရွှေဟင်္သာ

ပြည်ထောင်စု ရွေးကောက် ပွဲ ကော်မရှင် ဥက္ကဌ သည် လွတ်လပ်ပြီး တရားမျှ တသော ၂၀၁၅ ရွေးကောက် ပွဲ ဖြစ်ရန် အတွက်ပြင် ဆင်ရန် ၂၀၁၀ ရွေးကောက်ပွဲ ၏ အတွေ့အကြုံ များကို မွန်ပြည်နယ် ရှိ နိုင်ငံရေး ပါတီများ နှင့် မော်လမြိုင်မြို  ့ပြည်နယ် ခန်းမတွင် အမြင်ဖ လှယ် ခဲ့ကြေ ကြာင်း တက်ရောက် ခဲ့သူ တဦးက ဆို ပါသည်။

“ ဥက္ကဌ ကတော့ လာမည့်၂၀၁၅ရွေးကောက်ပွဲမှာ လွတ်လပ်ပြီး တရားမျှတ တဲ့ စနစ်တခု ဖြစ်စေရမယ် လို့ ပြောပါ တယ်။ ဒီတော့ ပြီးခဲ့တဲ့ နို၀င် ဘာ(၇)ရက်နေ့ က  ကျင်းပခဲ့ တဲ့ ၂၀၁၀ ရွေးကောက်ပွဲ ရဲ့ အားနည်း ချက်တွေကို အမြင် ဖလှယ်ကြ တာ ဖြစ်ပါတယ်။” ဟုဆိုပါသည်။

ရွှေးကောက်ပွဲ ကော်မီရှင် ဥက္ကဌ ဦးတင်အေး ရှင်းလင်းတင်ပြစဉ် ရွှေးကောက်ပွဲ ကော်မီရှင် ဥက္ကဌ ဦးတင်အေး ရှင်းလင်းတင်ပြစဉ် ဓါတ်ပုံ ရွှေဟင်္သာ

အားနည်း ချက်များထဲမှ ကြိုတင်မဲ ပေးမှုများ ပြသနာ၊ပါတီ တည်ထောင် ခွင့် အချိန် ပေးမှု နည်းပါးသည့် ပြသနာ၊  တိုတောင်းသည့် အချိန်ရရှိမှု များသည် ၂၀၁၀ ခုနှစ် ရွေးကောက်ပွဲ၏ အရေးကြီးဆုံး ပြသနာဟု သုံးသပ်ပြီး  ၂၀၁၅ခုနှစ် ရွေးကောက်ပွဲ အတွက် နမူနာကောင်း ဟုသုံးသပ်ကြောင်း ဆိုပါသည်။

ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင် ဥက္ကဌ ဦးတင်အေး သည် “ပြည်သူတွေ ဟာမဲပေးပိုင်ခွင့် နှင့်ဥပဒေ အရရွေး ချယ်ခံ ပိုင် ခွင့်ရှိကို ရှိရ မယ် မရခဲ့ ဘူးဆို ရင် တော့ အဲဒါ လူ့အခွင့်အရေး ချိုးဖောက်ခြင်း ခံရတာ ဖြစ်တယ်။  လူ့ အခွင့်အရေး အရ လည်း ထိခိုက် ဆုံးရှုံးမှာ ဖြစ်တယ်” ဟုပြောခဲ့ ကြောင်း ဆိုပါသည်။

အစည်းအဝေး တက်ရောက် သူ မွန်ဒေသ လုံးဆိုင်ရာ ဒီမိုကရေစီ ပါတီမှ ဗဟို အလုပ်မှု ဆောင်ကော် မတီဝင် နိုင်လှ ခိုင် ကမူ  “ အဓိက ကတော့ ကိုယ်စား လှယ် လောင်းတွေရဲ ့ရွေးချယ်မှု မှာ မဲစာရင်း မှန်ကန် ဖို့နဲ့ ၂၀၁၀မှာ ပေးခဲ့တဲ့ ကြိုတင်မဲ တွေ ဟာ အငြင်းပွား စရာ ဖြစ်နေ လို့  ဒါတွေကို၂၀၁၅ မှာပြုပြင် သွားဖို့လိုတယ်” ဟုပြောသည်။

တက်ရောက် လာသောနိုင်ငံရေး ပါတီများမှကိုယ် စားလှယ်များ ကလည်း ဥပဒေအရ တင်ပြ လာခြင်း မရှိဘဲ အပေါ်ယံပြင် ဆင်မှုမျှ သာဆွေးနွေးနေ ကြခြင်း ဖြစ် သည်။ အနှစ်သာရ ဖြစ်သည့် ၂၀၀၈ဖွဲ ့စည်းပုံ၏ အားနည်း ချက်ထဲ မှရွေးကောက် ပွဲအတွက်ပြင် ဆင်ရမည့်ရွေးေ ကာက် ပွဲဆိုင် ရာပုဒ် မများ အကြောင်း တင်ြ ပဆွေး နွေးကြခြင်း မရှိကြပေ။

ယင်း တွေ့ဆုံပွဲသို့ ပြည်နယ်၊ ခရိုင် ၊မြို့နယ် ရွေးကောက် ပွဲကော်မရှင် အဖွဲ့ဝင်များ၊ အမျိုးသား ဒီမိုကေ ရစီ ပါတီ၊ မွန်ဒေ သလုံး ဆိုင်ရာဒီမို ကရေ စီပါတီ၊ တိုင်း ရင်း သား စည်းလုံး ညီ ညွတ်ရေးပါတီ ၊၈၈မျိုး ဆက်ကျောင်း သားလူ ငယ်များပါ တီနှင့် ပြည်ထောင် စုကြံ့ခိုင်ရေး နှင့်ဖွံ့ဖြိုးရေး ပါတီမှ ကိုယ်စားလှယ် များ စုစုေ ပါင်း(၂၀၀) ၀န်းကျင် ခန့် တက်ရောက် ခဲ့ပါသည်။

၁၉၈၈ ပြည်သူ အရေး အခင်း ဖြစ် ပြီးသည့် နောက်ပိုင်း စစ်အစိုးရသည် ရွေးကောက်ပွဲ နှစ်ကြိမ် ကျင်းပ ပေးခဲ့ ပါသည် ။ ၁၉၉၀ ခုနှစ် ရွေးကောက်ပွဲ နှင့် ၂၀၁၀ ရွေး ကောက်ပွဲ ဟူ၍ ဖြစ်သည်။ ၁၉၉၀ ရွေးကောက် ပွဲသည် လွတ်လပ် ပြီးတ ရားမျှတ သည့် ရွေးကောက်ပွဲ ဖြစ်သည်ဟု တကမ္ဘာ လုံးက လက်ခံ ထား သော်လည်း စစ်အစိုးရ မှ အာဏာ လွှဲပြောင်း ပေးခြင်း မရှိခဲ့ပေ။

၂၀၀၈ ဖွဲ့စည်းပုံ အခြေခံ ဥပဒေ ကို တဖက်သတ် ရေးဆွဲထားပြီး ပြင်ဆင် သင့်သော ပုဒ်မများကို လည်း မပြင်ဘဲ တင်းခံနေရင်း ဆန္ဒခံယူမှု များ လိုက် လု ပ်နေခြင်း သည်ပင် ရည်မှန်းချက် တရပ်အား ဆက်လက် အကောင်အ ထည် ဖေ ါ်နေခြင်း ပင် ဖြစ်သည်ဟု ဝေဖန်သူများလည်းရှိနေကြောင်းသိရသည်။

၂၀၁၀ ရွေးကောက် ပွဲမှ တက်လာေ သာ ပြည်သူ့ကိုယ်စား လှယ်များသည် အများစုသည် အာဏာရ အစိုးရ ပါတီဝင် များဖြစ်သည့် အတွက် ၂၀၁၅ ရွေးကောက်ပွဲ သည်လည်း တစုံတရာ ပြောင်းလဲ မည့် အနေအထား မတွေ့ရ ကြောင်း နိုင်ငံရေးအကဲခတ်သူများက သုံးသပ် နေကြပါသည်။

Most read this week