၂၀၁၀ စည်းရုံးရေး အစည်းအဝေး ရွာလေးရွာ တက်ရောက်ခြင်း မရှိ

၂၀၁၀ စည်းရုံးရေး အစည်းအဝေး ရွာလေးရွာ တက်ရောက်ခြင်း မရှိ
by -
နှောင်းလှိုင်
စစ်အစိုးရတပ်ဖွဲ့နှင့် ကြယ်ဖြူတပ်တို့ ပူးပေါင်းပြီး မော်ချီးဒေသမှ ရွာများအားလုံးကို ရွာသူကြီးနှင့် ရွာသူကြီး လက်ထောက်များအား ခေါ်ယူပြီး  ၂၀၁၀ ရွေးကောက်ပွဲနှင့် မဲဆွယ် စည်းရုံးရေးအတွက် အစည်းအဝေးခေါ်ရာတွင် ရွာလေးရွာက မတက်ရောက်ဘဲ ဆန့်ကျင်ကန့်ကွက်ကြ ...

 
စစ်အစိုးရတပ်ဖွဲ့နှင့် ကြယ်ဖြူတပ်တို့ ပူးပေါင်းပြီး မော်ချီးဒေသမှ ရွာများအားလုံးကို ရွာသူကြီးနှင့် ရွာသူကြီး လက်ထောက်များအား ခေါ်ယူပြီး  ၂၀၁၀ ရွေးကောက်ပွဲနှင့် မဲဆွယ် စည်းရုံးရေးအတွက် အစည်းအဝေးခေါ်ရာတွင် ရွာလေးရွာက မတက်ရောက်ဘဲ ဆန့်ကျင်ကန့်ကွက်ကြသည်ဟု ဒေသခံတဦးက ပြောသည်။
 
မော်ချီးဒေသမှ ရွာသားများအနေဖြင့် လာမည့်ရွေးကောက်ပွဲကို ထောက်ခံရန်နှင့် ကရင်နီတပ်မတော်များ ရွာထဲသို့ ရောက်လာပါက အမြန်ဆုံးသတင်းပို့ရန် စသည့်အချက်များကို အစီးဝေးတွင် လူထုအား အသိပေးပြောကြားခဲ့သည်ဟု ဆိုသည်။
 
အစည်းအဝေးသို့ မတက်ရောက်သောရွာမှာ ဂူဂေါ်ပေါ်ရွာ၊ ထိုကထူးရွာ၊ ဖားဖိုးရွာနှင့် ကယယ်ခီးရွာ တို့ဖြစ်သည်။
 
 “သူတို့က အလမ်းဝေးတယ်၊ နောက် ရန်သူက သူတို့ရွာကို မီးရွံ့ခဲ့ဖူးတယ် ဒါကြောင့် သူတိုု့ စိတ်နာပြီး ဆန့်ကျင် ကန့်ကွက််ခြင်း ဖြစ်တယ်” ဟုဒေသခံတဦးက ပြောသည်။
 
 စစ်တပ်မှ လူထုအား ယခုကဲ့သို့ စည်းရုံးခြင်းနှင့် ပတ်သက်ပြီး ကရင်နီတပ်မတော် အရာရှိတဦးဖြစ်သည့် စောခဲရိုက“ကုလားမနိုင်တော့ ရခိုင်ကိုမဲ ဆိုသလိုပေါ့ လူထုကို အနိုင်ကျင့်တယ် ဖိအားပေးတယ် လူထုက ကျနော်တို့ကို ဖိအားပေးလာတယ် အဲဒီလိုမလုပ်ပါနဲ့ ငြိမ်းချမ်းရေးကို စကားပြောပါ တောထဲ လက်နက်ကိုင်အဖွဲ့အစည်းကို လူထုကနေတဆင့် ကမး်လှမ်းတယ်” ဟု ပြောပါသည်။
 
ထိုအစည်းအဝေးကို ခလရရ၂ တပ်ရင်းမှူး အဆင့်ရှိ မိုးကျော်သူနှင့် ကြယ်ဖြူအဖွဲ့ မှ ဗိုလ်ကြီး အာရူးဒိုနှင့် ရပ်ရွာရေးဆိုင်ရာ အုပ်ချုပ်ရေးပိုင်း တာကူးမေတို့ ပူးပေါင်းပြီး မော်ချီးမြို့ ရှေ့တန်းရုံးတွင် လူဦးရေ ၅ဝ ဝန်းကျင် နှင့်၂၆ ရက်နေ့တွင် ပြုလုပ်သွားခဲ့သည်။

Most read this week