လိုင်ဇာ အတွေ့ အကြုံ ရှင်းလင်းပွဲ ကယားပြည် တွင် KNPP ကျင်းပ

လိုင်ဇာ အတွေ့ အကြုံ ရှင်းလင်းပွဲ ကယားပြည် တွင် KNPP ကျင်းပ
by -
ရွှေဟင်္သာ

ကယားပြည်နယ် ရှိ လက်နက်ကိုင် အဖွဲ့အစည်းများ၊ နိုင်ငံရေးအဖွဲ့ အစည်းများနှင့် လူငယ် အဖွဲ့အစည်းများ ၏ တောင်းဆို ချက်အရ ကရင်နီ အမျိုးသား တိုးတက်ရေး ပါတီ ကိုယ်စားလှယ် များသည် တပြည်လုံး အပစ်အခတ် ရပ်စဲရေးဆိုင်ရာ ဆွေးနွေးပွဲ အတွေ့အကြုံ ရှင်းလင်းပွဲ တရပ်ကို လွိုင်ကော်မြို့နယ် ထေးသမ ကျေးရွာတွင် နိုဝင်ဘာ(၁၁)ရက်နေ့က  ကျင်းပခဲ့ သည်ဟု အဖွဲ့ေ ခါင်းဆောင် ဒုတိယဥက္ကဌ ခူဦးရယ်က ဆိုပါသည်။

“အဓိက ရှင်းပြတာ ကတော့ အပစ်အခတ် ရပ်စဲရေး အခြေအနေ၊ လိုင်ဇာ အစည်းအဝေး အခြေအနေနဲ့ မြစ်ကြီးနားက ဦးအောင်မင်းတို့ နဲ့ တွေ့ခဲ့တဲ့ အခြေအနေ တွေကို ရှင်းပြပါတယ်။” ဟု ဆိုပါသည်။

လိုင်ဇာဆွေးနွေးပွဲ သို့ တက်ရောက်ခဲ့သော ဒုတိယ ဥက္ကဌ ခူဦးရယ် ဆွေးနွေးခဲ့စဉ်

ကယားပြည်တွင် အစိုးရနှင့် အပစ်အခတ် ရပ်စဲထားသည့် ရှမ်းပြည်လူမျိုး ပေါင်းစုံ လွတ်မြောက်ရေး အဖွဲ့နှင့် ကယားပြည် လူမျိုးပေါင်းစုံ လွတ်မြောက်ရေး လက်နက်ကိုင် အဖွဲ့အစည်းများ ရှိသလို အပစ်မရပ်ရ သေးသည့် ကယန်းပြည် သစ်ပါတီလို အဖွဲ့အစည်း လည်းရှိကြပါသည်။

ကယန်းပြည်သစ် ပါတီ အတွင်းရေး(၁) ဖြစ်သူ ဗိုလ်မှူး စောလွင်ကမူ အစိုးရ၏ တပြည်လုံး အတိုင်းအတာ အပစ်အခတ် ရပ်စဲရေးတွင် အဖွဲ့ (၁၈)နဲ့သာ ဆိုင်သည်ဟု ကန့်သတ်ထား ပါက ကန့်ကွက်မည် ဖြစ်ကြောင်း၊ တပြည်လုံး ခံယူထား သည့်အတွက် လက်နက်ကိုင် အဖွဲ့အစည်း အားလုံးနှင့် ဆိုင်သင့်ကြောင်း သဘောထား ခဲ့ပါသည်။ အလားတူ ကယားလူငယ် ကိုယ်စားလှယ် များကလည်း ၄င်းတို့၏ အမျိုးသား စည်းလုံး ညီညွတ်ရေး အဆိုကို တင်ပြ ခဲ့ကြပါသည်။

ထို့အပြင် ကယားပြည်နယ်တွင် အဖွဲ့အစည်း ပေါင်းစုံ ပါ၀င်သည့် ပြည်နယ် လုံးကျွတ် ဆွေးနွေးပွဲ ကျင်းပရန်လည်း အဆို ပြုကြပါသည်။ ဤဆွေးနွေးပွဲမျိုးကို လာမည့် ဒီဇင်ဘာလတွင် ကျင်းပရန် ဆန္ဒရှိကြောင်း လူငယ်အဖွဲ့ အစည်းများက တင်ပြခဲ့ကြပါသည်။

အဆိုပါ ညီလာခံ ကျင်းပရေး ကို လောလောဆယ်တွင် မဆုံးဖြတ်နိုင် သေးကြောင်း၊ ကျင်းပဖြစ်ပါက (၁) အမျိုးသားပြန် လည်သင့်မြတ်ရေး၊ (၂) အမျိုးသား စည်းလုံး ညီညွတ်ရေးနှင့် (၃) နိုင်ငံရေး သဘောထား ရပ်တည်ချက်များ အား ဆွေးင်္နွေးသင့်ကြောင်း ဆွေးနွေး ခဲ့ကြပါသည်။

ယင်းဆွေးနွေးပွဲသို့ ကယားပြည် အတွင်းရှိ အဖွဲ့အစည်း(၁၀) ဖွဲ့မှ ကိုယ်စားလှယ်ပေါင်း (၅၀)ခန့် တက်ရောက်ခဲ့ကြပြီး အကျဉ်းချုပ် ဆွေးနွေး ခဲ့ကြပါသည်။

(KNPP) ဒုတိယဥက္ကဌ ဦးဆောင်သော ကိုယ်စားလှယ် အဖွဲ့သည် မနက်ဖြန်နို ၀င်ဘာ (၁၄)ရက်နေ့တွင် ကယားပြည်နယ် အစိုးရနှင့် တွေ့ဆုံရန်ရှိပါသည်။ အထူးသဖြင့် ပညာရေး ကျန်းမာရေးနှင့် လူမှုရေးကိစ္စ အပါ၀င် ပူးပေါင်းဆောင်ရွက် စရာရှိသည့် လုပ်ငန်းတချို ့ကို ဆွေးနွေး ကြမည်ဖြစ်သည်။

ယင်း ဆွေးနွေးပွဲသို့ ဒုတိယ ဥက္ကဌ ဦးဆောင်သော ဗဟိုကော်မီတီဝင် (၇)ဦးခန့် တက်ရောက်မည် ဖြစ်ပါသည်။ (KNPP) သည် (၂၀၁၂) ခုနှစ် မတ်လတွင် အစိုးရနှင့် အပစ်အခတ် ရပ်စဲခဲ့ပါသည်။ ပြည်ထောင်စု အဆင့်ဖြင့် (၃)ကြိမ်မြောက် ဆွေးနွေး ခဲ့ပြီး သော်လည်း သဘော တူညီချက်များ ကိုလုပ်ငန်း အကောင် အထည်ဖေါ်ခြင်း မရှိသေးဟု ဆိုပါသည်။

Most read this week