တရုတ်ကုမ္မဏီ သိမ်းဆည်း ထားသော ရှမ်းမြောက် ဒေသခံလယ်မြေ ပြဿနာများ ပြည်နယ် အစိုးရ မဖြေရှင်းနိုင်သေး

တရုတ်ကုမ္မဏီ သိမ်းဆည်း ထားသော ရှမ်းမြောက် ဒေသခံလယ်မြေ ပြဿနာများ ပြည်နယ် အစိုးရ မဖြေရှင်းနိုင်သေး
by -
သျှမ်းသံတော်ဆင့်

သျှမ်းပြည်နယ် မြောက်ပိုင်း နမ္မတူ မြို့နယ် ၊ နားဆိုင်း ကျေးရွာ အုပ်စုတွင် တရုတ်လူမျိုးပိုင် (T&C) TOP CONQUER CO, Ltd မှ သိမ်းဆည်း ထားသော လယ်ယာမြေများ ပြန်လည် ရရှိရေး အတွက် နားဆိုင်း ဒေသခံ တောင်သူ လယ်သမားများ ထပ်မံ တောင်းဆိုသည့် သတင်းစာ ရှင်းလင်းပွဲ တရပ်ကို တောင်ကြီးမြို့၊ Classic ခန်းမတွင် ဂျန္နဝါရီ ၂၄ ရက်နေ့က  ပြုလုပ်ခဲ့သည်။

တရုတ်လူမျိုးပိုင်  (စိုက်ပျိုးရေးနှင့် စက်မှုလက်မှုလုပ်ငန်း)  TOP CONQUER ကုမ္မဏီသည် ရာဘာစိုက် ပျိုးရေးစီမံ ကိန်းအတွက်၂၀၀၇ ခုနှစ်တွင် နားဆိုင်းကျေးရွာနှင့် ၂ မိုင်အကွာ မြေလွတ်မြေရိုင်းဧက(၁၅၀၀) တွင် လုပ်ကိုင်ခွင့်ရရှိခဲ့သညိဟုဆိုသော်လည်း ၄င်းကုမ္မဏီသည် အဆိုပါဒေသနှင့်တစ်ဆက်တည်းရှိ နားဆိုင်းဒေ သခံ များပိုင်ဆိုင်သော လယ်ယာမြေများပေါ် ကျူးကျော်ကာ ရာဘာစိုက်ပျိုး ခဲ့ကြောင်းသိရသည်။

0000-NT 1

“ကျနော့်လယ် ၁၅ ဧက ကုမ္မဏီသိမ်းတဲ့အထဲပါသွားတယ်။  လွှတ်တော်ကိုယ်စားလှယ် အပါအဝင် သျှှမ်းပြည်နယ်အစိုးရဆီကို တောင်းဆိုထားတာသုံးလေးကြိမ်ထက်မနည်း ရှိနေပါပြီ ။ ကျနော်တို့ မြေကို ပဲ ပြန်လိုချင်တယ်။ ကျနော်တို့ကတောင်သူတွေပါ။ လယ်မြေတွေ  မရှိရင်ကျနော်တို့ ဘာနဲ့ဝမ်းစာရှာမလည်း ”ဟု ဒေသခံတောင်သူစိုင်းယော် မှပြောသည်။

ထိုသို့လယ်ယာမြေများ အဓမ္မ ကျူးကျော်သိမ်းယူခံရသည့် ကိစ္စကို နမ္မတူမြို့နယ်မဲဆန္ဒနယ်အမှတ်(၂)  ပြည် နယ် လွှတ်တော်ကိုယ်စားလှယ် ဒေါ်နန်းခမ်းအေးထံ ၂၀၁၂ က တင်ပြတောင်းဆိုရာ ၂၀၁၃ မေလတွင် သျှမ်းပြည်နယ် စိုက်ပျိုးရေးနှင့်မွေးမြူရေးဝန်ကြီး ဦးစိုင်းဆာလူ ဦးဆောင်သောအဖွဲ့သည် နားဆိုင်း ဒေသတို့ရောက်ရှိပြီး ကွင်းဆင်းတိုင်းတာမှုများ ပြုလုပ်ခဲ့သညိ။

သို့သော်ကုမ္မဏီ၏ စိုက်ပျိုးရေးစီမံကိန်းတွင် ဒေသခံတောင်သူများပိုင်ဆိုင်သောလယ်မြေ ဧက ရဝဝ ကျော် ပါရှိကြောင်း ဦးစိုင်းဆာလူက သိရှိသော်လည်း မဖြေရှင်းပေးနိုင်သဖြင့်   ၂၀၁၄ ဇွန်လက နန်းခမ်းအေး ထံ ထပ်မံတင်ပြရာ   သျှမ်းပြည်နယ်ဝန်ကြီးချုပ် ဦးစဝ်အောင်မြတ်မှ ရာဘာပင်များဖြစ်ထွန်းအောင်မြင်မှု မရှိသဖြင့် မြေများကို ပိုင်ရှင်ထံပြန်လည်ပေးအပ်မည်ဖြစ်ကြောင်း ပြောကြားခဲ့သည်ဟုသိရသည်။

သို့သော် ယခုထက်တိုင် တာဝန်ရှိအစိုးရအဖွဲ့မှ တိတိကျကျ ဖြေရှင်းပေးခြင်းမရှိခဲ့ကြောင်း နားဆိုင်းဒေသခံ ဒေါ်နန်းကြာမှုံ မှ သတင်း စာရှင်းလင်းပွဲတွင် ရှင်းလင်း ပြောကြား ခဲ့သည်။

သိမ်းဆည်းခံတောင်သူများမှ မတရားသိမ်းယူထားသော လယ်ယာမြေများကို မူလပိုင်ရှင်ထံ ပြန်ပေးရန် ၊ မစိုက်ပျိုး လိုက်ရသည့် နှစ်အလိုက် ဆုံးရှုံး နစ်နာမှုကို ထိုက်တန်သော လျော်ကြေး ပေးရန်၊ ဒေသခံများ၏ ကျွဲ နွားများ ကုမ္မဏီ၏ ရော်ဘာခြံအတွင်း ၀င်ရောက်ခြင်းအတွက် ဒဏ်ရိုက်ထားသည်များ ကို ပြန်လည်ပေးလျော်ရန် စသည့်အချက်များကို တောင်သူလယ်သမားများက တောင်းဆို လိုက် သည်။

0000-NT 3

တဖက်တွင်လည်း လွန်ခဲ့သည့် ၅ နှစ်ကျော်က ဘိန်းအစားထိုးသီးနှံစီမံကိန်းအတွက် T&C ကုမ္မဏီက ဒေသခံ ရွာသူ ရွာသားများနှင့် အကျိုးတူ ရာဘာစိုက်ခင်း လုပ်ကိုင်ရန် အစိုးရထံ ခွင့်ပြုချက်တောင်းဆိုကာ ကုမ္မဏီမှ အရင်းအနှီးအားလုံး စိုက်ထုတ်ပြီး  ရာဘာအရောင်းအဝယ်ဖြစ်ထွန်းပါက အစွန်းအမြတ်ကို တစ်ဝက်စီ ခွဲယူ ရမည်ဖြစ်ဟု သဘောတူစာချုပ်၌ ရေးသားထားသည်။

သို့သော် ယနေ့တိုင် ကုမ္မဏီကစီမံကိန်းမစတင်သဖြင့်   နားဆိုင်းဒေသခံများက မိမိလယ်ယာမြေများပြန်လည်ရရှိလိုကြောင်း တောင်းဆိုကြခြင်းဖြစ်ပါသည်။  TOP CONQUER ကုမ္မဏီသည် နားဆိုင်းဒေသခံတောင်သူများအား လယ်ယာမြေပြန်လည်ပေးအပ်ခြင်း မရှိသည့် အပြင် ခြိမ်းခြောက််ခြင်း ၊ လယ်ယာမြေပိုင်ရှင်များအား တရားစွဲဆိုခြင်း ပြုလုပ်ခဲ့ကြောင်း နမ္မတူဒေသခံ တောင်သူလယ်သမားများကပြောသည်။

Most read this week