တနိုင်ငံလုံးအပစ်ရပ်ရေးစာချုပ်ရေးဆွဲရေး၌ UNFC မဟုတ်သော အပစ်ရပ်အဖွဲ့များ အား အစိုးရဖိတ်ကြားမည်

တနိုင်ငံလုံးအပစ်ရပ်ရေးစာချုပ်ရေးဆွဲရေး၌ UNFC မဟုတ်သော အပစ်ရပ်အဖွဲ့များ အား အစိုးရဖိတ်ကြားမည်
by -
ရွှေဟင်္သာ

အစိုးရ၏ ပြည်ထောင်စု ငြိမ်းချမ်းရေး ဖေါ်ဆောင်ရေး ကော်မီတီ သည် တနိုင်ငံလုံး အပစ်အခတ် ရပ်စဲရေး စာချုပ် ကိစ္စ ဆွေးနွေးရာတွင် ညီညွတ်သော တိုင်းရင်း သား လူမျိုးများ ဖက်ဒရယ် ကောင်စီ (UNFC ) အဖွဲ့ဝင် မဟုတ်သော အ ပစ် ရပ် အဖွဲ့များ ကိုလည်း ဖိတ်ကြား မည်ဖြစ် ကြောင်း မြန်မာ့ ငြိမ်းချမ်းရေး စင်တာ (MPC) မှ အကြီးတန်း အရာရှိ တဦး က ယမာန်နေ့တွင် ပြောဆိုခဲ့ ပါသည်။

“ လာမယ့် ဧပြီလ ဆန်းမှာ ကျနော်တို့နဲ့ အပစ်ရပ် အဖွဲ့တွေ တနိုင်ငံလုံး စာချုပ်အတွက် ညှိနှိုင်းတဲ့ ပွဲမှာ တက်ဖို့ဖိတ် ကြားမယ်။ အထူး သဖြင့် UWSA တို့ ABSDF တို့ RCSSတို့လိုအဖွဲ့ မျုုိးတွေပေါ့။ သူတို့လည်း ပါအောင်ဖိတ် မှာပါ။ ဒါမှလည်း အားလုံးပါ၀င် တဲ့တနိုင်ငံ လုံးအပစ် အခတ်ရပ် စဲရေး စာချုပ်ဟာ အဓိပ္ပါယ်ရှိ မှာပေါ့” ဟုဆိုပါသည်။

ဤကဲ့သို့ အစိုးရ ဖက်က တရားဝင် ဖိတ်ကြား လာပါက ၄င်းတို့ တက်ရောက် လိမ့်မည် ဖြစ်ကြောင်း ၀ပြည် သွေးစည်း ညီ ညွတ် ရေး ပါတီ ပြောခွင့်ရသူ ဦးအောင် မြင့်က ဆိုပါသည်။ ထို့အတူ အစိုးရဖက်မှ တရားဝင် ဖိတ်ကြား လာပါက ၄င်းတို့လည်း ကိုယ်စားလှယ် စေလွှတ် မည်ဟု မြန်မာနိုင်ငံလုံး ဆိုင် ရာ ကျောင်းသားများ ဒီမိုကရက်တစ် တပ်ဦး (ABSDF) ဥက္ကဋ္ဌ ရဲဘော် သံခဲ မှဆိုပါသည်။

ရှမ်းပြည် ပြန်လည် ထူထောင်ရေး ကောင်စီ RCSS/SSA ကမူ အပစ် အခတ်ရပ် စဲရေး စာချုပ် ရေးဆွဲရေး ဆွေးနွေးပွဲ ကိစ္စ ဖိတ် ကြားလာပါက တက်ရောက် မည် ဖြစ်ကြောင်း MPC အား အကြောင်းကြား ထားပြီးဖြစ် သည်။

တနိုင်ငံလုံး အပစ်အခတ် ရပ်စဲရေး စာချုပ် ညှိနှိုင်း ဆွေးနွေးပွဲ ကို လာမည့် ဧပြီလ (၅) ရက်နေ့တွင် နှစ်ရက်တာ ဆွေး နွေးမည် ဖြစ်ကြောင်း တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့များ၏ တနိုင်ငံလုံး အပစ်အခတ် ရပ်စဲရေး ဆိုင်ရာ ညှိနှိုင်း ရေး အဖွဲ့(NCCT) အဖွဲ့ခေါင်းဆောင် နိုင်ဟံသာ မှဆိုပါသည်။

ယင်းညှိနှိုင်း ပွဲတွင် NCCT နှင့် ပြည်ထောင်စု ငြိမ်းချမ်းရေး ဖေါ်ဆောင်ရေး လုပ်ငန်းကော်မီတီ (UPWC) တို့မှ ကိုယ် စား လှယ် (၉)ဦးစီ တက်ရောက် ကြ မည် ဖြစ် သည်။ ဤဆွေးနွေးပွဲသို့ UNFC အဖွဲ့ဝင် မဟုတ်သော အပစ်ရပ်အ ဖွဲ့ များ တက်ရောက်စေရန် UPWC ဖက်မှ ထပ်မံဖိတ်ကြား ခြင်းဖြစ်ပါသည်။

““အဲဒီပွဲမှာ NCCT နဲ့ UPWC ကော်မီတီ တွေကဘဲ  ဦးဆောင် ညှိနှိုင်းသွားမှာပါ။  လက်မှတ် ထိုးတဲ့အခါ ကျရင်တော့ အားလုံး ပါ၀င်ရမယ် ဆိုတဲ့အဲ ဒီအချက် ကို သဘောတူ လို့ UNFC  အဖွဲ့ဝင် မဟုတ်တဲ့ နောက်ထပ် (၅)ဖွဲ့ကို ဖိတ် လိုက် တဲ့သဘောပါဘဲ။” ဟု MPC အကြီးတန်း အရာရှိ ဦးလှမောင် ရွှေက ဆိုပါသည်။

ညှိနှိုင်း ဆွေးနွေးပွဲ ကို NCCT ခေါင်းဆောင် နိုင်ဟံသာ က ဦးဆောင် တက်ရောက် မည်ဆိုသော်လည်း ညှိနှိုင်း ရေး အဖွဲ့ခေါင်းဆောင်ကို ဒုတိယ အဖွဲ့ခေါင်းဆောင် တဦး ဖြစ်သူ ပဒိုကွယ်ထူး ၀င်းအား တာဝန် ပေးထား သည်ဟု နိုင် ဟံသာ ကဆိုပါသည်။

စာချုပ် ညှိနှိုင်းမှု ပြေလည်သည့်အပေါ် မူတည်ပြီး စာချုပ် အတည်ပြု လက်မှတ်ထိုးပွဲကို ကရင်ပြည်နယ် ဖါးအံမြို့တွင် ကျင်းပမည် ဖြစ်ပါသည်။ ထိုမှတဆင့် တနိုင်ငံလုံး လက်မှတ် ရေးထိုးပွဲ အစီစဉ်ကို နေပြည်တော် တွင် ကျင်းပဖွယ် ရှိ ကြောင်း (MPC) အကြီးတန်း အရာရှိ က ဆိုပါသည်။

Most read this week