မိုးသက်လေပြင်းများကြောင့် မွန်ပြည်နယ် အချို့ဒေသများတွင် ပျက်စီးဆုံးမှုရှိ

မိုးသက်လေပြင်းများကြောင့် မွန်ပြည်နယ် အချို့ဒေသများတွင် ပျက်စီးဆုံးမှုရှိ
ယခုရက်ပိုင်းအတွင်း အဆက်မပြတ်ရွာသွန်းမိုးနှင့် လေပြင်းတိုက်ခတ်မှုများကြောင့် လှေအချို့ နစ်မြုပ်ခြင်းနှင့် လူနေအိမ်အချို့ မွန်ပြည်နယ်အတွင်း ပျက်ဆီးဆုံးရှုံးမှုများ ဖြစ်ပေါ်ခဲ့သည်။ မွန်ပြည်နယ်၊ ကျိုက္ကမီမြို့မှ ရေလုပ်သား ရ ယောက်လိုက်ပါသော ငါးဖမ်းစက်လှေတစ်စီး ...

ရေး(ဇွန်-၈)။    ။ ယခုရက်ပိုင်းအတွင်း အဆက်မပြတ်ရွာသွန်းမိုးနှင့် လေပြင်းတိုက်ခတ်မှုများကြောင့် လှေအချို့ နစ်မြုပ်ခြင်းနှင့် လူနေအိမ်အချို့ မွန်ပြည်နယ်အတွင်း ပျက်ဆီးဆုံးရှုံးမှုများ ဖြစ်ပေါ်ခဲ့သည်။

မွန်ပြည်နယ်၊ ကျိုက္ကမီမြို့မှ ရေလုပ်သား ရ ယောက်လိုက်ပါသော ငါးဖမ်းစက်လှေတစ်စီး ဇွန်လ ၆ ရက်နေ့၌ လေပြင်းအရှိန်ကြောင့် ပင်လယ်ပြင်အတွင်း နစ်မြုပ်ခဲ့ရာ ရေလုပ်သား ၃ ဦးမှာ ရေးမြို့နယ်တောင်ပိုင်း၊ ပင်လယ် ကမ်းခြေရွာတစ်ရွာဖြစ်သည့် သဲခုံရွာသို့ ယမန်နေ့တွင် အသက်မသေပဲ မျောပါရောက်ရှိလာ၍ ရွာသားများပြုစု စောင့်ရှောက်ထားကြသည်။ ကျန်ရေလုပ်သား ၄ ဦး၏ ကံကြမ္မာကို သတင်းအစအန မရရှိကြသေးပေ။

မုဒုံမြို့၊ တံခွန်တိုင်ကျေးရွာတွင်လည်း ဇွန်လ ၆ ရက်နေ့ လေပြင်းဒဏ်ကြောင့် လူနေအိမ် ၁ဝ လုံးခန့် ပြိုကျပျက်စီး ခဲ့ကြောင်း ဒေသခံများ ပြောပြ၏။

အလားတူ ထိုရက်နေ့မတိုင်မီတစ်ရက်၌ ကျိုက်မရောမြို့နယ်၊ ကျုံမနင်းရွာတွင်လည်း လေပြင်းဒဏ်ကြောင့် အိမ်၁၅ လုံးခန့်ပြိုကြခဲ့ကြောင်းလည်း ရွာသားများထံမှ သိရသည်။

အဆိုပါ လေပြင်းဒဏ်ကြောင့် အိမ်များပြိုကျခဲ့ရာတွင် လူအသေအပျောက်နှင့် ဒဏ်ရာရရှိခဲ့သည်ကို သတင်းမရရှိ ရသေးပေ။ အိုးအိမ်ပျက်စီးသွားခဲ့သည့် မိသားစုများကို သက်ဆိုင်ရာမှ အကူအညီတစ်တစ်ရာ မပေးအပ်ခဲ့ သော်လည်း နီးစပ်ရာ ဆွေမျိုးများက အကူအညီပေးကြသည်ဟု သိရသည်။

မြန်မာမိုးလေဝသဌာန၏ ယမန်နေ့ထုတ်ပြန်ချက်အရ မွန်၊ တနင်္သာရီကမ်းရိုးတန်းဒေသတို့တွင် လေပြင်းများ တစ်ခါတစ်ရံ တစ်နာရီ မိုင် ၄ဝ မှ ၄၅ မိုင်အထိတိုက်ခတ်နိုင်ပြီး လှိုင်းကြီးမည်ဟု ထုတ်ပြန်ထားပါသည်။ သို့သော် ရက်အကန့်အသတ် မည်မျှတိုက်ခတ်နိုင်မည်ကို မခန့်မှန်းထားပေ။

ယမန်နေ့၏ မှတ်သားဖွယ်မိုးရေချိန်လက်မများမှာ သိမ်ဇရပ်မြို့ ၄.၆၊ သထုံမြို့ ၃.၄၆၊ ရေးမြို့ ၃.၁၉၊ မုဒုံ ၂.၉၉ မော်လမြိုင် ၂.၇၉ လက်မဖြစ်ပြီး နေရာကွက်၍မိုးကြီးနိုင်ကြောင်း ယနေ့ထုတ် စစ်အစိုးရ သတင်းစာများတွင် ဖေါ်ပြပါရှိသည်။

Most read this week