ဟင်းရှာထွက်ရင်း မြေမြိုပ်မိုင်း နင်းမိ၍သေဆုံး

ဟင်းရှာထွက်ရင်း မြေမြိုပ်မိုင်း နင်းမိ၍သေဆုံး
ထိုင်းနိုင်ငံ မယ်ဟောင်ဆောင်ခရိုင် အတွင်းရှိ ဟွေကြာခမ်း ကျေးရွာနေ အသက် ၃၁ ၀န်းကျင်ရှိ လီးရယ်သည် ထိုင်း-မြန်မာနယ်စပ်သို့ ဟင်းရှာထွက်ကာ ကလလတ စခန်းအနီး တစ်ကီလိုမီတာအကွာ ဟွေပုချောင်းတွင် မြေမြိုပ်မိုင်းနင်းမိ၍ သေဆုံးနေသည်ကို တွေ့ရှိရ ...

ထိုင်းနိုင်ငံ မယ်ဟောင်ဆောင်ခရိုင် အတွင်းရှိ ဟွေကြာခမ်း ကျေးရွာနေ အသက် ၃၁ ၀န်းကျင်ရှိ လီးရယ်သည် ထိုင်း-မြန်မာနယ်စပ်သို့ ဟင်းရှာထွက်ကာ ကလလတ စခန်းအနီး တစ်ကီလိုမီတာအကွာ ဟွေပုချောင်းတွင် မြေမြိုပ်မိုင်းနင်းမိ၍ သေဆုံးနေသည်ကို တွေ့ရှိရသည်။

ကရင်နီ  အမျိုးသား တဦးဖြစ်သည့် ခူလီးရယ်သည်  မြန်မာနိုင်ငံတွင် စားဝတ်နေရေး အကြပ်အတင်း အခက်အခဲ့ များကြောင့် ထိုင်းနိုင်ငံ ဘက်ကို ကူးပြောင်းလာခဲ့သူ ဖြစ်သည်။ ယခု ထိုင်းကျေးရွာဖြစ်သည့် ဟွေကြာခမ်းရွာ၌ ၁၀ နှစ်ကျော် နေထိုင်လာခဲ့ပြီ ဖြစ်သည်။

ပြီးခဲ့သည့် ၂၆ ရက်နေ့က အိမ်ဆောက်လုပ်ရန်အတွက် အဖော်များနှင့်အတူ ပျဉ်ဆွဲရန် ထွက်လာခဲ့ကြသည်။ တော၌ အလုပ်လုပ်ရင်း ဟင်းရှာထွက်ရာတွင် အပစ်ရပ်အဖွဲ့ဖြစ်သော ကရင်နီပြည် လူမျိုးပေါင်းစုံ ပြည်သူ့လွတ်မြောက်ရေးတပ်ဦး (ကလလတ) တပ်စခန်းအနီးတွင် မိုင်းနင်းမိခဲ့ခြင်း ဖြစ်သည်။

ကရင်နီပြည် တပ်မတော် တပ်ရင်း ၁ မှ ထောက်လှမ်းရေးအရာရှိ စောခဲယိုက " ယာယီ စခန်းမှာ ကျန်ခဲ့တဲ့ အဖော်တွေက စိတ်ပူလို့ ကျနော့်ကို ဖုန်းဆက်သွယ်ပြုလာတဲ့အတွက် ကျနော်တို့ ရဲဘော်ကို လူလွတ်ပြီး လိုက်ရှာဖွေကူခဲ့တယ်။ ၂၉ ရက်နေ့ မွန်းလွဲ တစ်နာရီ အချိန်မှာ ချောင်းငယ်ထဲ တစ်နေရာမှာ မိုင်းထိလို့ ညဏ် ခြေတစ်ဖက်ပြတ်နေတာကို တွေ့ရတယ် " ဟု ပြောသွားပါသည်။

ခူလီးရယ်သည် တဦးတည်း ဟင်းထွက်ရှာပြီး ည ရ နာရီ အချိန်တွင် ဗုံးပေါက်သံ ကြားကာ ကလလတ အဖွဲ့အစည်း များသည် လက်နက် ကြီးပစ်ချလာ၍ အဖော်တို့သည် ကြောက်ပြီး ထွက်ပြေးပြန်ခဲ့သည်ဟု သိရသည်။ ၂ ရက် အကြာတွင် လီးရယ် ပြန်မရောက်လာ၍ ကရင်နီပြည် တပ်မတော် ကို အကူအညီတောင်ခဲ့ခြင်းဖြစ်သည်။

Most read this week