ရိုုးရာဓလေ့ဖြင့် လိင်အကြမ်းဖက်မှုဖြေရှင်းနည်း အမျိုးသမီးနစ်နာ

ရိုုးရာဓလေ့ဖြင့် လိင်အကြမ်းဖက်မှုဖြေရှင်းနည်း အမျိုးသမီးနစ်နာ
by -
ကန္တာရဝတီတိုင်း(မ်)

ကယား/ကရင်နီပြည်ဒေသတွင်းရှိ အမျိုးသမီးများ လိင်ပိုင်းဆိုင်ရာ အကြမ်းဖက်ခံရမှုများကို ရိုးရာဓလေ့နည်း များဖြင့်ကိုုင်တွယ်ဖြေရှင်းမှုများသည် အမျိုးသမီးအခွင့်အရေး ပိုုမိုုနှစ်နာဆုံုးရှုံးသည်ဟုု ကယန်းအမျိုးသမီး အဖွဲ့က ပြောသည်။

လက်ရှိနိုုင်ငံရေးအသွင်ကူးပြောင်းကာလများတွင် အမျိုုးသမီးအပါအဝင် လူငယ်အများစုု မူးယစ်ဆေးဝါး ပိုမိုသုံးစွဲလာကြခြင်းနှင့်ဆက်စပ်ပြီး ဖြစ်ပေါ်လာသည့် လိင်ပိုင်းဆိုင်ရာအကြမ်းဖက်မှုများကိုု ဥပဒေအရ မဆောင်ရွက်ဘဲ ရိုုးရာဓလေ့ထုုမ်းတန်းအစဉ်အလာအရ ဖြေရှင်းမှုများရှိနေချိန်တွင် ကယန်းအမျိုးသမီးအဖွဲ့ (KYWO) မှ ယင်းကဲ့သို့ပြောဆိုုခြင်း ဖြစ်သည်။

“မိန်းကလေးတဦးကို အဓမ္မပြုကျင့်ပြီးရင် တောင်းပန်တဲ့သဘောနဲ့ ၀က်တကောင်သတ်ပြီးရွာကိုလိုက် ဝေတယ်၊ ရွာက လူတွေကလည်း မကြေအေးရင်အညိုးအတေးထားမယ်ဆိုပြီး မိန်းကလေးကို နားချပြီး ကျေအေးလိုက်တယ်။ ဒီလိုမိန်းကလေးအဖို့ သူ့ပတ်ဝန်းကျင်မှာ ရုပ်ပိုင်းဆိုင်ရာ စိတ်ပိုင်းဆိုင်ရာ ၊သိက္ခာကအစထိခိုက်နေတာကို ကြက်တစ်ကောင် ၀က်တစ်ကောင်နဲ့ ကြေးအေးပေးနေရသလိုဖြစ်နေ တယ်”ဟု KYWO တွဲဘက်အတွင်းရေးမှူး ဒေါ်မူအန်းဂျေက ပြောသည်။

ထိုသို့ကြေအေးခြင်းမရှိပါက ရွာနာမည်ပျက်သည်၊ အညှိုးအတေးထားနိုင်သည်ဟုဆိုကာကာယကံရှင် အမျိုးသမီးကို ဖိအားပေးမှုများပြုလုုပ်ကာ ကာယကံရှင်အမျိုးသမီးကိုယ်တိုင်က ရှက်ကြောက်သဖြင့် တိုင်ကြားခြင်း မပြုလုုပ်နိုုင်ကြောင်းဆိုုသည်။

“ကျူးလွန်ခံရတဲ့ အမျိုးသမီးလေးတွေရဲ့ကိစ္စကိုဆောင်ရွက်ရင် ကျူးလွန်တဲ့လူအတော်များများဟာစိတ်ကြွ ဆေးတွေ သုံးစွဲထားတယ်ဆိုတာသိရတယ်၊ နောက်ပြီးစစ်လေ့ကျင့်ရေးစခန်း ဖွင့်လိုက်တဲ့ အတွက်လည်း အမျိုးသမီးအကြမ်းဖက် ခံရတာတွေရှိလာတယ်”ဟုု ဒေါ်မူအန်းဂျေက ဆက်ပြောသည်။

ကယားပြည်နယ်တွင်အမျိုးသမီးများအကြမ်းဖက်ခံရမှုကို ရိုးရာဓလေ့ဖြင့်ကျေးအေးနေမှုနှင့်ပတ်သက်ပြီး ဒေသခံ အမျိုးသမီးတဦးဖြစ်သူက “ ဒီလို ကြေအေးတယ်ဆိုတာကို ကြားနေရသေးတယ်၊ ဒါပေမယ့် မြို့ပေါ်မှာတော့ မကျင့်သုံးတော့ဘူး၊ မြို့နဲ့ အလှမ်းဝေးတဲ့ရှေးရိုးစွဲကျေးရွာတွေမှာ ခေါင်းဆောင်ကဆုံးဖြတ် တဲ့အတိုင်း လိုက်နာရတာရှိသေးတယ်”ဟု ပြောသည်။

အကြမ်းဖက်ခံရတသည့် အမျိုးသမီးတိုု့၏စိတ်ပိုင်းဆိုင်ရာ နှင့်ရုပ်ပိုင်းဆိုင်ရာ ထိခိုက်မှုများကိုအပြင် ကျန်းမာရေး စောင့်ရှောက်မှုများလည်း လိုအပ်လျက်ရှိပြီး အခုလိုအမျိုးသမီးများ လိင်ပိုင်းဆိုင်ရာ အကြမ်း ဖက်မှုများကို ဥပဒေဖြင့်တရားစွဲဆိုနိုင်ရန် ရှေ့နေငှားရမ်းနိုင်မည့်ငွေကြေး အခက်ခဲဖြစ်နေပြီး အခမဲ့ရှေ့ နေဝန်ဆောင်မှု လိုအပ်ကြောင်း KYWO အဖွဲ့ဝင် ဒေါ်မူချယ်ရီကပြောသည်။

ကယားပြည်နယ်တွင် ယခုနှစ်အမျိုးသမီးများ လိင်ပိုင်းဆိုင်ရာ အကြမ်းဖက်ခံရသည့် အမျိုးသမီးပေါင်း ခြောက်ယောက်ခန့်ရှိ နေပြီးအကြမ်းဖက်ခံရမှု့ထဲတွင် ကလေးသူငယ်များလည်း ပါ၀င်နေသည်။

လားရှိုးတွင်ပြုလုပ်သော ငြိမ်းချမ်းရေးအတွက်ယုံကြည်မှုတည်ဆောင်ခြင်းဆွေးနွေးပွဲတွင် လက်ရှိမှာမြန်မာ နိုင်ငံက စစ်အင်အားတိုးချဲ့မှုကြောင့် အမျိုးသမီးနှင့် ကလေးငယ်များ အရမ်းအကြမ်းဖက်ခံရသည့် အကြောင်းကို တင်ပြခဲ့ပြီး လျော့နည်းသွားအောင် တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့တွေလည်း ပူးပေါင်းရန် လိုအပ်ကြောင်းနှင့် ဖက်ဒရယ်မူထဲတွင် အမျိုးသမီးနှင့် ကလေးအတွက် အခန်းကဏ္ဍ သေချာရေးဆွွဲပေးရန် အမြင်သဘောထားကိုထုတ်ပြန်ခဲ့သည်ဟုု KYWO အဖွဲ့ကဆိုုသည်။

Most read this week