အာဏာသုံးရပ်တွင် ဒေသခံများ တာဝန်ယူနိုင်ရေး ဥပေဒပြုသင့်ဟု KNPP ပြော

အာဏာသုံးရပ်တွင် ဒေသခံများ တာဝန်ယူနိုင်ရေး ဥပေဒပြုသင့်ဟု KNPP ပြော
by -
ကန္တာရဝတီတိုင်း(မ်)

စစ်မှန်သည့် ဖယ်ဒယ်ရယ်ပြည်ထောင်စုအတွက် ပြည်နယ်အတွင်း အာဏာသုံးရပ်တွင် တာဝန်ထမ်းဆောင် နေသည့် နေရာများတွင် တာဝန်ယူထားရသည့်သူများသည် ဒေသခံပြည်သူများသာ ဖြစ်ရမည်ဆိုသည့် ဥပဒေကို ကယား(ကရင်နီ)ပြည်နယ် လွှတ်တော်အနေဖြင့် ဆွေးနွေးတင်ပြသင့်သည်ဟု ကရင်နီအမျိုးသားတိုး တက်ရေးပါတီ KNPP မှ အမြဲတမ်းဗဟိုကော်မတီဝင် ဦးမီရယ်အောင်မြတ်က ပြောသည်။

ဦးမီရယ်အောင်မြတ်က “ကိုယ့်နယ်ကိုယ့်ဒေသကသူတွေကို စီမံအုပ်ချူပ်တဲ့နေရာမှာ လုပ်ပိုင်ခွင့်တွေ နေရာတွေရဖို့ ဥပဒေက ပြဌာန်းထားပေးစေလိုတယ်” ဟုပြောသည်။

gen-ag-myant-roks

KNPP မှ အမြဲတမ်း ဗဟိုကော်မတီဝင်လည်းဖြစ် KNPP တပ်မတော်တွင်လည်း ဒု-စစ်ဦးစီးချူပ် ဗိုလ်ချူပ် အောင်မြတ်က စက်တင်ဘာလ ၂၇ ရက်နေ့ ဒီးမော့ဆိုမြို့ မော့ဒူကလားမေးခန်းမဆောင်တွင် KNPP နှင့် လူထုကိုယ်စားလှယ်များ မြို့နယ်အဆင့် တွေ့ဆုံဆွေးနွေးမှုအပြီးတွင် ပြောဆိုသွားခြင်းဖြစ်သည်။

ပြည်သူ့အရေးတွင် အာဏာသုံးရပ်ဖြစ်သော ဥပဒေပြုရေး၊ တရားစီရင်ရေး၊ အုပ်ချူပ်ရေး အထူးသဖြင့် ၂၀၀၈ ဥပဒေကို ပြုပြင်နိုင်ရေး အသစ်ဖွဲ့စည်းနိုင်ရေး တို့ကို တင်ပြဆွေးနွေးသင့်ကြောင်း ပြောသွားသည်။

“ဥပဒေပြုတာက ကိုယ့်ပြည်နယ်နဲ့ မကိုက်ညီတဲ့ဥပဒေတွေရှိတယ်။ အုပ်ချူပ်ရေးဆိုရင် ကိုယ့်ပြည်နယ်က သိတဲ့သူဖြစ်ရမယ်။ တခြားပြည်က တခြားနယ်က လာအုပ်ချုပ်နေတယ် အဲလိုဖြစ်နေတယ်။ တရားစီရင်ရေး လည်း ထိုနည်းလည်းကောင်းပဲ တခြားတိုင်းရင်းသားတယောက်က ဒီက တိုင်းရင်းသား တယောက်ရဲ့ အခြေအနေမှန်ကိုမှမသိဘဲနဲ့ဟာကို ဘယ်လိုလုပ် တရားစီရင်မလဲ” ဟုပြောသည်။

ယခုအချိန်ထိ လက်နက်ကို တော်လှန်ခဲ့ရခြင်းသည်လည်း အာဏာသုံးရပ်ကြောင့်ဖြစ်ကြောင်း ၎င်းအာဏာ သုံးရပ်ကို ပြည်သူ့လက်ထဲ အမှန်တကယ်ရောက်စေလိုကြောင်း၊ သမ္မတမှ တိုက်ရိုက် ရွေးကောက်လိုက်သည့် ဝန်ကြီးချူပ်များသည် ဗဟိုချူပ်ကိုင်မှုများနေကြောင်း၊ ဒေသခံနယ်သူနယ်သားမှ တိုက်ရိုက်ရွေးကောက်သည့် သူများသာလျှင် ဖယ်ဒယ်ရယ် ပြည်ထောင်စုစနစ်ဖြစ်ကြောင်း ပြောသည်။

အာဏာသုံးရပ်၏ ထိပ်ပိုင်းတွင် တာဝန်ယူထားရသည့် သူများသည် ဒေသခံများမရှိကြပဲ တခြားသော တိုင်း၊ ပြည်နယ်မှဒေသခံများကိုသာ အများဆုံးတွေ့ရသည်။ ထို့ကြောင့် လုပ်ငန်းပိုင်းဆိုင်ရာများတွင် အောက်ခြေ ပြည်သူလူထုများနှင့် ပြောဆိုဆက်ဆံမှုအပိုင်းတွင် အခက်အခဲများ ရှိနေကြရသည်။

ထို့ကြောင့် မြို့နယ်အလိုက် အဆင့်ဆင့်သို့ တရားဝင်မှတ်ပုံတင်လျှောက်ထားခွင့် တောင်းနေကြသည့် ဖွံ့ဖြိုးရေးလုပ်ငန်းများ ဆောင်ရွက်နေကြသည့် ဒေသခံလူမှုရေးအသင်း အဖွဲ့များသည် ယခုကဲ့သို့ မြို့နယ်အုပ် ချူပ်ရေးအဆင့်တွင် အဆင်မပြေနိုင်ဖြစ်နေကြရပြီး နောက်တဆင့်မတက်လှမ်းနိုင်ပဲ နောက်ကြနေကြရသည့် အဖြစ်မျိုးကြံုတွေ့နေကြရသည်ဟု ဒီးမော့ဆိုမြို့နယ်မှ အမည်မဖော်လိုသူ ဖွံ့ဖြိုးရေးလုပ်သား တစ်ဦးက ပြောသည်။

“ကိုယ့်ပြည်နယ်အတွင်းမှာပဲ ဖွံ့ဖြိုးရေးလုပ်တဲ့အဖွဲ့က ဒီပြည်နယ်အစိုးရဆီမှာပဲ တင်ရမယ်ဆိုတော့ မြို့နယ်ကနေ စတင်တာ အရင်နှစ်ကတည်းကပေါ့ အုပ်ချူပ်ရေးမှူးပြောတာကတွေက ဒီလိုအဖွဲ့တွေက ဘာဖြစ်လိုက INGOs တွေနဲ့ပူးပေါင်းရတာလဲ ဘာလဲ စတာတွေ ဟိုမေးဒီမေးနဲ့ တခါမှ ကျနော်တို့ အပေါ်နားလည် သဘောမပေါက်လာဘူးဖြစ်နေတယ်။ ဒီတနှစ်လည်း ထပ်တင်ထားတယ်”ဟု ပြောသည်။

အုပ်ချူပ်ရေးဆိုရာတွင်လည်း နယ်မြေဒေသခံမှ အုပ်ချူပ်သင့်ကြောင်း၊ တရားစီရင်ရာတွင်လည်း နယ်မြေဒေသခံမှသူများက စီရင်သင့်ကြောင်း၊ ဥပဒေပြုရေးဆိုရာတွင်လည်း နယ်မြေ ဒေသခံများကသာလျှင် သူ့နယ်မြေနှင့်သူ ဥပဒေပြုသင့်ကြောင့် ဗိုလ်မှူးချူပ်အောင်မြတ်က ပြောဆိုသွားသည်။

Most read this week