လွိုင်ကော်တွင် ဗုံးပေါက်ကွဲပြီးနောက် လုံခြံုရေး တင်းကြပ်ကာ စစ်ဆေးမှုများပြုလုပ်

လွိုင်ကော်တွင် ဗုံးပေါက်ကွဲပြီးနောက် လုံခြံုရေး တင်းကြပ်ကာ စစ်ဆေးမှုများပြုလုပ်
ကရင်နီပြည် လွိုင်ကော်မြို့ရှိ ကြည်သာယာရပ်ကွက် ဘူတာရုံအနီးတွင် ဗုံးပေါက်ကွဲပြီးနောက် အာဏာပိုင်များက မြို့တွင်း၌ လုံခြံုရေး တင်းကြပ်စွာ ချထားပြီး စစ်ဆေးမှုများ ပြုလုပ်နေကြောင်း လွိုင်ကော်မြို့ခံများက ပြော ...

ကရင်နီပြည် လွိုင်ကော်မြို့ရှိ ကြည်သာယာရပ်ကွက် ဘူတာရုံအနီးတွင် ဗုံးပေါက်ကွဲပြီးနောက် အာဏာပိုင်များက မြို့တွင်း၌ လုံခြံုရေး တင်းကြပ်စွာ ချထားပြီး စစ်ဆေးမှုများ ပြုလုပ်နေကြောင်း လွိုင်ကော်မြို့ခံများက ပြောသည်။

အဆိုပါ ဗုံးပါက်ကွဲမှုသည် ဖေဖော်ဝါရီလ ၁၉ ရက်နေ့ မနက်ပိုင်း ၈ နာရီခန့်တွင် လွိုင်ကော်မြို့ရှိ မြန်မာစစ်အစိုးရ ခြေမြန်တပ်ရင်း (ခလရ) ၅၄ တပ်စွဲထားသည့် တပ်စခန်း၏ အရှေ့ဘက်၌ ဖြစ်ပျက်ခဲ့ခြင်း ဖြစ်သည်။

“မြို့တွင်းမှာလဲ တပ်မတော်တွေ များသလား မမေးနဲ့တော့။ မိုင်းလုံးရပ်ကွက် ရထားသံလမ်းနားမှာ အမြောက်နှစ်စင်းနဲ့ ရဲဘော်တွေ ရပ်ထားပြီး ကင်းစောင့်ရတယ်။ ပန်းကန်း ဂိတ်အဝင် (မြို့အဝင်) လူတွေ တော်တော် ပိုစစ်ဆေးနေရတယ်။ အိတ်တွေကိုလည်း နှိုက်စစ်နေတယ်လေ” ဟု လွိုင်ကော်မြို့ခံတဦးက ပြောသည်။

ဗုံးပေါက်ကွဲမှုကြောင့် စစ်အစိုးရအာဏာပိုင်များသည် မြို့တွင်းရှိ သွားလာရေးပိုင်းတွင် စစ်ဆေးမှုများ ပြုလုပ်နေပြီး မသင်္ကာသူများကို ပိုမိုစစ်ဆေးလျက်ရှိကြောင်း အစစ်ခံရသော လွိုင်ကော်မြို့ခံတဦးက ပြောသည်။

၎င်းက “ဒီလိုပဲ လိုက်စစ်နေတာပါ။ ဆိုင်ကယ်တွေ လိုက်စစ်တယ်။ လူတွေ အများကြီး သွားနေတာကို ငါ့ဆိုင်ကယ်ကိုမှ ရွေးပြီး ရပ်ခိုင်းတယ်။ ပြီးတော့ ငါ့သူငယ်ချင်းကို ခါကျတော့ မစစ်ဘူး။ ငါ့ကိုပဲ စစ်တယ်” ဟု ပြောသည်။

ယခု ဗုံးပေါက်ကွဲမှုသည် မည်သည့် အဖွဲ့အစည်းမှ ဖောက်ခွဲသည်ကို ကြားသိမှု မရှိကြောင်း၊ ဗုံးပေါက်ကွဲမှုကြောင့် တစုံတရာ ထိခိုက်ပျက်စီးမှုလည်း မရှိခဲ့ကြောင်း ဗုံးပေါက်ကွဲသည့်အခင်းအား တွေ့မြင်သူများက ဆိုသည်။

Most read this week