အမျိုးသား ပြန်လည် သင့်မြတ်ရေး အမြန်ဆုံး လုပ်ဖို့ SNLD တောင်းဆို

အမျိုးသား ပြန်လည် သင့်မြတ်ရေး အမြန်ဆုံး လုပ်ဖို့ SNLD တောင်းဆို
by -
သျှမ်းသံတော်ဆင့်

အာက်တိုဘာလ ၂၆ရက်နေ့တွင် ကျရောက်သော သျှမ်းတိုင်းရင်းသားများ ဒီမိုကရေစီ အဖွဲ့ချုပ် SNLD  ပါတီ၏ ၂၆နှစ်ပြည့် ပါတီတည်ထောင်ခြင်းနေ့တွင် ကြေငြာချက် တစ်စောင် ထုတ်ပြန်ပြီး ‘တိုင်းရင်း သားဒေသ အတွင်း ဖြစ်ပွားနေသော တိုက်ပွဲများ ချုပ်ငြိမ်း စေရေးအတွက် အမျိုးသားပြန်လည် သင့်မြတ်ရေး အမြန်ဆုံး လုပ်သင့်သည်’ ဟု တောင်းဆို လိုက်သည်။

SNLD ပါတီ ၏  ထုတ်ပြန်ကျေငြာချက်တွင် လွတ်လပ်ရေးရပြီးနောက်ပိုင်း ပြည်တွင်းစစ် မီးတောက် လောင်ရ သည်မှာ   တဘက်၏ ဆန္ဒနှင့် သဘောထားများကို တဘက်က လေးစားအသိ အမှတ်ပြုမှု မရှိခြင်း၊  ရရှိထားသော ယုံကြည်ချက်မှု အပေါ်  တဘက်ကတန်ဖိုး မထားခြင်းတို့ကြောင့် ပဋိပက္ခကို ပိုမိုရှည်ကြာစေခြင်း၊ ထို့အတွက် တိုင်းရင်းသား ဒေသ အတွင်း ဖြစ်ပွားနေသောတိုက်ပွဲများ ချုပ်ငြိမ်းစေရေးအတွက် အမျိုးသားပြန် လည် သင့်မြတ်ရေး အမြန်ဆုံးလုပ်သင့် သည်ဟု ဆိုသည်။

Vice Chair addressing Speech on Anniversary

“ကျနော်တို့ ပါတီတည်ထောင်တာ ဒီနှစ်၂၆ နှစ်ပြည့်တယ်။ ဥက္ကဌကြီးခွန်ထွန်းဦးတော့ ခရီးလွန်နေလို့ မတက်နိုင်ဘူး။ အမြို့မြို့အနယ်နယ်အတွက်တော့ သဝဏ်လွှာပေးပို့တယ် ။ အဓိက ကတော့ ငြိမ်းချမ်း သာယာတဲ့ ပြည်ထောင်စု မြန်မာနိုင်ငံတော်ကြီးအဖြစ် အဓွန့်ရှည်တည်တံ့နိုင်ရေးက ၂၀၀၈ ဖွဲ့စည်း ပုံပြင်ဆင်ရမယ်။ ဒါမှမဟုတ်အသစ်ပြန် လည်ရေးဆွဲရမယ် ” ဟု ပါတီပြောခွင့်ရ စိုင်းလိတ်က ပြောသည်။

ကျားခေါင်းပါတီခေါ် သျှမ်းတိုင်းရင်းသားများ ဒီမိုကရေစီအဖွဲ့ချုပ်၏ပါတီ တည်ထောင်ခြင်း ၂၆ နှစ်ပြည့် အခမ်းအနား ကို ရန်ကုန်မြို့ စော်ဘွားကြီးလမ်းသွယ် ပြည်လမ်း မရမ်းကုန်းမြို့နယ်တွင်ကျင်းပ ခဲ့ခြင်း ဖြစ်သည်။

အခမ်းအနားသို့ ရန်ကုန်အခြေစိုက် နိုင်ငံ ရေးပါတီ ၁၅ ခုမှ ကိုယ်စားလှယ်များ တက်ရောက်ကြောင်းခဲ့ပြီး အခမ်းအနားတွင်  ဉက္ကဌကြီးခွန်ထွန်းဦး၏ သဝဏ်လွှာ ဖတ် ကြားခဲ့သည်။ တက်ရောက်လာသော နိုင်ငံရေးမိတ်ဆွေများအား SNLD ပါတီ၏ နိုင်ငံရေးဖြတ်သန်းမှု သမိုင်းစာအုပ်  လက်ဆောင်ပေးကြောင်း သိရှိရသည်။

သျှမ်းတိုင်းရင်းသားများ ဒီမိုကရေစီအဖွဲ့ချုပ် SNLD ပါတီသည် ၁၉၉၀ ရွေးကောက်ပွဲတွင် သျှမ်း ပြည်နယ် တဝှမ်းလုံး၌ ထောက်ခံမှုအပြတ်အသတ်ရရှိ၏။ ၁၉၉၃ ဖွဲ့စည်းပုံအခြေခံဥပဒေမှ စတင် ရေးဆွဲရေးတွင်ပါ ဝင်သော်လည်း တိုင်းရင်း သားတန်းတူအခွင့်အရေးမရှိဟု ဆိုကာ အမျိုးသားညီလာခံမှ နှုတ်ထွက်ခဲ့သည်။ ၂၀၀၅ ခုနှစ်တွင် စစ်အစိုးရက SNLD ဥက္ကဌ ခွန်ထွန်းဦးအပါဝင် သျှမ်းခေါင်းဆောင်  ၉ ဦးအား ပြည်ထောင် စုမှခွဲထွက်လိုမှု၊ မတရားအသင်း ဆက်သွယ်မှုတို့ ဖြင့် ထောင်ဒဏ် နှစ်ရှည် ဖမ်းဆီး ပြစ်ဒဏ် ပေးခဲ့သည်။ ဦးသိန်းစိန် နေပြည်တော် အစိုးရသစ် တက်လာချိန် ၎င်းတို့အား လုံးထောင်မှ  လွတ်ငြိမ်းချမ်းသာခွင့်ရရှိကာ ပါတီပြန်လည် မွမ်းမံဖွဲ့စည်းခဲ့သည်။

Most read this week