မိုးဦးကျရာသီ ဖြစ်သော်လည်း ကရင်နီပြည် ဒီမောဆိုမြိို့နယ်နှင့် ဖရူဆိုမြို့နယ် ဒေသများတွင် မိုးခေါင်၍ လယ် သမားများ မိုးစပါးအတွက် ထွန်ယက်စိုက်ပျိုးရန် အခက်တွေ့နေရကြရသည်။
ဖရူဆိုမြို့နယ် ဒေါပူရှေ့ရွာတွင် နေထိုင်သော လယ်သမားတစ်ဦးက “အခုချိန်ထိ လယ်မထွန်ရသေးဘူး၊ မိုးရွာတဲ့ ချိန်မှ စိုက်မယ်ဆိုရင် အသီးသီးကောင်းတော့မှာ မဟုတ်ဘူးလေ” ဟု ပြောသည်။
ဖရူဆိုမြို့နယ် ဒေါ်ကလောဒူအုပ်စု၊ ထီးပေါ်ဆိုအုပ်စု၊ မြို့မအုပ်စုများ၊ ဒီးမောဆိုမြို့နယ် ထီးပိုးကလိုအုပ်စု၊ ၆ မိုင် အုပ်စုများတွင် ရာသီဥတု ဖောက်ပြန်မှုကြောင့် လယ်ထွန်ယက်စိုက်ပျိုးရန် စောင့်ဆိုင်းနေကြရပြီး အချိန်လွန်မှ စိုက်ပျိုးသည့်အခါ စပါးများ အထွက်မကောင်းမှာ စိုးရိမ်နေကြပါသည်။
“မြေပဲတွေ စိုက်ထားတာ မိုးမရွာလို့ ပျက်စီးပြီး အားလုံး သေကုန်ပြီ” ဟု ဒီမောဆိုမြို့နယ် ဒေါညေးခူရွာမှ ဒေသခံ တစ်ဦး ပြောသွားပါသည်။
ဆည်များနှင့် နီးသော ဒေသများတွင် လယ်များ ထွန်ယက်နိုင်ကြသော်လည်း ကျေးလက်တောတောင် ဒေသ များတွင် အခက်အခဲများနှင့် ကြံုတွေ့ကြောင်း၊ (Care Myanmar) အဖွဲ့အစည်းများမှလည်း ရေရရှိရန် အတွက် ရေထွက်ပေါက်များ ရှိရာသို့ သွားရောက်ကြည့်ရှု့ကြပြီး အစီအစဉ်များ ရေးဆွဲကြသော်လည်း ယခုချိန် ထိ အကောင်အထည် မဖော်နိုင်သေးပဲ ရှိနေသည်ဟု ဒေသခံများက ပြောသည်။
ထိုကဲ့သို့ မိုးခေါင်၍ လယ်ယာမြေများကို ထွန်ယက်စိုက်ပျိုးနိုင်ခြင်း မရှိသည့်အတွက် အစာရေစာ ငတ်ပြတ်မည့် ဘေးနှင့် ရင်ဆိုင် ကြံုတွေ့ရမည်ကို ဒေသခံများက စိုးရိမ်နေကြပါသည်။
ဒီမောဆိုမြို့နယ်၊ ဒေါလျားခူရွာမှ ဒေသခံ တစ်ဦးက “ မိုးမရွာရင် ကျနော်တို့ ငတ်ရုံပဲ၊ ဘာမှ မတတ်နိုင်ဘူး” ဟု ပြောကြားသွားသည်။
Published
Thursday, June 18, 2009 - 19:41
မိုးခေါင်၍ လယ်သမားများ မိုးစပါးစိုက်ရန် ခက်ခဲ
မိုးဦးကျရာသီ ဖြစ်သော်လည်း ကရင်နီပြည် ဒီမောဆိုမြိို့နယ်နှင့် ဖရူဆိုမြို့နယ် ဒေသများတွင် မိုးခေါင်၍ လယ် သမားများ မိုးစပါးအတွက် ထွန်ယက်စိုက်ပျိုးရန် အခက်တွေ့နေရကြရ ...