မွန်ပြည်နယ် တောင်ပိုင်း ကျောင်းသားများ ဘိန်းစာရွက် မူးယစ်ဆေးသစ်တစ်မျိုး သုံးစွဲလာကြပြီ

မွန်ပြည်နယ် တောင်ပိုင်း ကျောင်းသားများ ဘိန်းစာရွက် မူးယစ်ဆေးသစ်တစ်မျိုး သုံးစွဲလာကြပြီ
မွန်ပြည်နယ်တောင်ပိုင်း၊ ရေးမြို့နယ်မှ အထက်တန်း ကျောင်းသား အများစုသည် စျေးပေါပေါဖြင့် ဝယ်ရရှိနိုင်သော ဘိန်းစာရွက်များကို အရည်ကျိုပြီး မူးယစ်ဆေးဝါး အသွင်ဖြင့် သုံးစွဲနေကြသည်ဟု ဒေသခံများက ပြောပြ ...

ကောင်းဝါ(ဒီဇင်ဘာ-၁၆)။    ။မွန်ပြည်နယ်တောင်ပိုင်း၊ ရေးမြို့နယ်မှ အထက်တန်း ကျောင်းသား အများစုသည် စျေးပေါပေါဖြင့် ဝယ်ရရှိနိုင်သော ဘိန်းစာရွက်များကို အရည်ကျိုပြီး မူးယစ်ဆေးဝါး အသွင်ဖြင့် သုံးစွဲနေကြသည်ဟု ဒေသခံများက ပြောပြချက်အရ သိရသည်။

သို့ရာတွင် ကျောင်းပြင်ပချိန်တွင်သာ သုံးစွဲမှုများရှိသဖြင့် ကျောင်းဆရာများမှ အသိပညာပေးတားမြစ်ပြောဆိုခြင်း မပြုကြသလို အာဏာပိုင်တို့ကလည်း ရာဇဝတ်မှုများမဖြစ်ပေါ်သေးသဖြင့် အရေးယူဖေါ်ထုတ်မှုများ မရှိခဲ့ပေ။

ထိုမျှမက ချဲထီ၊ ဘော်လုံးပွဲလောင်းကစားခြင်းသည်လည်း ကျောင်းသားလူငယ်များအကြား ယခုအခါ ပိုမိုများပြားလာသည်ဟု ဒေသခံများ ပြောကြားနေကြသည်။

အဆိုပါ ဘိန်းစာရွက်သတ္တုကျိုရည်သည် ဖန်စီဒိုင်းကဲ့သို့ မူးယစ်စေတတ်သည့်အာနိသင်ရှိသည်ဟုဆိုပါသည်။ ငွေကြေးကုန်ကျသက်သာပြီး အလွယ်အကူ ပြုလုပ်နိုင်သော မူးယစ်ဆေးဖြစ်သည့်အတွက် အခုလိုသုံးစွဲမှုများ ပိုမိုတွင်ကျယ်လာသည်ဟု ယူဆရသည်။

ဘိန်းစာရွက် မူးယစ်အရည်နှင့်ပတ်သက်၍ ရေးမြို့ဇာတိ အငြိမ်းစားကျောင်းဆရာ တစ်ဦးက “ဘိန်းစာရွက်ဆိုတာက သစ်ရွက်ခပ်ထူထူအမျိုးအစားတွေထဲကပါ။ အဲဒီသစ်ရွက်ကို သူတို့က ရေနဲ့စပ်ထည့်ပြီးကျိုလိုက်တယ်။အရသာဟာ တအားခါးတယ်လို့လည်း ဆိုကြပါတယ်။ ဒီအခါးအရသာကို သောက်ရတာပိုပြီးတော့အဆင်ပြေအောင် ကော်ဖီမစ်တို့လိုမျိုး ရောဖျော်ပြီး ခလေးတွေဝိုင်းဖွဲ့ သောက်ကြတော့တာပဲ” ဟုဆိုပါသည်။

ဘိန်းစာရွက်ကိုသောက်သုံးခြင်းအားဖြင့် ၄င်းတို့၏အသိအာရုံများ ဝေဝါးထိုင်းမှိုင်းပြီး အသိစိတ်မေ့လျှော့သဖြင့် အချို့မှာ မော်တော်ဆိုင်ကယ်စီးနေစဉ် ယာဉ်တိုက်မှု ပြဿနာများဖြစ်ပေါ်ခဲ့ဘူးခဲ့ကြောင်း ဖြစ်စဉ်အချို့ကို ထိုအငြိမ်းစားကျောင်းဆရာက ရှင်းပြပြောဆိုခဲ့၏။

အဆိုပါ ဘိန်းစာရွက်မှာ တနင်္သာရီတိုင်း မြိတ်၊ထားဝယ်ဘက်မှ ပြန့်နှံ့လာသည်ဟု ဆိုပါသည်။ တိုင်းရင်းဆေးအဖြစ် ရေလုပ်သားတော်များ အသုံးပြုနေကြသည်။ ခါးသက်သက်အရသာရှိပြီး ဆီးချို သွေးချိုရောဂါများ သက်သာပျောက်ကင်းစေသည်ဟုဆိုကာ သုံးစွဲခဲ့သည်။ ယခုတွင် မူးယစ်ဆေးဝါးသစ်အသွင်ဖြင့် ပြောင်းလဲသုံးစွဲလာသည်ဟု ဒေသခံများ ယူဆပြောဆိုနေကြသည်။

Most read this week