ဂျပန်မြန်မာချစ်ကြည်ရေး နှစ်၆၀ ပြည့်ပွဲကို ဂျပန်နိုင်ငံ တိုကျိုမြို့တွင်ကျင်းပရာ ပရိသတ် သောင်းချီ တက်ရောက်အားပေးခဲ့ကြောင်းသိရသည်။
အဆိုပါ ယဉ်ကျေးမှုပြပွဲသို့ ဂျပန်ရောက် သျှမ်းမိသားစုများကလည်း ပါဝင် ပူးပေါင်းခဲ့ပြီး သျှမ်းရိုးရာယဉ် ကျေးမှု ဝတ်စားဆင်ယင်မှုနှင့် အကအလှ များလည်း တင်ဆက်ခွင့် ရခဲ့ကြောင်း ဆိုသည်။
အခမ်းအနားသို့ ဂျပန်ဝန်ကြီးချုပ် ရှင်ဇိုအာဘေး၏ ကတော်လည်း တက်ရောက် ခဲ့သည်ဟု ဂျပန်ရောက် သျှမ်းလူငယ် တစ်ဦးက ပြောသည်။
“ သျှမ်းရိုးရာဝတ်စားဆင်ယင်မှုနဲ့ ကိန္နရီအက အလှတွေကိုပြသခွင့်ရခဲ့တယ်။ လူတအားစည်တယ်။ ကျနော်တို့ယဉ်ကျေးမှုပြသရတဲ့အတွက် ဒီပွဲဟာဖြင့်အရမ်းကို တန်ဖိုးရှိပါတယ်။ ” ဟု အဆိုပါလူငယ်က ပြော သည်။
အဆိုပါပွဲသို့ နာမည်ကြီးအဆိုတော်များဖြစ်ကြသော မေဆွိ ဇော်ပိုင်တို့လည်း တက်ရောက်ကာ တေးသီချင်း သီဆိုဖျော်ဖြေခဲ့ကြောင်း သိရသည်။