RCSS ရုံး ဝင်ရောက်စစ်ဆေးမှု ဖြေရှင်းချက် ပေးရန် အစိုးရထံ ဒု-ဗိုလ်ချုပ်ကြီး ယွက်စစ် တောင်းဆို

RCSS ရုံး ဝင်ရောက်စစ်ဆေးမှု ဖြေရှင်းချက် ပေးရန် အစိုးရထံ ဒု-ဗိုလ်ချုပ်ကြီး ယွက်စစ် တောင်းဆို
by -
သျှမ်းသံတော်ဆင့်

သျှမ်းပြည် အရှေ့ပိုင်း ကျိုင်းတုံမြို့ ရှိ သျှမ်းပြည် တပ်မတော် RCSS/SSA ကိုယ်စားလှယ် ဆက်ဆံရေး ရုံးအား  တြိဂံ စစ်တိုင်းရုံးမှ ရှောင်တခင် ဝင်ရောက် စစ်ဆေးမှု အား ဖြေရှင်းချက် ပေးရန် သျှမ်းပြည်တပ် မတော် ခေါင်းဆောင် ဒု - ဗိုလ်ချုပ်ကြီး ယွက်စစ်က တောင်းဆို လိုက်ပါသည်။

၂၀၁၄ မေ ၆ ရက်နေ့က ကျိုင်းတုံမြို့ RCSS/SSA ဆက်ဆံရေးရုံး တာဝန်ခံအား စရဖ ရုံး၌ ၂ နာရီ ကျော် ကြာ ထိန်းသိမ်းထားပြီး ကိုယ်စားလှယ်ရုံးအားလည်း စဖရမှူးကိုယ်တိုင် ဦးစီးသည့် စစ်အင်အား ၂၀ ကျော်က ရှောင်တခင် ဝိုင်းရံစစ်ဆေးမှု ပြုရသည့်အကြောင်းရင်း ဖြေရှင်းချက်ပေးရန် ပြည်ထောင် စုငြိမ်း ချမ်းရေးဖေါ်ဆောင်ရေးဖေါ်ဆောင် ရေးကော်မတီထံ RCSS/SSA ခေါင်းဆောင် ဒု - ဗိုလ်ချုပ်ကြီး ယွက်စစ်က  မေလ ၈ ရက်နေ့ ရက်စွဲဖြင့် လက်မှတ်ထိုး တောင်းဆိုခြင်းဖြစ်သည်။

thein seing and rcss leader

ငြိမ်းချမ်းရေးအတွက် ယုံကြည်မှုတည်ဆောက်နေချိန် ထိုသို့ပြုမူခြင်းကြောင့် အစိုးရဖက်မှ ရှင်းလင်းစွာဖြေရှင်း ပေးရန်လိုအပ်ခြင်းဖြစ်သည်ဟု RCSS ပြောခွင့်ရ ဗိုလ်မှူးလောဝ်ဆိုင် ကပြောသည်။

“အစိုးရနဲ့ ကျနော်တို့ကြား၊ တပ်မတော်နဲ့ကျနော်တို့ကြား ဖြစ်ပွားလာနိုင်မဲ့ ပြဿနာကို လက်တွဲ ဖြေ ရှင်းဖို့ နှစ်ဘက်သဘောတူညီချက်နဲ့ ဒီရုံးကို တရားဝင်ရုံးဖွင့်ခွင့်ရယူထားတဲ့ဟာဘဲ။ အခုတော့ ပြဿ  နာ ဖြေရှင်းဖို့မဟုတ်ပဲ ဓါးစာခံလိုမျိုး လာပြီး အသုံးချနေတော့ - အစိုးရကော တပ်မတော်ကော ငြိမ်းချမ်းရေးလိုလားနေတယ်ဆိုတာ ဟုတ်ရဲ့လားဆိုတာ ကျနော်တို့ သံသယဖြစ်ဖွယ်ရှိလာတယ်၊ ဒါကျနော်တို့ လူကိုထိန်းသိမ်းထားပြီး ကျနော်တို့ရုံးကိုရှောင်တခင်သွား ရောက်စစ်ဆေး ရတဲ့ အကြောင်းရင်း ဖြေရှင်း ချက်ပေးဖို့  တောင်းဆိုရတာဖြစ်တယ်”

ကျိုင်းတုံအခြေစိုက် တြိဂံစစ်တိုင်းရုံးလက်အောက်ခံ စရဖ မှူး ဗိုလ်မှူးရဲနေလင်းသည် RCSS/SSA ဆက် ဆံရေးတာဝန်ခံ စဝ်စောမိဏ်းအား စရဖ ရုံးသို့ လာရောက်တွေ့ဆုံရန်ဖုန်းဆက်ခေါ် ခဲ့သည်။

သို့သော် စရဖမှူး ဗိုလ်မှူးရဲနေလင်းက စဝ်စောမိဏ်းအား လက်ခံတွေ့ဆုံခြင်းမပြု၊ စရဖမှူး မအားသေးလျှင် ပြန် ဦး မည်ဟုပြောသော်လည်း စရဖ မှူးလက်အောက်ခံများက ပြန်ခွင့်မပြုဘဲ ၂ နာရီ ကျော်ကြာအချိန်ဆွဲ ထားသည်ဟုဆိုသည်။

ထိုစဉ် စရဖ မှူး ဗိုလ်မှူးရဲနေလင်း ကိုယ်တိုင်ဦးဆောင်သည့် စစ်သည်အင်အား ၂၀ ကျော်က RCSS/SSA ၏ ကျိုင်းတုံ ဆက်ဆံရေးရုံးအား သွားရောက်စစ်ဆေးခဲ့သည်။

သျှမ်းပြည်တပ်မ​တော် RCSS/SSA နှင့် မြန်မာအစိုးရတို့သည် ပြည်ထောင်စု အဆင့် ငြိမ်းချမ်းရေးတည် ဆောက်ထားကြပြီးဖြစ်သည်။

Most read this week