တနသာင်္ရီတိုင်း ရေဖြူမြို့နယ် အလယ်စခမ်းကျေးရွာတွင် ပြည်သူ့စစ်ကြေးအဖြစ် တအိမ်ကို ကျပ်ငွေ(၆ဝဝဝ)ကျပ် ပေးသွင်းရမည်ဆိုသည့် အပေါ် မကျေနပ်စောဒကတက်ခဲ့သည့် ရွာသား(၃) ဦး ဖြစ်သော နိုင်ညွန့် နိုင်ဗမွန် နိုင်ထွန်းလိန်းတို့အား ခမရ(၂၈၂)တပ်ရင်းမှ ဖေဖေါ်ဝါရီ(၄)ရက်နေ့ တွင်ဖမ်းဆီးခဲ့ပြီး အဆိုပါသုံးဦးထဲမှ နိုင်ထွန်းလိန်း အမည်ရှိရွာသားတစ်ဦးကို သတ်ဖြတ်ခဲ့သည်ဟု ဒေသခံများမှပြောပါသည်။
ယင်းကဲ့သို့ ဖမ်းဆီးသတ်ဖြတ်မှုကို အလယ်စခမ်းကျေးရွာဥက္ကဌနှင့် နယ်မြေခံစစ်တပ်တို့ ပူးပေါင်းပြီးလုပ်ဆောင်ခဲ့သည်ဟု သေဆုံးသူ နိုင်ထွန်းလိန်နဲ့နီးစပ်သူတစ်ဦးမှ ပြောပါသည်။ ဤဖြစ်စဉ်အပေါ် ၄င်းဒေသတွင်လှုပ်ရှားနေသော မွန်ခွဲထွက်အဖွဲ့တခုဖြစ်သည့် မွန်အမျိုးသားကာကွယ်ရေးတပ်မှ ဗိုလ်မှူးဂျလွန်းထောကိုဆက်သွယ်မေးမြန်းခဲ့ရာ ဟုတ်မှန် ကြောင်း အတည်ပြုပြောဆိုခဲ့သည်။
အဆိုပါရွာသားသုံးဦးကို ဖမ်းဆီးရခြင်းမှာ မွန်ခွဲထွက်အဖွဲ့များနှင့်ဆက်သွယ်နေသည်ဟု စစ်ဘက်မှ အကြောင်းပြချက်ပေးထားသော်လည်း ၄င်းတို့၏အုပ်ချုပ်ရေးကို ကလန်ကဆန် လုပ်သောကြောင့် စံပြအနေနှင့် ယင်းကဲ့သို့လုပ်ဆောင်ခြင်းဖြစ်သည်ဟု ဤအဖြစ်အပျက်ကို သိမြင်သူ ကားသမားတစ်ဦးမှပြောပါသည်။
ရေဖြူမြို့နယ်အတွင်းရှိ ကျေးရွာများတွင် ပြည်သူ့စစ်ဖွဲ့စည်းလာသောကြောင့် ရွာသားများအနေနှင့် ပြည်သူ့စစ်ကြေးပေးဆောင်နေရသောကြောင့် ငြီးငြူနေကြသည်ဟု ရာဖူး ကျေးရွာနေရွာသားတစ်ဦးမှဆို၏။ မွန်ပြည်နယ်မြို့နယ်ကျေးရွာများတွင် နအဖစစ်အစိုးရ မှပြည်သူ့ စစ်များတိုးချဲ့ဖွဲ့စည်းရခြင်းမှာ စစ်အစိုးရ၏ ပြည်သူ့စစ်မဟာဗျူဟာအခင်းအကျင်းတခုကို အကွက်ကျကျလုပ်ဆောင်နေသည်ဟု နယ်စပ်စစ်ရေးအကဲခတ်သူ မွန်ပြည်သစ်ပါတီ မှအနားယူထားသူ အငြိမ်းစားဗိုလ်မှူးကြီးကောင်းရွက်မှအခုလို သုံးသပ်ပြောဆိ ုခဲ့ပါသည်။
“ပြည်သူ့စစ်မဟာဗျူဟာဆိုတာ နအဖစစ်အစိုးရက ပြည်တွင်းရန်ပြည်ပရန်တွေကို တိုက်ထုတ်နိုင်ဖို့အတွက် ရေးဆွဲထားတဲ့အခင်းအကျင်းစစ်ဗျူဟာတခုဖြစ်ပါတယ်။ ပြည်သူ့စစ် မဟာဗျူဟာကို လက်တွေ့အကောင်အထည်ဖေါ်တဲ့နေရာမှာ ဒီကနေ့ ဒီမွန်ပြည်နယ်မှာဆိုရင် ပြည်သူ့စစ်တွေကိုဖေါ်ဆောင်ပြီးတော့ မွန်ပြည်သစ်ပါတီက ငြိမ်းချမ်းရေးပျက်သွားမယ်ဆိုလို့ရှိယင် ဒီပြည်သူ့စစ်မဟာဗျူဟာနဲ့ပေါငး်ပြီးတော့ သူတို့တိုက်ထုတ်ဖို့အစီအစဉ်ရှိပါတယ်။ နောက်ကျိုက်မ ရောမြို့နယ်ဘက် တနင်္သာရီတိုင်း ရေဖြူမြို့နယ်ဘက်မှာလည်း ဒီအလယ်စခမ်းကျေးရွာ ကျောက် ကုတင်ကျေးရွာ ကျွဲတလင်းကျေးရွာဘက်မှာ ကျေးရွာပြည်သူ့စစ်တွေကိုဖွဲ့ပြီးတော့ ပြည်သူ့စစ် မဟာဗျူဟာ အခြေခံကိုယူပြီးတော့ လုပ်ဆောင်နေတဲ့ အနေအထားတွေ တွေ့နေရပါတယ်။”
အဆိုပါနယ်မြေဒေသများသည် ယခင်ကမွန်ပြည်သစ်ပါတီ ထိန်းချုပ်နယ်မြေဖြစ် ခဲ့သော် လည်း စစ်အစိုးရနှင့်အပစ်အခတ်ရပ်ဆဲခဲ့ပြီးနောက်ပိုင်း လက်လွှတ်ခဲ့ရသောကြောင့် နအဖတပ် များ အစားထိုးဝင်ရောက်လာခဲ့ခြင်းဖြစ်သည်။ ယခုလိုပြည်သူ့စစ်များ တိုးချဲ့ဖွဲ့စည်းလာခြင်းသည် နယ်မြေခံရွာသားများအတွက်ဝန်ထုတ်ဝန်ပိုးများပိစေပြီး နယ်ခြားစောင့်တပ်ဖွဲ့ကို လက်မခံသည့် မွန်ပြည်သစ်ပါတီအား စစ်ရေးအရ အသာစီးချုပ်ကိုင်နိုင်ရန် ကြိုတင်ပြင်ဆင်မှု အစီအစဉ် တရပ်ဟု စစ်ရေးအကဲခတ်သူများမှ သုံးသပ်ထားပါသည်။