တစ်နိုင်ငံလုံး အပစ်ခက်ရပ်စဲရေး လက်မှတ်ရေးထိုးနိုင်ရန် လူထုအနေဖြင့် စိတ်ရှည်သည်းခံပေးရန် KNPP ပြော

တစ်နိုင်ငံလုံး အပစ်ခက်ရပ်စဲရေး လက်မှတ်ရေးထိုးနိုင်ရန် လူထုအနေဖြင့် စိတ်ရှည်သည်းခံပေးရန် KNPP ပြော
by -
ကန္တာရဝတီတိုင်း(မ်)

ကရင်နီအမျိုးသားတိုးတက်ရေးပါတီ KNPP မှ တစ်နိုင်ငံလုံး အပစ်ခက်ရပ်စဲရေးအတွက် လက်မှတ်ရေးထိုးနိုင်ရန် တွေ့ဆုံဆွေးနွေးမှုများ ပြုလုပ်နေစဉ် တစ်နိုင်ငံလုံးအတိုင်းအတာဖြင့် ဆောင်ရွက်ရမည်ဖြစ်သည့်အတွက် လူထုများအနေဖြင့် စိတ်ရှည်သည်းခံပေး ရန်လိုအပ်ကြောင်း ကရင်နီအမျိုးသားတိုးတတ် ရေးပါတီ အတွင်းရေးမှူး(၁) ဦးရွှေမျိုးသန့် ကပြောသည်။

ဦးရွှေမျိုးသန့်က “လူထုတွေ မျော်လင့်နေတဲ့ တစ်နိုင်ငံလုံး အပစ်အခတ်ရပ်စဲရေး ဖြစ်စဉ်ကြီးက သိပ်မကြာခင်မှာ ပဲ ဖြစ်ပေါ်လာနိုင်တဲ့ အလားအလာ ရှိပါတယ်၊ ဒါကြောင့် လူထုတွေအနေနဲ့ စိတ်ရှည်လက်ရှည်လေးနဲ့ စောင့်ဆိုင်းပေးကြပါလို့ ပြောကြားလိုပါတယ်” ဟုပြောသည်။

ncct-roks

ပြီးခဲ့သည့်စက်တင်ဘာလ ၄ ရက်နေ့တွင် ကရင်နီအမျိုးသားတိုးတက်ရေးပါတီ KNPP နှင့် လူထုနှင့် မြို့နယ်အဆင့် တွေ့ဆုံဆွေးနွေးနိုင်ရန် အကြိုပြင်ဆင်မှု ဆွေးနွေးပွဲများ လွိုင်ကော်မြို့ ချစ်ကယ်ကျေးရွာအုပ်စု ထေသမရပ်ကွက် မော့ဒူဒီးဘိုးဟိုးတွင် ပြုလုပ်ခဲ့ပြီးနောက်တွင် ပြောဆိုသွားခြင်းဖြစ်သည်။

တစ်နိုင်ငံလုံး အပစ်ခက်ရပ်စဲရေး လက်မှတ် ရေးထိုးမှု မကြာခင် ဖြစ်ပေါ်လာနိုင်ပြီး နိုင်ငံရေးဆွေးနွေးပွဲများ သို့ ရောက်ရှိပါက လူထုများ၏ ဆန္ဒ သဘေားထားများ ပြည်သူများ၏ အသံများအားဆွေးနွေးမှုစာပွဲဝိုင်းများသို့ ရောက်ရှိအောင် ပြုလုပ်နိုင်မည့် နည်လမ်းများဆောင်ရွက်သွာမည်ဖြစ်သည့်အတွက် ယခုလို တွေ့ဆုံမှုများပြု လုပ်သွားခြင်းဖြစ်သည်ဟု ဦးရွှေမျိုးသန့်က ဆက်ပြောသည်။

လက်ရှိ အခြေနေတွင် လူထုများအနေဖြင့် ငြိမ်းချမ်းရေး ၊ဖွံ့ဖြိုးရေး အစစအရာရာ လိုအပ်ချက်တွေ ရှိနေသည့် အတွက်ကြောင့် အပစ်ခက်ရပ်စဲရေး သွားနေသည့်အပေါ် နှေးကွေးနေ သည်ဟု မြင်သော်လည်း တိုင်းရင်းသား လက်နက်ကိုင်များ နှင့် အစိုးရတို့ ဘက်ကို ပြန်ကြည့်မည်ဆိုပါက စိတ်ရှည်ဖို့ လိုနေသည့် အခြေနေဖြစ်နေ ကြောင်း ကရင်နီပြည်လူငယ်များ သမဂ္ဂ (UKSY) ဗဟိုကော်မတီဝင် ကိုဒီးဒီ ကပြောသည်။

ကရင်နီပြည်လူငယ်များ သမဂ္ဂ(UKSY) ဗဟိုကော်မတီဝင် ကိုဒီးဒီ က “ဖြစ်စဉ်က အချိန်အရပြောမယ်ဆိုရင် တော့ မဆိုးဘူးပေါ့နော်၊ အာရကျေနပ်မှု အတော်အသင့်ရှိတယ် ဒါပေမယ့်ရလဒ်နဲ့ ကတိကဝတ်တွေ နောက်တာဝန်ယူမှု ၊တာဝန်ခံမှု ကတော့အားရမှုမရှိဘူး အထူးသဖြင့် အစိုးရဖက်ပေါ့နော်” ဟု ပြောသည်။

နိုင်ငံရေးဆွေးနွေးပွဲ သို့ရောက်ရှိရန် လုပ်ဆောင်ရာတွင် အချိန်များစွာ ယူရန်လိုအပ်ပြီး အချိန်မယူပဲ မြန်ဆန်စွာ လုပ်ဆောင်ပါက ကောင်းနိုင်သော်လည်း အန္တရာယ် များကြောင်း အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ် (NLD) ကယားပြည်နယ် ဥက္ကဌ ဒေါက်တာ ဒေါ်ခင်စည်သူက ပြောသည်။

၎င်းက “အရင်တုန်း ထက်စာရင်တော့ ကောင်းလာတယ် ဆက်ကောင်းဖို့လိုတာပေါ့ တကယ် PEACE PROSSES ကိုဆွေးနွေး တဲ့အခါမှာ အချိန်ကလိုတယ် မြန်မြန်လုပ် ပြီးတော့ အချိန်တိုတို နဲ့ကလည်း လုပ်လို့မရဘူး ” ဟု ပြောသည်။

တစ်နိုင်ငံလုံး ပစ်ခတ် တိုက်ခိုက်မှု ရပ်စဲနိုင်ရေးအတွက် ပြီးခဲ့သည့် သြဂုတ်လ ၁၅ ရက်နေ့မှ ၁၇ ရက်နေ့ထိ ပြည်ထောင်စုငြိမ်းချမ်းရေး ဖော်ဆောင်ရေးလုပ်ငန်းကော် မတီ UPWC နှင့် တစ်နိုင်ငံလုံး အပစ်အခတ် ရပ်စဲရေး ဆိုင်ရာ ညှိနှိုင်းရေး အဖွဲ့NCCT တိုု့ သဘောတူ စာချုပ်မူကြမ်းအပေါ် သုံးရက်တာ ဆွေးနွေး ညှိနှိုင်းခဲ့ကြပြီး KNPP မှ လူထုကိုယ်စားလှယ်များနှင့် တွေ့ဆုံမှုများပြုလုပ်ခဲ့ခြင်းဖြစ်သည်။

တစ်နိုင်ငံလုံးအပစ်ခက်ရပ်စဲရေးတွင် အဓိကကျသည့် အခြေခံမူများ ဖက်ဒရယ်ပြည်ထောင်စု တည်ဆောက်ရေး စသည့်အချက်များ အပြင်အခန်း ၅ ခန်းကျော် ကိုသာ ဆွေးနွေးထားနိုင်ခဲ့ပြီး စက်တင်ဘာလအတွင်း ထပ်မံ တွေ့ဆုံဆွေးနွေမည်ဟု သိရသည်။

Most read this week