ငြိမ်းချမ်းရေး ထပ်မံတွေ့ဆုံုပွဲ KNPP မှ စစ်ရေးကိစ္စ ဇောင်းပေးဆွေးနွေးရန် ပြင်ဆင်ထား

ငြိမ်းချမ်းရေး ထပ်မံတွေ့ဆုံုပွဲ KNPP မှ စစ်ရေးကိစ္စ ဇောင်းပေးဆွေးနွေးရန် ပြင်ဆင်ထား
by -
ကန္တာရဝတီတိုင်း(မ်)

ထပ်မံတွေ့ဆုံုမည့် ငြိမ်းချမ်းရေးတွေ့ဆုံုဆွေးနွေးပွဲတွင် စစ်ရေးကိစ္စနှင့်ပတ်သက်၍ သဘောတူညီမှုတစုံုတရာ မရရှိပါက လက်မှတ်ရေးထိုုးမည်မဟုုတ်ကြောင်း ကရင်နီအမျိုးသားတိုုးတက်ရေးပါတီ KNPP က ပြောသည်။

အစိုုးရနှင့် KNPP တုုိ့အကြား ငြိမ်းချမ်းရေးဆွေးနွေးပွဲ လက်မှတ်ထပ်မံရေးထိုုးရေးနှင့် ပတ်သက်၍ အောက်တိုုဘာလ ၁၁ ရက်နေ့မှ ၁၃ ရက်နေ့အထိ ထိုုင်းနိုုင်ငံနယ်စပ်ဒေသရှိ ကရင်နီဒုုက္ခသည်များအကြား ရှင်းလင်းပွဲတရပ် ပြုလုုပ်ချိန် ပြောကြားလိုုက်ခြင်း ဖြစ်သည်။

“ဒီအပစ်အခတ်ရပ်စဲရေးကာလမှာတင်ပဲ ကျနော်တို့ သုံးခါလောက် လက်မှတ်ထိုးခဲ့တယ်၊ ဒါပေမဲ့ ဘာမှ သဘောတူညီမှုမရသေးဘူး စစ်ရေးကိစ္စနဲ့ ပတ်သက်လို့ အဲ့ဒါကြောင့်မို့လို့ ဒီတကြိမ်သွားရင်တော့ ဒီကျနော်တို့ဖက်က လိုချင်အနေအထားမရရင်တော့ ဒီတခေါက်တော့ လက်မှတ်မထိုးတော့ဘူး” ဟုု KNPP ဒုု-ဥက္ကဌ ခူးဦးရယ်က ပြောသည်။

အစိုုးရနှင့် ထပ်မံတွေ့ဆုံုဆွေးနွေးမှုကိုု ယခုုလနောက်ဆုံုးပါတ်နှင့် လာမည့်လပထမအပါတ်တွင် KNPP မှ ခန့်မှန်းထားသည်။

“ဘာအကျိုးရလဒ်မှ မရှိခဲ့ဘူး ဆိုတော့ ကျနော်တယောက်အနေနဲ့ ဒီတခါ ပြန်တွေ့မယ့်ကိစ္စမှာ လက်မှတ်မ ထိုးရင်လည်း ရတယ်လို့ ကျနော်ထင်တယ်”ဟုု လူထုုကိုုယ်စားလှယ် သိက္ခာရဆရာတော် ယားဒိုုကပြော သည်။

၂၀၁၂ ခုုနှစ် မေလကစပြီး ပြည်နယ်အဆင့် ပထမဦးဆုံုးအကြိမ် ပစ်ခတ်ရပ်စဲရေး သဘောတူ လက်မှတ်ရေး ထိုုးခဲ့ပြီး ပြည်ထောင်စုု အဆင့် ပထမအကြိမ်တွေ့ဆုံုပွဲကိုု ၂၀၁၂ ခုုနှစ် ဇွန်လမှာတကြိမ်၊ ဒုုတိယအကြိမ်ကိုု ၂၀၁၃ ခုုနှစ်ဇွန်လမှာတကြိမ် တွေ့ဆုံုခဲ့ကြပြီး တပ်ပိုုင်းဆိုုင်ရာကိစ္စရပ်များကိုု ရှေ့ဆက်တွေ့ဆုံုဆွေးနွေး မှုများတွင် ဆက်လက်ဆွေးနွေးသွားမည်ဟုုသာ နှစ်ဘက်သဘောတူ လက်မှတ်ရေးထိုုးခဲ့ကြသည်။  

“စစ်ရေးကိစ္စတခုကိုပဲ ကျနော်တို့ ဇောင်းပေးပြီး ဆွေးနွေးမယ်၊ ဆွေးနွေးလို့ အဆင်မပြေဘူးဆိုရင် လက်မှတ်မထိုးတော့ဘူး၊ ဒါဆိုရင် သူတို့က ကျနော်တို့ကို ဘယ်လိုသဘောထားမလဲ ပြန်ပြီးပစ်ခတ်မလား ကျနော်တို့ စဉ်းစားစရာတော့ အများကြီးရှိတယ်” ဟုု ခူးဦးရယ်က လူထုုရှင်းလင်းပွဲတွင် ပြောဆိုုခဲ့သည်။

KNPP သည် မြန်မာပြည်အစိုုးရအဆက်ဆက်ကိုု နှစ်ပေါင်း ၆၀ ကျော် လက်နက်ကိုင် တော်လှန်တိုုက်ခိုုက်ခဲ့ရာ က လက်ရှိ သမ္မတဦးသိန်းစိန်ဦးဆောင်သည့် အစိုုးရလက်ထက်တွင် အပစ်ခတ်ရပ်စဲရေး သဘောတူ လက်မှတ် ရေးထိုုးထားပြီး ယခုုလကုုန်ပိုုင်းလောက်မှာ ပြုလုုပ်မည့် တတိုုင်းတပြည်လုံုး အပစ်ခတ်ရပ်စဲရေး လက်မှတ်ထိုုးပွဲအား တက်ရောက်လတ်မှတ်ရေးထိုုးရန် ဆုံုးဖြတ်ချက် ချမှတ်ထားခြင်းမရှိသေးကြောင်းလည်း ပြောဆိုုထားသည်။

Most read this week