(မေလ-၂၉)။ ။ စစ်အစိုးရသည် နိုင်ငံရေး အကျဉ်းသားများအား ဝေးလံခေါင်သီသော နေရာများသို့ ထောင်ဒဏ် ကြီးလေးစွာချပြီး နယ်နှင်ဒဏ်ပို့ခဲ့ကြပါသည်။ ဤအထဲ၌ကယားပြည်နယ်မှ လွိုင်ကော် အကျဉ်းထောင်လည်း ပါဝင်ခဲ့ပေသည်။ ဤအကျဉ်းထောင်သို့ နိုင်ငံရေးအကျဉ်းသား(၁၁)ဦး ရောက်ရှိခဲ့သည်ဟု ထောင်ထဲကိုရောက်ခဲ့သူ များ၏ အဆိုအရ သိရပါသည်။ ဤထောင်သို့ရောက်ခဲ့ သည့် နိုင်ငံရေးအကျဉ်းသားများမှာလည်း ကျန်းမာရေး အခြေအနေ ဆိုးဝါးနေကြကြောင်း သာမန်ထောင်ဝင်စာတွေ့ခဲ့သူများက ဆိုပါသည်။
Human rights Defender and Protector က ဦးမြင့်အေးမှာ ခါးကိုက်ဝေဒနာ၊ သွေးတိုးရောဂါနှင့် ဆီးချိုဝေဒနာ များ ခံစားနေရပါသည်။ မိသားစုမှလည်း တကြိမ်တခါမှ ထောင်ဝင်စာတွေ့ခွင့်မပြုနိုင်သေးကြောင်း သူနှင့်တွေ့ခဲ့ ရသည့်သူများက ဆိုပါသည်။
၈၈ကျောင်းသားခေါင်းဆောင် တဦးဖြစ်သူ ကိုမြအေးသည် မကြာခဏဖျားနာနေပြီး၊ ကျန်းမာရေး ကုသခွင့်အလုံ အလောက်မရရှိခဲ့ပေ၊ NLD မှ ဦးသန်းလွင်နှင့် ကိုသီဟအောင်တို ့မှာ မျက်လုံးနှင့် သွားဘက်ဆိုင်ရာရောဂါ ဝေဒနာ များ ခံစားနေရပါသည်။
အဆိုးရွားဆုံးမှာ (၂ဝဝ၈)ခုနှစ်လူထုဆန္ဒခံယူပွဲ၌ ဆန့်ကျင်လှုပ်ရှားခဲ့ပြီး ထောင်ဒါဏ်(၃၇)နှစ်စီ အချခံခဲ့ရသည့် လူငယ်သုံးဦးဖြစ်သည့် လွီးဇီငြိမ်း၊ ဒီးဒီနှင့် ကေကေကာရီယိုတို့ သုံးဦးဖြစ်ပါသည်။ ဤသူများထဲမှ ကေကောရီယိုမှာ အဆုတ်ထဲရေဝင်သည့် ရောဂါကိုခံစားနေရပြီး ထောင်ထဲက ဆေးရုံမှာလည်းမကုနိုင်၊ အပြင်ဆေးရုံကိုလည်း ကုသခွင့်မပေးသည့် အခြေအနေမျိုးနှင့် ရင်ဆိုင်နေရကြောင်း ထောင်ထဲရောက်ခဲ့သူများက ပြောပါသည်။ သို့သော် ပြီးခဲ့သည့်မေ၂၁ရက်နေ့ အကျဉ်းကျနေသည့် ဆရာဝန်တစ်ဦးဖြင့် ကုသခိုင်းခဲ့ပါသော်လည်း ဆေးဝါးမပြည့်စုံသဖြင့် ရောဂါမပျောက်သေးကြောင်းသိရပါသည်။ ကေကောရီယို၏မိသာစုသည် ဆင်းရဲသည့်အပြင် ၄င်းတို့၏ နေရပ်မှာ လည်း လွိုင်ကော်ထောင်နှင့်ဝေးလံသော ဒေသဖြစ်သောကြောင့် မိသားစုများ လာရောက်ကြည့်ရှုနိုင်ခြင်းမရှိခဲ့ပေ၊ ဤသို့ဖြင့် ၄င်း၏သူငယ်ချင်းများဖြစ်သည့် လွီးဇီငြိမ်း ဒီးဒီ နှင့် အခြားသော အကျဉ်းသားများ၏ အကူအညီကိုသာ ရယူနေရပါသည်။
လွိုင်ကော်ထောင်၌ အခြားသောနိုင်ငံရေးအကျဉ်းသားများလည်း ရှိနေသည်၊ (၂ဝဝ၈)မေလ လူထုဆန္ဒခံယူပွဲတွင် no campaign လှုပ်ရှားခဲ့သော လူငယ်သုံးဦးအပြင် ၈၈ကျောင်းသား ခေါင်းဆောင်များနှင့် အခြားသောနိုင်ငံရေး ခေါင်းဆောင်များပါ ရှိနေပါသည်။ ဤနိုင်ငံရေးအကျဉ်းသားများသည် ၄င်းတို့၏ မိသားစုမှ တကြိမ်တခါမှလာမတွေ့ နိုင်ပေ၊ ထို့ကြောင့် ထောင်ထဲ၌ ကျန်မာရေးအရ၄င်း၊ အစားအသောက်အရ၄င်း အခြေအနေဆိုးဝါးနေပါသည်။