ထိုင်းနှင့် မြန်မာနိုင်ငံ ကရင်နီ နယ်မြေဒေသရှိ ဟွေ့ပူလောင်းနယ်စပ်ဂိတ် တရားဝင်ဖွင့်လှစ်ပြီးနောက်် စွတ်ပိုက်စခန်းတွင် စျေးသည်များ စားသောက်ကုန် ဆိုင်ခန်း လာရောက် ဖွင့်လှစ်မှု တိုးချဲ့လာကြသည်။
“ခုတလော ခရီးသည်တွေများလာတယ်လေး၊ နွေရာသီရောက်ရင်လည်း စီးပွားရေးကုန်ကူး ခရီးသည်တွေလည်း များလာတော့မှာမို့ ဖားဆောင်းကနေ လာရောင်းတာပါ” ဟု ဆိုင်းခန်းအသစ် လာရောက်ဖွင့်လှစ်သော စျေးသည် တစ်ဦးကပြောသည်။
စွတ်ပိုက်စခန်း (ဓါတ်ပုံ - ကယားထဲ)စွတ်ပိုက်စခန်းသည် လမ်းခရီးတစ်ထောင့်နားသည့် နေရာဖြစ်ရာ ခရီးသည်များအတွက် မရှိမဖြစ်လိုအပ်သော ရပ်နားစခန်းဖြစ်သည်။
“အရင်တုန်းကဆို တစ်ဆိုင်ပဲရှိတော့ အချိန်မတော်ရောက်ရင် ဆိုင်ရှင်က အရမ်းစျေးကိုင်တာလေး။ ဒီလို ဆိုင်ခန်းတေ ွွများလာတော့ ကျနော်တို့ အတွက်စားဖို့ကော၊ အိပ်ဖို့ကော ပိုပြီးအဆင်ပြေပါတယ်” ဟု ခရီးသည် တစ်ဦးက ပြောသည်။
စွတ်ပိုက်စခန်းသည် နမ့်ပန်ချောင်းနှင့် သံလွင်မြစ်ဆုံရာ ကမ်းပါးနားတွင်ရှိပြီး ဖားဆောင်းမြို့မှ ၂၇မိုင်ခန့်ရှိကာ သံလွင်မြစ်အတိုင်း မော်တော်ဖြင့်ဆန်တက်ရာတွင် ၆နာရီမျှ ကြာပြီး ထိုမှတဆင့် ၂၁မိုင်ခန့်ရှိသော ဟွေ့ပူလောင်းသို့ နမ့်ပန်ချောင်းအတိုင်း ခရီးဆက်ရကာ ထိုင်းနိုင်ငံသို့ ကူးသန်းသွားလာရန် တစ်ထောင့်နား စခန်းဖြစ်သည်။