NCCT နှင့် UPWC တို့ ရက်တိုး ဆွေးနွေးမှု နှင့် လက်ရှိစစ်ရေး အခြေအနေများ

NCCT နှင့် UPWC တို့ ရက်တိုး ဆွေးနွေးမှု နှင့် လက်ရှိစစ်ရေး အခြေအနေများ
by -
ရွှေဟင်္သာ

တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့ ၏ တနိုင်ငံလုံး အပစ်အခတ် ရပ်စဲရေး ဆိုင်ရာ ညှိနှိုင်းရေး အဖွဲ့(NCCT) နှင့် အစိုးရ ပြည်ထောင် စု ငြိမ်း ချမ်း ရေး ဖေါ်ေ ဆာင်ရေး အဖွဲ့ (UPWC) တို့၏ နှစ်ရက် ဆွေးနွေးမှု တွင် အဆင်မပြေသေးသဖြင့် ရက်တိုးဆွေးနွေးခဲ့ရသည်ဟု (NCCT) အဖွဲ့ဝင် တဦးက ဆိုပါသည်။

NCCT နှင့် ဆွေးနွေးနေသော အစိုးရ စစ်ဖက်ကိုယ် စားလှယ်များ ဓါတ်ပုံ ဦးညိုအုန်းမြင့်

“ ခက်တာက စစ်တပ်ရဲ့ သဘောထားပါ။ သူတို့က လက်နက်ချရေး အဖြစ်မျိုးကို တွန်းနေတော့ အဆင်မပြေ နိုင်ဘူး ပေါ့။ ဥပမာ ၂၀၀၈ ဥပဒေကို သူတို့က အ တည်ပြု ခိုင်းနေတယ်။ ကျနော်တို့က ပြုပြင်ရ မယ်ဆိုတဲ့ သဘောထား ရှိ နေတော့ စစချင်းကိုဘဲ ညှိနေတော့ တာပါဘဲ။ ဒါပေမဲ့  အကောင်း ဖက်ကို တော့ ရှေ့ရှုပြီး အဖြေရှာ သွားပါ့မယ်” ဟု ဆိုပါ သည်။

တပ်မတော်ရဲ့ သဘောထားကို အစိုးရကိုယ် စားလှယ် တဦးဖြစ်သူ ဒုတိယ ဗိုလ်ချုပ်ကြီး သက်နိုင်ဝင်းက တင်ပြသွား ခြင်းဖြစ်ကြောင်းသိရသည်။ ၄င်းသည် တပ်မတော် ကာ ကွယ်ရေး ဦးစီးချုပ်၏ တနိုင်ငံလုံး အပစ်အခတ် ရပ်စဲရေး သဘောထားကို အောက်ပါအတိုင်း တင်ပြသွားခြင်း ဖြစ်ပါသည်။

"တပ်မတော် ဦးစီးချုပ်၏ မူဝါဒများမှာ တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့များ အနေဖြင့် ၂၀၀၈ ဖွဲ့စည်းပုံ အခြေခံ ဥပဒေ ဖြင့် ဒီမိုကရေစီ တည်ဆောက်မှု ကိုလက် ခံရမည်။ ငြိမ်းချမ်းရေး ရရှိရန် အမှန်တကယ် ဆန္ဒရှိရမည်။ ဒေသခံ ပြည်သူ များဝန်ထုတ်ဝန်ပိုး မဖြစ်စေရန် နိုင်ငံတော် မှ ထုတ်ပြန် ထားသော တည်ဆဲ ဥပဒေများကိုတိတိကျကျ လိုက်နာရမည်။ ဒို့တာဝန် အရေးသုံးပါးနှင့် ဒီမိုကရေစီ အနှစ်သာရကို လက်ခံရမည်။ သဘောတူ စာချုပ်များကို ကတိ တည်စေရန် နှင့် ငြိမ်း ချမ်းရေး သဘောတူညီချက်ကို အမြတ်မထုတ်ရန် နှင့် ထိုမူဝါဒများကို စစ်တပ်ဖက်မှ လိုက်နာ ပြီးမှ ထာဝရ ငြိမ်းချမ်းရေးအတွက် ညှိနှိုင်း ဆောင်ရွက် သွားမည်" ဟူသောအချက်များ ဖြစ်ပါသည်။

အစိုးရ ကိုယ်စားလှယ် ဖက်မှ တင်ပြချက် သည် (NCCT) မူနှင့် ကွဲလွဲနေ သလို တဖက်သတ် လည်းကျ ကြောင်း၊ ဤ သို့ကြောင့် ကာကွယ်ရေး ဦးစီးချုပ်မှ တင်ပြသော မူဝါဒ အားပြန်လည် ညှိနှိုင်းရန် လိုအပ်သည်ဟု (NCCT) အဖွဲ့ခေါင်းဆောင် နိုင် ဟံသာက ဆိုပါသည်။

NCCT အဖွဲ့ဝင် မဟုတ်သည့် ရှမ်းပြည် ပြန်လည် ထူထောင်ရေး ကောင်စီ (RCSS) ကလည်း တိုင်းရင်းသား အဖွဲ့များ အနေနှင့် တည်ဆဲ ဥပဒေကို လက်ခံ ရမည် ဆိုနိုင် သော်လည်း တပ်မတော် အနေနှင့် ၂၀၀၈ ဖွဲ့စည်းပုံ အခြေခံ ဥပဒေ ကို ကိုင်စွဲ ပြီး ဆွေးနွေး လာခြင်းသည် အဆင်ပြေမည် မဟုတ်ကြောင်း ပြောရေး ဆို ခွင့်ရှိသူ ဗိုလ်မှူးကြီး စိုင်းလှက ဆို ပါသည်။

ဤကဲ့သို့ ဆွေးနွေး မှုများ မပြီးပြတ် သည့်အတွက် ဆွေးနွေးပွဲကို နောက်ထပ် တရက် တိုးရန် လိုအပ် လာခဲ့ကြောင်း ဆွေး နွေးပွဲအပြီး ကျင်းပသည့် ယမာန်နေ့ ညနေပိုင်း သတင်းစာ ရှင်းလင်းပွဲတွင်  နှစ်ဖက်ခေါင်း ဆောင်များက ပြောကြား ခဲ့ပါသည်။

တနိုင်ငံလုံး အပစ် အခတ် ရပ်စဲရေး စာချုပ် မူကြမ်း တစောင် ဖြစ်ရေး အတွက် နှစ်ဖက် ကိုယ်စားလှယ် များက (၂)ရက် တာ ညှိနှိုင်း နေခဲ့ခြင်း ဖြစ်ပါသည်။ ဆွေးနွေးပွဲ အဖွင့် မိန့်ခွန်းတွင် ၀န်ကြီး ဦးအောင်မင်းက "တစ်နိုင် ငံလုံး အတိုင်း အတာ အပစ်အခတ် ရပ်စဲရေးကို စာချုပ် လက်မှတ်ရေး ထိုးပြီး တာနဲ့ တပြိုင်နက်တည်းမှာ ပဋိပက္ခများချုပ်ငြိမ်း ရေး၊ ငြိမ်းချမ်း ရေး တည်ဆောက်ရေး နှင့် ငြိမ်းချမ်းရေး ဖြစ်စဉ်ကို အခြေပြု သော အမျိုးသား ပြန်လည် စည်းလုံးညီ ညွှတ်ရေး လုပ်ငန်း စဉ်များ စတင်နိုင်ဖို့ အတွက် လိုအပ်မည့် ကျယ်ပြန့်သော နိုင် ငံရေးဆွေး နွေး ပွဲများကို ကျင်းပနိုင် ရေးပဲဖြစ် ပါတယ်၊ မိမိတို့ အနေဖြင့် အထက်ပါ ရည်မှန်းချက် ၃ခုထားရှိ ပြီး တစ်နိုင်ငံလုံး အတိုင်း အတာ အပစ်အ ခတ်ရပ် စဲရေး သဘောတူ စာချုပ် လက်မှတ်ရေး ထိုးနိုင်ရေး ကြိုးပမ်း နေခြင်း ဖြစ်ကြောင်းထပ် လောင်း ပြောကြား လိုပါတယ်"ဟု မိန့်ကြားခဲ့ပါသည်။

အစိုးရ စစ်ဖက် ကိုယ်စား လှယ်ဖက်မှ တင်ပြသော အချက် (၆)ချက်ပါ သဘောထား သည် အသစ်ပြန် လည် ညှိနှိုင်းရ တော့မည့် အခြေအနေ ဖြစ် သည်ဟု NCCT ဖက်မှ သဘောထား ခဲ့ကြောင်း NCCT အဖွဲ့ဝင်တဦးက ဆိုပါသည်။ အစိုး ရသည် ၄င်းတို့ချမှတ်ထားသော ၂၀၀၈ အခြေခံ ဥပဒေကို ပြင်ဆင် လိုခြင်း မရှိကြောင်း၊ ထို ဥပဒေကို လက်မ ခံပါက ရှေ့ဆက် ဆွေးနွေးရန် အခက်အခဲ ဖြစ်လိမ့် မည်ဟု ၄င်းက ခန့်မှန်းထားပါသည်။

NCCT အဖွဲ့ဝင် မဟုတ်သောမြန်မာနိုင်ငံလုံး ဆိုင်ရာ ကျောင်းသားများ ဒီမိုကရက်တစ် တပ်ဦး (ABSDF)၊ “ဝ” ပြည် သွေးစည်း ညီညွတ်ရေး တပ်မတော် (UWSA) နှင့် အမျိုး သားဒီမိုကရေစီသွေးစည်း ညီညွတ်ရေး တပ်မတော် (NDAA) နှင့် နာဂအမျိုးသား ဆိုရှယ်လစ် ကောင်စီ (NSCN-k) တို့၏ သဘောထား ကို မူ လောလောဆယ် ထုတ်ပြန် ပြောဆိုခြင်း မသိသေးပေ။

NCCT နှင့် အစိုးရ ငြိမ်းချမ်းရေး ဖေါ်ဆောင်ရေး အဖွဲ့တို့သည် ပြီးခဲ့သည် ဧပြီလ (၅)ရက်နေ့ နှင့် (၆)ရက်နေ့တွင် ရန် ကုန်မြို့ရှိ မြန်မာ ့ငြိမ်းရေး စင်တာ(MPC) တွင် တွေ့ဆုံ ဆွေးနွေးနေ ကြခြင်းဖြစ်ပါသည်။ တဖက် ကိုယ်စားလှယ် (၉)ဦး စီ ပါ၀င် ပြီး အခန်း(၇)ခန်း ပါသည့် စာချုပ်တရပ် ရရှိရန် ဆွေးနွေး နေ ကြခြင်း ဖြစ် ပါသည်။

(၂၀၀၈) ဖွဲ့စည်းပုံ ကို ပြင်ဆင် လိုသော အဖွဲ့နှင့် ထိုအတိုင်း လိုက်နာစေ လိုသော အဖွဲ့နှစ်ဖွဲ့ကြား ညှိနှိုင်းရ ခက်ခဲ နေသလို ရှမ်းပြည် မြောက်ပိုင်းနှင့် ကချင်ပြည် နယ် အနောက်ပိုင်း  တွင်လည်း တိုက်ပွဲများ ဆက်လက် ဖြစ်ပွားနေ ဆဲ ဖြစ်ပါသည်။

ထို့အပြင် ကချင်ပြည်နယ် မြစ်ကြီးနား အခြေစိုက် အစိုးရမြောက်ပိုင်း တိုင်းစစ် ဌာချုပ်မှ တိုင်းမှူး ဗိုလ်ချုပ် ထွန်းထွန်း နောင်သည် လည်း ပြီးခဲ့သည့် ရက်ပိုင်းက (KIA) ဌာနချုပ်လိိုင်ဇာအနီးရှိရှေ့တန်းစခန်း တခုဖြစ်သော ဘွမ်ရယ်ဘွမ် (Bum Re Bum) တောင်ကုန်း စခန်းသို့ရောက် ရှိခဲ့ကြောင်း KIA ဌာနချုပ်မှ အရာရှိ တဦးက ဆိုပါသည်။

ရှမ်းပြည် မြောက်ပိုင်း တိုက်ပွဲများ၊ ကချင်ပြည်နယ် ဖါးကန့်တိုက်ပွဲများနှင့် တိုင်းမှူး၏ ရှေ့တန်း ခရီးစဉ်များ သည် ယခု ဆွေးနွေးနေသော အပစ်အခတ် ရပ်စဲရေး စာချုပ်နှင့် ပါတ်သက်မှု ရှိသည်ဟု အကဲခတ်များက ဆိုပါသည်။

Most read this week