တပြည်လုံုး အပစ်ခတ်ရပ်စဲရေး သဘောတူလက်မှတ် ရေးထိုုးပြီးမှသာလျင် နယ်စပ်ဒုုက္ခသည်များ ပြန်လှည် နေရာ ချထားမည့် ဒေသရှိ မြေမြုပ်မှိုင်းများ ရှင်းလင်းနိုုင်မည်ဟုု ကရင်နီအမျိုးသားတိုုး တက်ရေးပါတီ - KNPP က လူထုုနှင့် တွေ့ဆုံုချိန်တွင်ပြောသည်။
တပြည်လုံုး အပစ်ခတ်ရပ်စဲရေးမသွားခင် ဇွန်လ ၆ ရက်မှ ၈ ရက်နေ့အထိ ကယား(ကရင်နီ)ပြည် လွိုင်ကော်၊ ဒီးမော့ဆိုုနှင့်ဖရူဆိုုမြို့နယ်ရှိ နေရာကိုုးခုုတွင် KNPP မှ လူထုုတွေ့ဆုံုပွဲများပြုလုုပ်လျက်ရှိပြီး ဒုုက္ခသည်များ ပြည်တွင်းသိုု ့ပြန်လာနေထိုုင်နိုုင်ရန် အစိုုးရနှင့်သဘောတူ လျာထားသောနေရာဒေသသည် မြေမြုပ်မှိုင်း များရှိနေကြောင်း ကန္တာရဝတီတိုုင်း(မ်) အား ပြောသည်။
“အဲဒီဒေသဒေသတွေမှာ မှိုင်းမရှင်းရသေးဘူး။ ကျနော်တို့က တနိုင်ငံလုံုးအပစ်ခတ်ရပ်စဲရေးပြီးမှ နို်င်ငံရေး ဆွေးနွေးလို့ပြီးတဲ့ အချိန်မှသာလျှင် နှစ်ဖက်လုံးကတော့ လက်ခံနိုင်တဲ့အချိန်ကြမှ မြေမြုပ်မှိုင်းရှင်းလင်း ကြမယ်”ဟုု KNPP ဗဟိုုကော်မီတီဝင် ခူးခဲလေက ပြောသည်။
ဒုုက္ခသည်များ ပြန်လာနေထိုုင်နိုုင်ရေးအတွက် အစိုုးရနှင့် KNPP တိုု့မှ ရှားတောမြို့နယ်တွင်းရှိ ဒေါတခဲ ဒေသတခုုအား နာမူနာအဖြစ်သာ သဘောတူထားခြင်းဖြစ် ပြန်လှည်နေထိုုင်မည့်အဆင့်အား အစိုုးရနှင့် ဆွေးနွေးမှု မပြုလုုပ်ရသေးကြောင်း ဆက်ပြောသည်။
သူက “အဲဒါတော့ ညှိနှိုင်းမှုမလုပ်ရသေးဘူး ။ အခုက ကျနော်တို့ အပစ်ခက်ရပ်စဲရေး အချက် (၂၀) တောင်မှ သဘောတူညီချက်လောက်ပဲ ရှိတယ်။ ဆုံးဖြတ်ချက်လောက်ပဲ ရှိသေးတယ်။”ဟု ပြောသည်။
ထိုင်းနိုင်ငံ မယ်ဟောင်ဆောင် ခရိုင် အမှတ်(၁)နှင့် အမှတ် (၂) စခန်း၂ ခုမှာ ဒုုက္ခသည်ပေါင်း ၃၀၀၀၀ ကျော် နေထိုင်လာခဲ့ကြရာ လက်ရှိ တတိယနိုင်ငံသို့ တသောင်းကျော် သွားရောက် အခြေချနေထိုင်ခဲ့ပြီဖြစ် သော်လည်း ၁၆၀၀၀ ကျော်တိုု့မှာ နယ်စပ်တွင် ကျန်ရှိနေသေးသည်။
မိမိနေရပ်ရင်းသုုိ့ပြန်လိုုကြသည့် ဒုုက္ခသည်များအနေဖြင့် ပြည်တွင်းငြိမ်းချမ်းရေးဖြစ်စဉ်အား အနီးကပ် လေ့လာ စောင့်ကြည့် မှုများ ပြုလုုပ်လျက်ရှိနေသည့်အတွက် လက်ရှိနှစ်ဦးနှစ်ဘက်မှမရှင်းလင်းနိုုင်သေး သည့် မြေမြုပ်မှိုင်းကိစ္စ၊ ဒုုက္ခသည်များဘဝဖူလုံုရေး၊ လုံုခြံုရေး၊ ပညာရေးနှင့် ကျန်းမာရေးကိစ္စရပ်များအား ပြေလည်နိုုင်မည့်အခြေအနေ မှသာ ပြန်လှည်အခြေချရေးကိစ္စကိုု စဉ်းစားနိုုင်မည်ဟုု ကရင်နီအမှတ် - ၁ ဒုုက္ခသည်စခန်းကော်မီတီက ဆိုုသည်။
"အခုပြန်လို့ရှိရင်လဲ လောလောဆယ်လုံခြံုမှုမရှိဘူးဆိုတာဒီလိုပါ… ပြည်တွင်းမှာလဲ မငြိမ်သက်သေးဘူး… တချိန်လုံးလိုလိုဘဲ ဆန္ဒပြတာတွေဘာတွေ ရှိတယ်လေ။ သူတို့မကျေနပ်ချက်တွေ… အစိုးရကလဲအဲ့ဒါကို ကောင်းကောင်းမဖြေရှင်းပေးနိုင်သေးဘူး"ဟုု ကရင်နီအမှတ် - ၁ ဒုုက္ခသည်စခန်းကော်မီတီပြောခွင့်ရ ဦးအောင်မောင်းက ပြောသည်။
အစိုုးရနှင့် KNPP အပစ်ခတ်ရပ်စဲရေးယူထားသည့်ကာလအတောအတွင်း ၂၀၁၃ ခုုနှစ်မေလ ၁ရက်နေ့က ရှားတောမြို့နယ်အတွင်း မြေမြုပ်မှိုင်းပေါက်ကွဲမှုကြောင့် ရွာသား ၄ ဦးဓဏ်ရာရရှိခဲ့သည်။