ရွှေလီ မြစ်ရေ ပေးဝေရေး စီမံကိန်းနှင့် ပတ်သက်၍ ကျားဖြူ ကိုယ်စားလှယ် ပြည်နယ် လွှတ်တော်တွင် တင်သွင်း

ရွှေလီ မြစ်ရေ ပေးဝေရေး စီမံကိန်းနှင့် ပတ်သက်၍ ကျားဖြူ ကိုယ်စားလှယ် ပြည်နယ် လွှတ်တော်တွင် တင်သွင်း
by -
သျှမ်းသံတော်ဆင့်

ရွှေလီမြစ် ရေကို သောက်သုံးရေ အဖြစ် အသုံးပြု နိုင်ရန် ပုဂ္ဂလိက ရေပေးဝေရေး လုပ်ငန်း တစ်ခုအား သျှမ်းပြည်နယ် အစိုးရမှ မူအားဖြင့် သဘောတူ ထားသည်ဖြစ်ရာ လက်တွေ့ ဆောင်ရွက်မည် ဆိုပါက ပြည်သူ လူထုမှ ကန့်ကွက်မည် မလွှဲ ဖြစ်ကြောင်း နမ့်ခမ်းမြို့နယ် မဲဆန္ဒနယ် အမှတ် (၁) ပြည်နယ် လွှတ်တော် ကိုယ်စားလှယ် ဦးစိုင်းတင်ဦးက  ပြည်နယ် လွှတ်တော် ဒသမ ပုံမှန်အစည်း အဝေးတွင် အဆို တင်သွင်း လိုက်သည်။

အဆိုပါရွှေလီမြစ်ရေပေးဝေရေးလုပ်ငန်းကိုပြည်သူလူထုမှ ကန့်ကွက်နေသည့်ကြားက အကောင်အထည် ဖော်ဆောင်  ရန်လုပ်ဆောင်နေသည်ကို သျှမ်းပြည်နယ်အစိုးရအနေဖြင့် မည်ကဲ့သို့ ဖြေရှင်း ဆောင်ရွက် နေသည်ကို သိရှိလိုကြောင်း လည်းလွှတ်တော် ကိုယ်စားလှယ်ဦးစိုင်းတင်ဦးက သျှမ်းပြည်နယ်လွှတ်တော် တွင်မေးမြန်းခဲ့ခြင်းဖြစ်သည်။

Taunggyi meeting

လွှတ်တော်ကိုယ်စားလှယ် စိုင်းတင်ဦး၏ မေးမြန်းချက်ကို သျှမ်းပြည်နယ်အစိုးရအဖွဲ့ဝင်ပြည်နယ်စည်ပင် သာယာရေး ဝန်ကြီး ဦးစိုင်းလှဝင်းက  “ စီမံကိန်း ရပ်ဆိုင်းမည် မရပ်ဆိုင်းမည်ကို ပြည်သူ့အထောက် အကူပြု ကော်မတီများနဲ့ ညှိနှိုင်းဆောင်ရွက်ကာ ပြည်သူရဲ့သဘောထားပေါ်မူတည်ပြီးဆောင် ရွက်သွားမည် ” ဟု ဖြေကြားသွားခဲ့သည်။

ရွှေလီမြစ်ရေကိုသောက်သုံးရေရရှိသည်အထိ ပုဂ္ဂလိကကုမ္ပဏီတစ်ခုမှ ဆောင်ရွက်သွားမည် ဖြစ်ပြီး အဆိုပါရေဖြင့် နမ့်ခမ်းမြို့ခံလူထုအား ပထမဦးဆုံးပေးဝေသွားမည်ဖြစ်သည်။

လက်ရှိပုဂ္ဂလိက ကုမ္မဏီခြောက်ခုမှနမ့်ခမ်းမြို့နယ်အတွင်းရေပေးဝေရေး လုပ်ငန်းဆောင်ရွက်နေပြီဖြစ်သဖြင့် သောက် သုံးရေလည်း လုံလောက်စွာရရှိနေပြီဖြစ်ကြောင်း စိုင်းတင်ဦးကပြောသည်။

ရွှေလီမြစ်ရေကိုသောက်သုံးရေအတွက် ပေးဝေမည်ဆိုပါက - မြစ်ရေဆယ်ယူမည့်နေရာသည် မြစ်အကျေပိုင်းတွင်ကျ နေသဖြင့်  ရေထဲတွင်ဓါတုပစ္စည်း အညစ်အကြေးများ  ပါဝင်နေ ခြင်း (ရေမသန့်ခြင်း) ကြောင့် လူသားများအတွက် အဆိပ်အတောက်ဖြစ်နိုင်ကြောင်း၊ရေပိုက်သွယ် စက်ရုံထောင်မှုကြောင့် သဘာဝပါတ်ဝန်းကျင်ကိုလည်းထိခိုက်မည် ဖြစ်ကြောင်း၊ အရေးကြီးဆုံးမှာ စီမံကိန်းအ တွက်မြစ်လက်တက်သုံး ခုကို ပိတ်လိုက်ရမည်ဖြစ်သဖြင့် တောင်သူလယ် သမားများစိုက်ပျိုးရေ  အခက်အခဲဖြစ်လာနိုင်ကြောင်းလည်း စိုင်းတင်ဦးကတင်ပြခဲ့သည်။

ထိုကြောင့် ဒေသခံလူထု မလိုလားသော ရွှေလီမြစ်ရေပေးဝေရေးစီမံကိန်းနှင့် ပါတ်သက်၍ သျှမ်းပြည်နယ် စည်ပင် သာယာရေး ဝန်ကြီးဦးစိုင်းလှဝင်း၏ ပြန်လည်ဖြေကြားချက်အပေါ် ကျေနပ်မှုမရှိကြောင်း စိုင်းတင်ဦးက သျှမ်းသံတော် ဆင့်အား ဤကဲ့သို့ ဆက်လက်ပြောပြသည်။

“အထောက်အကူပြုကော်မတီကို ဆွေးနွေးပြီးတင်ထားတာရှိတယ်လို့ သျှမ်းပြည်နယ်စည်ပင်ဝန်ကြီး ကပြောတယ်။ လက်တွေ့မှာ အထောက်အကူပြု ကော်မတီသုံးရပ်ကိုဆွေးနွေးထားတာမရှိဘူး။ ဘာကြောင့်လည်းဆိုတော့ အထောက် အကူပြုကော်မတီ သုံးရပ်နဲ့ကျတော်တို့ဟာ အမြဲထိတွေ့နေတယ်လေ။ သူတို့ဆီကိုလည်းဘာမှ တင်ထားတာမရှိဘူး လို့ပြောတယ်။ ဒါဟာ လှည့် ပတ်ပြီး ဖြေနေတာလို့ဘဲ ကျနော်ထင်တယ် ”  ဟုပြောကြားခဲ့သည်။

လသာသာ ကုမ္မဏီသည် တရုတ်ရေနံဝမ်ပေါင်ကုမ္မဏီ ၏ လက်အောက်ခံကုမ္မဏီဖြစ်သည်ဟု သိရသည်။

ရွှေလီမြစ်ရေအား သောက်သုံးရေအဖြစ် သန့်စင်ပြီး  နမ့်ခမ်းလူထုအား ဖြန့်ဝေပေးရန် တရုတ် လသာသာ ကုမဏီက ပြီးခဲ့သည့်နှစ်ကတည်းက ကြိုးစားခဲ့ပါသည်။ သို့သော် ဒေသခံတွင်း ရှမ်းပါတီ ၂ ခုကျားခေါင်း ပါတီဝင် (SNLD) ၊ ကျားဖြူ ပါတီဝင် SNDP နှင့်လူထုက အလိုမရှိသဖြင့်စုပေါင်းလက်မှတ်ရေးထိုးထားကာ သျှမ်းပြည်နယ်ဝန်ကြီးချုပ်ထံ ကန့်ကွက် စာပေးပို့ဖူးသည်။  သို့သော် နမ့်ခမ်းမြို့ စည်ပင်ဥက္ကဌက စိုင်းချစ်ရွှေက သျှမ်းပြည်နယ်အစိုးရသစ်တောနှင့် သတ္တုတွင်း ဝန်ကြီး (ကျားဖြူပါတီ ဥက္ကဌ) စိုင်းအိုက်ပေါင်း ထံမှ ခွင့်ပြုချက်ရထားသည်ဟု ရပ်ကွက်၊ ကျေးရွာ အကြီးအကဲများ အား ခေါ်ယူပြောကြားခဲ့သည်။

၂၀၁၄ ခုနှစ် စက်တင်ဘာ ၅  ရက်နေ့ကလည်း အဆိုပါစီမံကိန်းနဲ့ပတ်သက်ပြီး နမ့်ခမ်းမြို့သူ၊မြို့သားများနှင့် စီမံကိန်း တည်ရှိရာ ဒေသအတွင်း ရွာသူရွာသား ၃၀၀၀ ကျော်က သျှမ်းပြည်နယ်ဝန်ကြီးချုပ်ထံ ကန့်ကွက်ကြောင်း အိတ်ဖွင့်စာ ထပ်မံပေးပို့ခဲ့ကြောင်း သိရသည်။

Most read this week