မလေးရှား UNHCR မှ မွန်ဒုက္ခသည် တစ်ထောင့်ငါးရာကျော်ကို အသိအမှတ်ပြုပေး

မလေးရှား UNHCR မှ မွန်ဒုက္ခသည် တစ်ထောင့်ငါးရာကျော်ကို အသိအမှတ်ပြုပေး
မလေးရှားနိုင်ငံ၊ ဒုက္ခသည်များဆိုင်ရာ ကုလသမဂ္ဂ မဟာမင်းကြီးရုံး UNHCR မွန်တိုင်း ရင်းသားဒုက္ခသည် တစ်ထောင့်ငါးရာကျော်ကို အသိအမှတ်ပြုခဲ့ကြောင်း မွန်တိုင်းရင်းသား စကားပြန် နိုင်ဥက္ကာပြော ပြချက်အရ သိရ ...

ကောင်းဝါ(ဒီဇင်ဘာ-၁)။      ။ မလေးရှားနိုင်ငံ၊ ဒုက္ခသည်များဆိုင်ရာ ကုလသမဂ္ဂမဟာမင်းကြီးရုံး UNHCR မွန်တိုင်း ရင်းသားဒုက္ခသည် တစ်ထောင့်ငါးရာကျော်ကိုအသိအမှတ်ပြုခဲ့ကြောင်း မွန်တိုင်းရင်းသားစကားပြန် နိုင်ဥက္ကာပြော ပြချက်အရ သိရသည်။

“ ၃၀၀ နီးပါးလောက် ပယ်ချခံလိုက်ရတဲ့အထဲမှာ ပါသွားတယ်၊ ဘယ်တတ်နိုင်မလဲ” ဟု ဆက်လက်ပြောကြားပါ သည်။

၄င်းအဆိုအရ မွန်ဒုက္ခသည် ၂၅၀၀ ဦးခန့်သတ်မှတ်ပေးရန် UNHCR မှရည်ရွယ်ထားသော်လည်း မွန်ဒုက္ခသည် ၁၈၀၀ ခန့်သာ လွန်ခဲ့သည့်အောက်တိုဘာလတစ်လအတွင်း၌ လူတွေ့မေးမြန်းချက်များ ပြုလုပ်ခဲ့သည်ဟု သိရ သည်။

လွန်ခဲ့သည့်အောက်တိုဘာလ ၁၉ ရက်နေ့မှစတင်၍ UNHCR မှ အသိအမှတ်ပြုပေးခဲ့သည့် မွန်ဒုက္ခသည်များ အတွက် ကဒ်ပြားများထုတ်ပေးခဲ့ရာ ယနေ့မှာ နောက်ဆုံးရက်ဖြစ်သည်ဟု ဆက်သွယ်မေးမြန်းချက်များအရ သိရ ပါသည်။

အဆိုပါ UNHCR မှ ဒုက္ခသည်အဖြစ် အသိအမှတ်ပြုပေးခံရသူတို့သည် မလေးရှားနိုင်ငံမှာ တရားဝင်နေထိုင်ခွင့်ရ ကြပြီး အစိုးရဆေးရုံတွေများတွင်လည်း ဆေးကုသစရိတ်ထက်ဝက်သာ ပေးဆောင်ကြရသည်ဟု ဒုက္ခသည်များက ပြောကြားခဲ့သည်။ မလေးရှားနိုင်ငံဒေသအသီးသီးတွင်လည်း အလုပ်လုပ်ကိုင်ခွင့်ရှိသည်ဟု ဆိုပါသည်။

အဆိုပါဒုက္ခသည်များမှာ လွန်ခဲ့သည့်နှစ်များက စာရင်းပေးသွင်းထားသူများရှိသလို ယခုနှစ်တွင်ထိုင်းနိုင်ငံမှ ပြောင်း ရွေ့ကာ ထပ်မံဝင်ရောက်လာသူများလည်းရှိသည်ဟုသိရသည်။

အထူးသဖြင့်ဒုက္ခသည်အများစုမှာ စစ်အစိုးရကိုတိုက်ခိုက်နေသော မွန်ခွဲထွက်များလှုပ်ရှားရာ မွန်ပြည်နယ်၊ ရေးမြို့ နယ်တောင်ပိုင်းမှ လာကြသည်ဟု လေ့လာမေးမြန်းချက်များအရ သိရပါသည်။

Most read this week