စံခလပူရီ(ဇွန်-၁၆)။ ။ ထိုင်းနိုင်ငံနှစ် ထိစပ်နေသော နယ်စပ်မြို့ဘုရားသုံးဆူမြို့နယ် ဒေသ၌ တုတ်ကွေးရောဂါ ဖြစ်ပွါးနှုန်း ပိုမိုများပြားလာကြောင်း မွန်ပြည်သစ်ပါတီ ကျန်းမာရေးဌာနနှင့် ဆက်သွယ် မေးမြန်းချက်အရ သိရသည်။
“သုံးဆူမြ်ို့နယ်ကြံတောရွာရယ်၊ တပ်ရင်း(၃)ကျေးရွာရယ်၊ ဂျပန်ရေတွင်း ရွာမှာရောဂါဖြစ်ပွါးတဲ့ သူများနေတယ်။ ဒီရောဂါဟာ Measalegerman လို့ခေါ်တယ်။ ဗိုင်းရပ်ရောဂါပိုးတွေ အသက်ရှုလမ်းကြောင်းက တဆင့်ကူးစက် လာတာပါ။ ကျွန်တော်တို့လည်းအတတ်နူ်ိင်ဆုံး ကုသပေးနေပါတယ်၊ ဒီရောဂါကြောင့် အသက်ဆုံးရှုံမှုတွေ မရှိ ခဲ့ပါဘူး၊ ဆေးဝါးကုသမှုအပိုင်းမှာ လောလောဆယ်ရှိတဲ့ ဆေးဝါးတွေနဲ့ တတ်နိူ်င်သလောက်သာ ကုသပေးနေ ရပါတယ်၊ ရုတ်တရက်လူနာတွေကတိုးလာတော့ ဆေးဝါးလည်းအလုံအလောက် မရှိပါဘူး” ဟု မွန်ပြည်သစ်ပါတီမှ ကျန်းမာရေးမှုးတစ်ဦးက ပြောပါသည်။
အထူးသဖြင့်မွန်ပြည်သစ်ပါတီထိန်းချုပ်ထားရာနယ်မြေရှိကြံတောကျေးရွာ၊တပ်ရင်းသုံးကျေးရွာနှင့် ဂျပန်ရေတွင်း ကျေးရွာများ၌ အဖြစ်များလျှက်ရှိသည်။ ဂျပန်ရေတွင်းကျေးရွာ ဆေးရုံတွင် လူနာ (၄၀)ဦးကျော် ယင်းတုတ်ကွေး ရောဂါဝေဒနာခံစားနေကြရပြီး ကြံတောကျေးရွာနှင့်တပ်ရင်း(၃)ကျေးရွာတို့၌ အိမ်တိုင်းလိုလိုပင် ရောဂါဝေဒနာ ခံစား နေကြရသည်။
ဒေသခံတချို့က ၄င်းရောဂါကိုနီပွန်ရောဂါဟုလည်း ခေါ်ဝေါ်နေကြသည်။ အဆိုပါရောဂါဖြစ်ပွါးသော တပ်ရင်းသုံး ကျေးရွာမှာ အိမ်ခြေ ၂၀၀ ခန့်ရှိပြီးကြံတော ကျေးရွာမှာ အိမ်ခြေ ၁၅၀ ခန့်ရှိသည်။ ဂျပန်ရေတွင်းမှာအိမ်ခြေ ၃၀၀ကျော် ရှိပြီး မွန်ပြည်သစ်ပါတီ၏အုပ်ချုပ်မှုအောက်တွင် တည်ရှိနေသည်။
ယင်းတုတ်ကွေးရောဂါ ဝေဒနာခံစားခဲ့ရသူ ကြံတောကျေးရွာနေ မိခိုင်သဇင်က “ရောဂါဖြစ်စဆိုယင် မနက်အိပ်ရာ နိူးတာနဲ့ ကိုယ်လက်တွေ ကိုက်ခဲလာတယ်။ လမ်းမလျှောက်နူ်ိင်တော့ဘူး၊ အဖျားလည်းတက် ကိုယ်ကလည်း ပူလိုက်အေးလိုက်နဲ့ နေရခက်တယ်။ နီးစပ်ရာဆေးမှုးတွေနဲ့ ကုလိုက်တာ အဖျားပျောက်သွားတာနဲ့ ကိုယ်ပေါ်မှာ ခြင်ကိုက်ထားသလို အဖုအပိတ်တွေ၊ ထွက်လာတယ်၊ ရ ရက်လောက်ခံစားလိုက်ရတယ်”သည်ဟု ကောင်းဝါ သတင်းဌာနကို ပြောဆိုခဲ့ပါသည်။
ထို့အပြင် ထိုင်းနိုင်ငံ၊ ကန်ချနပူရီခရိုင် စံခလပူရီနှင့် စူရပ်ဌာနီတို့တွင်လည်း ယခုကဲ့သို့ ကူးစက်တုတ်ကွေး ရောဂါများ ဖြစ်ပွားခံစားနေရပြီး၊ Measalegermam တုတ်ကွေးရောဂါသည် အသက်ကိုအန္တရာယ် မပြုနိုင်ဟု ယူဆနိုင် သော်လည်း ကူးစက်မှုမြန်ဆန်သဖြင့် ကျန်းမာရေးအရ သတိပြုသင့်ပါသည်ဟု မွန်ကျန်းမာရေးဌာနက ဆိုပါသည်။