တနင်္သာရီ တိုင်း၌ မွန်လူဦးရေ (၆) သောင်းပြည့်တော့မည်

တနင်္သာရီ တိုင်း၌ မွန်လူဦးရေ (၆) သောင်းပြည့်တော့မည်
by -
ရွှေဟင်္သာ

တနင်္သာရီ တိုင်းဒေသ ကြီး၌ မွန်လူဦးရေ ခြောက်သောင်း ပြည့်မှီရန် ထောင်ဂဏန်း မျှသာ ကျန်ရှိ တော့ကြောင်း စာ ရင်း ကောက်ခံ နေသည့် မွန်လူမှု အဖွဲ့ အစည်း မှမွန် တက္ကသိုလ် ကျောင်း သူ /သား ဟောင်းများ အဖွဲ့ဝင် မိငွေ လေး က ပြောသည်။

“အခု တနင်္သာရီ တိုင်း (၁၀) မြို့နယ် ထဲက (၆) မြို့နယ်မှာ လူဦးရေ ၅၀,၀၀၀ ကျော်နေပြီး ဖြစ်တယ်။ (၆) သောင်း ပြည့်ဖို့ ၆,၀၀၀ လောက် ဘဲလိုတော့ တယ်။  ဒီတော့ ကောက်ဖို့ ကျန်နေသေး တဲ့မြို့နယ် တွေနဲ့ မွန်လူမျိုးအိမ် ထောင်စု စာ ရင်းမှာ ဗမာ ဆိုပြီး ဖြစ်နေတာ အဲဒါတွေ အားလုံး ပေါင်းလိုက်ရင် ၆၀,၀၀၀ ပြည့်မှာပါ” ဟု သူမကဆို ပါသည်။

မွန်လူမျိုးအတွက် ကုတ်နံပါတ် မွန်လူမျိုးအတွက် ကုတ်နံပါတ် (ဓါတ်ပုံ - အင်တာနက်)

မွန်လူဦးရေ ကောက်ခံနေ သည့် အဖွဲ့သည်  အစိုးရပြ ဌာန်းသော ဥပဒေ အရ လူဦးရေ၏ ၀.၁ရာခိုင်နှုန်း ပြည့်မှီပါ က တိုင်းရင်းသား ရေးရာ ဝန်ကြီးတစ်ဦး ခန့် ထားခွင့် ရှိသည့် အတွက် တနင်္သာရီတိုင်း ရှိ မွန်လူဦးရေ စာရင်းကို ကြိုးစား ကောက်ခံနေခြင်း ဖြစ်ကြောင်းသိရသည်။

ထို့အပြင် အစိုးရ ကောက်ခံနေ သည့် သန်းခေါင် စာရင်းတွင် ရရှိသော မွန်လူဦးရေ စာရင်းနှင့် ကိုက်ညီမှု  ရှိမရှိ သိလို သည်ဟု ဆိုပါသည်။ ကောက်ခံမှုကို မူ ပြီးခဲ့သည့် ဇန်နဝါရီလ က စတင်ခဲ့ခြင်း ဖြစ် ပြီး ကောက်ခံရာတွင် ဒေသ အာ ဏာပိုင် အချို့၏တားဆီးစစ်ဆေး မေးမြန်း မှုများလည်း ခံခဲ့ရကြောင်း ဆက်ဆိုသည်။

 “ကျမတို့ အဖွဲ့ကို နယ်မြေခံ SB တွေ၊ ထောက်လှမ်း ရေးတွေလာပြီး မေးမြန်း တာမျိုး လုပ်တယ်၊ တားတော့ မတား ဘူး၊ ကျမတို့ လိုပဲ အခြား ကောက်ကွက်မှာ သွားတဲ့လူတွေကိုလည်း တားတာတို့ စစ်ဆေး မေးမြန်း တာတို့ လုပ် တယ်” ဟုဆိုပါသည်။

အာဏာပိုင်များက နှောက်ယှက်မှုများပြုလုပ်ရာတွင် ဒေသခံ ပြည်သူ လူထုများအား ခြောက်လှန့်ထားခြင်း၊ ကျေးရွာ ဥက္ကဋ္ဌ များမှ အိမ် ထောင် စုစာရင်းများ သိမ်းဆည်း ထားပြီး ငွေ ညှစ် ခြင်းများပြုလုပ်နေသောကြောင့် ဒေသဆိုင်ရာ အာဏာပိုင် များ၏ ငြိုငြင်မှုအား ကြောက်၍ ပူးပေါင်း ပါဝင်ရန် အားနည်းလာသည် ဟု ၄င်းတို့အဖွဲ့ကမြင်သည်။

ထိုသို့ပြဿနာရင်ဆိုင်နေရသည်ဟုဆိုသော်လည်း ဒေသခံများထံမှ စာရင်းများကိုကောက်ယူမှု ပြိုနိုင်ဆဲဖြစ်ကြောင်းသိရသည်။

တနင်္သာတိုင်း ဒေသကြီးရှိ ရေဖြူ မြို့နယ်တွင် မွန်လူမျိုး အများဆုံးနေထိုင်ကာ ထိုမြို့နယ် တစ်ခုတည်း ၌ပင် လူဦးရေ ၃၀,၀၀၀ ကျော် ရှိပြီး  မွန်လူ ဦးရေ ကောက်ခံမှုကို  မွန်ပြည်နယ် ဘက်မှ (၆) ဦး နှင့် တနင်္သာ ရီတိုင်း ဘက်မှ (၁၁) ဦး စုစုပေါင်း (၁၇) ဦးဖြင့် ကောက်ခံ ခဲ့သည်ဟု ဆိုသည်။

တနင်္သာရီ တိုင်းတွင် မြို့နယ် (၁၀) မြို့နယ် ရှိသည့် အနက် ရေဖြူ ၊ မြိတ်၊ ဘုတ်ပြင်း၊ကျွှန်းစု၊ ကော့သောင်း၊ တနင်္သာ ရီ၊ ပုလော စသည့် မြို့နယ်များအား ကောက် ခံခဲ့ပြီး ထားဝယ်၊ သရက်ချောင်း၊ လောင်းလုံ မြို့နယ် များသာ ကျန်ရှိကြောင်းသိရသည်။ ထို (၇)မြို့နယ်တွင် ကောက်ယူပြီးနောက် ပထမအကြိမ် မွန် လူဦးရေ စာရင်းကောက် ယူမှုကို ရပ်ဆိုင်းပြီး သင်္ကြန် ကာလ ကျော်လွန်ပါက  ဒုတိယအကြိမ် ကောက်ယူမှုကို စတင်မည် ဖြစ်သည်ဟုဆိုသည်။

တနင်္သာရီတိုင်းဒေသကြီး အတွင်း မွန်လူဦးရေ စာရင်းမှန် ရရှိရေး ကော်မီတီသည်  ငြိမ်း ဖောင်ဒေးရှင်း၊ စေတနာ ဖောင်ဒေးရှင်း ၊ မော်လမြိုင် တက္ကသိုလ် ကျောင်း သား ဟောင်းများ အဖွဲ့ ၊ မွန်အမျိုးသမီး အဖွဲ့၊ မွန်လူငယ် အဖွဲ့ များ နှင့် မွန်နိုင်ငံရေး ပါတီ များမှ ကိုယ်စားလှယ် များဖြင့်စုပေါင်း ဖွဲ့စည်း ထားပါသည်။

Most read this week