ဒေါက်တာ ဓမ္မသာမိ မွေးနေ့ အတွက် ရည်ရွယ်၍ သီရိလင်္ကာရောက် သျှမ်း ကိုယ်တော်များ စာအုပ် ထုတ်ဝေမည်

ဒေါက်တာ ဓမ္မသာမိ မွေးနေ့ အတွက် ရည်ရွယ်၍ သီရိလင်္ကာရောက် သျှမ်း ကိုယ်တော်များ စာအုပ် ထုတ်ဝေမည်
by -
သျှမ်းသံတော်ဆင့်

၂၀၁၄ နိုဝင်ဘာ ၂၃ ရက်နေ့၌ ကျရောက်မည့် အရှင်ဘဒ္ဒန္တ ဒေါက်တာ ဓမ္မသာမိ ခမ်းမိုင်၏ သက် တော် ၅၀ နှစ်ပြည့် ရွှေရတု မွေးနေ့ အခမ်းအနား အတွက် ရည်ရွယ်၍ သီရိ လင်္ကာရောက် သျှမ်းကိုယ် တော်များက စုပေါင်း၍ စာအုပ် ထုတ်ဝေမည် ဖြစ်ကြောင်း သတင်း ရရှိသည်။

စာအုပ်အမည်မှာ “၁၀ ရက်စာ လေ့လာသင်ယူရေး” “္ဓ္ဂဝျးတ္ဂငျးလဵပျှုြဵ္မျးဝြျးသိပျးဝ္မျး” ဖြစ်ပြီး စာမျက်နှာ ၂၀၀ ကျော်ပါရှိကာ လူမှုရေးအကြောင်း၊ စည်းလုံးညီညွှတ်ရေးအကြောင်း၊ ပဋိပက္ခ ပြဿနာဖြေရှင်းရေးနည်း လမ်းနှင့် Critical Thinking အကြောင်းတို့ကို ရေးသားထားသည်။

Dr Damasarmi

“၁၀ ရက်စာ လေ့လာသင်ယူရေး” စာအုပ်ကို သီရိလင်္ကာရောက် သျှမ်းကိုယ်တော်များက သျှမ်းဘာ သာဖြင့် စုပေါင်းရေးသားထုတ်ဝေ၍ သျှမ်းပြည်မြောက်ပိုင်း နမ့်ခမ်းမြို့မှ အရှင်နန္ဒဝံသ ဆိုင်ဂျင့်က ကူညီစီစဉ်ပေးသည်။

“ဒီစာအုပ်ကို လက်စွဲစာအုပ်အဖြစ် ရှိထားသင့်တယ်။ ဆရာဖြစ်မွမ်းမံသင်တန်းအတွက် ဆရာ့လက်စွဲ စာအုပ်ကောင်းတအုပ်ဖြစ်တယ်။ Critical Thinking စွမ်းရည်မြှင့်တင်ဖို့အတွက်လည်း ရည်ရွယ်ပါ တယ်” ဟု အရှင်နန္ဒဝံသ ဆိုင်ဂျင့်က မိန့်တော်မူသည်။

အလားတူ ကလေးများအား ရည်ရွယ်၍ စာမျက်နှာ ၄၅ မျက်နှာပါရှိသည့် “The Buddha, His Life Story” ဟူသည့် ကာတွန်းစာအုပ်(သျှမ်းဘာသာ)ကိုလည်း ထုတ်ဝေမည်ဟု သိရှိရသည်။

“အရုပ်တွေပါတော့ ကလေးတွေကို ဆွဲဆောင်နိုင်တယ်လေ။ ဗုဒ္ဓဘာသာဝင် မိဘတိုင်းလည်း ဒီစာ အုပ်ရှိထားသင့်တယ်။ အားလပ်ချိန်မှာ ကိုယ့်ရဲ့ကလေးတွေကို ဗုဒ္ဓဝင်အကြောင်း ပြောပြနိုင်တာ ပေါ့။ ဗုဒ္ဓဘာသာဝင် ကလေးလူကြီးအားလုံး ဗုဒ္ဓမြတ်စွာဘုရားအကြောင်းတော့ သိထားသင့်ပါတယ်” ဟု အရှင်နန္ဒဝံသ ဆိုင်ဂျင့်က မိန့်တော်မူသည်။

“The Buddha, His Life Story” စာအုပ်ကို အရှင်နန္ဒဝံသ ဆိုင်ဂျင့်က ဘာသာပြန် ရေးသားထား သည်။

“၁၀ ရက်စာ လေ့လာသင်ယူရေး” စာအုပ်နှင့် “The Buddha, His Life Story” စာအုပ်ကို နိုဝင် ဘာလအတွင်း ထုတ်ဝေဖြန့်ချီသွားမည်ဟု ဆိုပါသည်။

Most read this week