နှစ်ပတ် ကျော်ကြာ တိုက်ပွဲ ရပ်နား လာခဲ့ပြီးမှ အစိုးရတပ် များသည် ယနေ့ နံနက်(၀၉းဝဝ) နာရီခန့် တွင် တအာင်း ဒေသ၊ နမ့်ဆန် မြို့ နယ်၊ မန်လုံး ကျေးရွာ အုပ်စု မန်လုံး ကျေးရွာနှင့် ပန်အ လောက် ကျေးရွာ ကြားတွင် တအာင်းလွတ်မြောက်ရေးတပ်မတော် (PSLF/TNLA) တပ်ရင်း (၂၅၆) တပ်ဖွဲ့များ ရှိမည် အ ထင်ဖြင့် မန်လုံး ဘုန်းတော်ကြီး ကျောင်းမှ နေ၍ ပန်အ လောက် ကျေးရွာ ဖက် သို့ လက်နက်ကြီး ဖြင့် (၆)ကြိမ် ခန့် စတင် ပစ်ခတ် ခဲ့သည် ဟု (TNLA) အတွင်း ရေးမှူး တာဘုန်း ကျော်က ဆိုပါသည်။
“စပစ်တာ ကတော့ မနက် (၉)နာရီ ကတည်းက ပေါ့လေ။ ဒါပေမဲ့ တနာရီခြား တကြိမ်နဲ့ တကြိမ် ကို နှစ်လုံး သုံးလုံး ပစ်တာမျိုး ညနေ (၄)နာရီ အထိကို ပစ်နေ တုန်းဘဲ။ ပြီးတော့ မနေ့တုန်း ကလည်း နာရီဝက်ကျော် တိုက်ပွဲဖြစ် သေးတယ်။ အထိနာ သွားပုံရ လို့ နောက် ဆုတ်သွားတယ်။ ဒါနဲ့ ဒီနေ့ မနက်မှာ လက်နက် ကြီးနဲ့ ပစ်နေတော့ တာပါဘဲ။” ဟုဆိုပါသည်။
ဇန်နာဝါရီ (၂) ရက်နေ့ ညနေ (၄)နာရီတွင်လည်း မန်လုံး ကျေးရွာ နှင့် ပန်အ လောက် ကျေးရွာ ကြား တွင် (TNLA) တပ်ရင်း (၂၅၆) မှ တပ်ဖွဲ့ ၀င်များ စခန်း ချ နေသော နေရာသို့ ကျောက်မဲ မြို့ အခြေစိုက် ခမရ (၅၀၂)နှင့် နမ့်လန် အခြေစိုက် ခမရ ( ၅၀၆) တို့၏ ပူးပေါင်း စစ်ကြောင်း မှ ၀င်ရောက် တိုက်ခိုက် ရာ မိနစ် (၃၀) ခန့် တိုက်ပွဲ ဖြစ်ပွား ခဲ့ပါသည်။
တိုက်ပွဲ မစ တင်ခင် အင်အား (၁၀၀) ကျော်ခန့် ရှိသည့် အစိုးရ တပ်များသည် မန်လုံး ကျေးရွာမှ နေပြီး ပန်အ လောက် ကျေးရွာ ဖက် သို့(PSLF/TNLA) တပ် ဖွဲ့များ ရှိနိုင် သည်ဟု ယူဆရ သည့် နေရာ များသို့ လက်နက်ကြီး /လက်နက် ငယ်များ ဖြင့် မွန်းလွဲ ၁၄း၄၅ နာရီ ကတည်းက ပစ်ခတ် နေခဲ့ ပြီးမှ ညနေ (၄) နာရီတွင် ၀င်ရောက် တိုက်ခိုက် ခဲ့ခြင်း ဖြစ်ပါသ ည်။
ထိခိုက် သေဆုံးမှု မသိရ သေးသော် လည်း အထိ နာပြီး နောက်ဆုတ် ခဲ့ခြင်း ဖြစ်သည် ဟု ဆိုပါသည်။ နောက်ဆုတ် ရာတွင်လည်း ပန်အလောက် ရွာသား (၄၀) ကျော် ကို ဖမ်းဆီးပြီး မိုင်းရှင်း လင်းရေး ဒိုင်း အဖြစ် ရှေ့သွား ခိုင်း ခဲ့ ကြောင်း ဆိုပါသည် ။ (TNLA)ပျောက်ကျား စခန်းများ သည် ယာယီ စခန်းများ သာ ဖြစ်ပါသည်။ နေရာ ကောင်းရွေး ပြီး အစိုးရ တပ်များ၏ ၀င်ရောက် တိုက်ခိုက်ခြင်း အခွင့် ကောင်း ကို ယူလေ့ရှိ ပါသည်။
ဤကဲ့သို့ အထိနာခဲ့ သဖြင့် ယနေ့ မနက်ပိုင်း တွင်လက် နက်ကြီးဖြင့် ထပ်မံ ပစ်ခတ်ခြင်း ဖြစ်ပါ သည်။ အစိုးရ တပ်များသည် ပြီးခဲ့သည့် ဒီဇင်ဘာ တတိယ အပတ် မှစပြီး တိုက်ခိုက် မှုရပ်စဲ ခဲ့ပြီးနောက် ယမာန်နေ့ ကမှ (TNLA)ကို ထပ်မံ တိုက်ခိုက် လာခြင်းဖြစ် ပါသည်။
အစိုးရ၏ အပစ် အခတ် ရပ်စဲရေး ကမ်းလှမ်း ချက်များ သည်လည်း တိုက်ပွဲ များကြောင့် ယုံကြည်မှု မတည် ဆောက်နိုင် သဖြင့်ကြန့် ကြာ နေခြင်းဖြစ် ကြောင်း (TNLA) ဖက်မှ ထောက်ပြ ထားပါသည်။